သတ်မှတ်မဲအရေအတွက်ကိုကျော်လွန်ပြီး ၄၇ ဦးမြောက်
အမေရိကန်သမ္မတအဖြစ် ထရမ့်သမိုင်းဝင်အနိုင်ရ
၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးခဲ့နောက် အိမ်ဖြူတော်အား ပြန်လည်သိမ်းပိုက်မည့် သမိုင်းဝင် တကျော့ပြန်နိုင်ငံရေးတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဒုတိယသမ္မတ ကာမလာဟားရစ်ကို အနိုင်ယူလိုက်ပြီဖြစ်ကြောင်း CNN က ဖော်ပြသည်။
ဝစ္စကွန်ဆင်ပြည်နယ်တွင် အနိုင်ရရှိမှုနှင့်အတူ ထရမ့်က သမ္မတရာထူးကိုရယူရန် လိုအပ်သောရွေးချယ်မဲ ၂၇၀ ကိုကျော်လွန်ပြီး ပြတ်ပြတ်သားသားအနိုင်ရခဲ့သည်။
ထရမ့်၏နောက်ဆုံးရလဒ်များဖော်ပြရာတွင် CNN ၂၇၆ မဲနှင့် AP က ၂၇၇ မဲရရှိခဲ့ကြောင်း ဖော်ပြကြသည်။
ထို့ကြောင့် သမ္မတ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ငြင်းဆန်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနှင့် ကက်ပီတိုအဆောက်အဦဆူပူအုံကြွမှုကိုလှုံ့ဆော်ခဲ့ပြီးနောက် ထရမ့်က နိုင်ငံ၏ အမြင့်ဆုံးရာထူးသို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။
ယခုနှစ်အစောပိုင်းက လုပ်ငန်းမှတ်တမ်းအတုပြုလုပ်မှု ၃၄ မှုတွင်အပြစ်ရှိကြောင်း စီရင်ချက်ချခံရပြီးနောက် ရွေးကောက်ခံသမ္မတဖြစ်လာသည့် ထရမ့်၏ ရွေးကောက်ပွဲသည် မကြုံစဖူးသောအမေရိကန်၏ တရားစီရင်ရေးအခြေအနေတစ်ရပ်ကို ပြသနေသည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော ထရမ့်သည် အမေရိကန်နိုင်ငံရေးသမိုင်းတွင် ရာထူးသက်တမ်းကုန်ဆုံးချိန် ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ဖြူတော်ကိုပြန်လည်အနိုင်ရသည့် ဒုတိယမြောက်သမ္မတဟောင်းလည်း ဖြစ်လာခဲ့သည်။ ၎င်းမတိုင်ခင် (၂၂)ကြိမ်နှင့် (၂၄)ကြိမ်မြောက်သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဂရိုဗာကလိဗ်လန်းက ပထမဆုံးသမ္မတအဖြစ်မှတ်တမ်းဝင်ထားသည်။
ထရမ့်သည် လက်ရှိတွင် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် ဘိုင်ဒင်အနိုင်ရစဉ်အချိန်က အသက်အရွယ်နှင့် အတူတူပင်ဖြစ်သည်။
၎င်းအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု နှစ်ကြိမ်မှ လွတ်မြောက်ပြီးခဲ့နောက် လပိုင်းအကြာတွင် သမ္မတရွေးကောက်ပွဲပေါ်ပေါက်လာခဲ့သည်။
ထရမ့်သည် ရွှေ့ပြောင်းနေထိုင်သူများ လွှမ်းမိုးထားသော နိုင်ငံတစ်ခု၏ ပုံသဏ္ဌာန်ကို ဆန့်ကျင်ရာတွင် မကြာခဏ ဆိုသလို တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသော လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် ၎င်း၏ပြိုင်ဘက် ကာမလာဟားရစ်အပေါ် အလေးအနက် တိုက်ခိုက်ခဲ့သည်။
ရွေးကောက်ပွဲတွင်အနိုင်ရခဲ့ပါက သမ္မတအနေနှင့် ဖက်ဒရယ်အစိုးရကို သိသိသာသာ ပြန်လည်ဖွဲ့စည်းရန်နှင့် ၎င်း၏ ရန်ဘက်များကို လက်စားချေဒဏ်ခတ်ရန် ဗဟိုပြုသည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထရမ့်ကကတိပြုထားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။