လမ်းမှာဆုံတဲ့ မိန်းကလေးကို နှုတ်ဆက်မိလို့ ချစ်သူကို ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

International News
လမ်းမှာဆုံတဲ့ မိန်းကလေးကို နှုတ်ဆက်မိလို့ ချစ်သူကို
ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

လမ်းမှာဆုံတဲ့ အတန်းဖော်ဟောင်း မိန်းကလေးကို နှုတ်ဆက်မိတဲ့ အမျိုးသားတစ်ယောက်ဟာ သဝန်တိုလွန်းတဲ့ ရည်းစားဖြစ်သူရဲ့ ဓားချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား ဂရင်စပန်ဟာ အောက်တိုဘာလ ၂၁ ရက် အစောပိုင်းက ရည်းစားဖြစ်သူ နာတာချာနဲ့အတူ လက်ချင်းချိတ် လမ်းလျှောက်လာတုန်း လမ်းထောင့်အနီးမှာ အတန်းဖော်ဟောင်း မိန်းကလေးနဲ့ ဆုံလို့ နှုတ်ဆက်ခဲ့ပါတယ်။

အတန်းဖော်ဟောင်း မိန်းကလေးက ” အဆင်ပြေရဲ့လား”လို့ သာမန်နှုတ်ဆက်စကားသာ ဆိုခဲ့ပေမဲ့ သဝန်တိုလွန်းတဲ့ နာတာချာကတော့ ဝှက်ယူလာတဲ့ဓားကို ထုတ်ပြီး မိန်းကလေးရဲ့ လက်မောင်းကို ဓားနဲ့ထိုးခဲ့တာပါ။ အတန်းဖော်ဟောင်း မိန်းကလေး လဲကျသွားပြီးနောက်မှာ နာတာချာက နောက်တစ်ချက် ထပ်ထိုးဖို့ ရွယ်ခဲ့ပေမဲ့ မိန်းကလေးက တားဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ လမ်းသွားလမ်းလာတစ်ယောက်က ဝင်ဆွဲလို့ အတန်းဖော်ဟောင်း မိန်းကလေး အသက်ဘေးက လွတ်ခဲ့တာပါ။

သွေးဆူနေတဲ့ နာတာချာဟာ ဂရင်စပန်ရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးခဲ့ပြီး သူတို့နှစ်ယောက် တွန်းလားဆွဲလား ဖြစ်ခဲ့ပါတယ်။ ဂရင်စပန်ဟာ မြေပေါ် လဲကျသွားလိုက်၊ ပြန်ထလာလိုက် ဖြစ်နေပေမဲ့ နောက်ဆုံးမှာတော့ ပြန်မထလာနိုင်တော့ပါဘူး။ ဒီအချိန်မှာတောင် နာတာချာက ဂရင်စပန်ကို ရိုက်ပုတ်ခဲ့တယ်လို့ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

အနီးနားမှာ ရှိနေသူတွေက အရေးပေါ်ဌာနကို ဖုန်းဆက်ပေးခဲ့ပေမဲ့ ဂရင်စပန်ရဲ့ အသက်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေအရ နာတာချာဟာ အရင်ကလည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမှတ်တမ်းတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ရည်းစားဟောင်းတစ်ယောက်ကို ဓားနဲ့ထိုးလို့ ထောင် (၁)နှစ် ကျခဲ့ဖူးသလို ဂရင်စပန်နဲ့ ကြိုက်နေချိန်မှာလည်း ခြိမ်းခြောက်မှု၊ လက်ရောက်မှုတွေ ကျူးလွန်ခဲ့လို့ တိုင်ချက်ဖွင့်ခံခဲ့ရဖူးပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...