လူတိုင်း ကိုယ်ပိုင်လေယာဉ်ရှိတဲ့ ရွာ (သို့) Spruce Creek

International News Knowledge
လူတိုင်း ကိုယ်ပိုင်လေယာဉ်ရှိတဲ့ ရွာ (သို့) Spruce Creek

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်အရှေ့မြောက်ဘက်မှာရှိတဲ့ Spruce Creek ရွာလေးက လူတိုင်းမှာကိုယ်ပိုင်လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်ကြပြီး အိမ်ရှေ့တိုင်းမှာ လေယာဉ်ပါကင်ထိုးထားလေ့ရှိတဲ့ ကမ္ဘာကျော်နေရာ ဖြစ်ပါတယ်။
ဒီရွာလေးကို ၁၉၇၄ ခုနှစ်က တည် ထောင်ခဲ့တာပြီး ၁၂၀၀ ဧက ကျယ်ဝန်းကာ လူဦးရေ ၅၀၀၀ ဝန်းကျင်ခန့် နေထိုင်ကြပါတယ်။

လေယာဉ်ရုံပေါင်းလည်း ၇၀၀ ကျော် ရှိပါတယ်။ (အိမ်ရှေ့တိုင်းမှာ လေယာဉ်ပါကင်ထိုးထားကြပါတယ်။)

များစွာသော လေယာဉ်ပြေးလမ်းတွေ၊ လေယာဉ်မောင်း သင်တန်းတွေ၊ လေယာဉ် အငှားဆိုင်တွေ၊ လေယာဉ် မောင်း ကလပ်တွေရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
အဲဒီနေရာကို ဖြတ်သန်းသွားပါက ကားတွေ ပါကင်ထိုးထားသလို အစီအရီ ပါကင်ထိုးထားတဲ့ လေယာဉ်တွေကို မြင်ကြရမှာပါတဲ့။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...