ဟားမားစ်အဖွဲ့ကို နှင်ထုတ်ရန် အမေရိကန်က ကာတာကိုပြောကြား
အပစ်ရပ်ရေးနှင့် ဓားစားခံလွှတ်ပေးရေး နောက်ဆုံးအဆိုပြုချက်တစ်ရပ်ကို ဟားမားစ်အဖွဲ့က ပယ်ချလိုက်ပြီးနောက် ကာတာနိုင်ငံ၌ အဆိုပါအဖွဲ့ သီတင်းပတ်များစွာ ဆက်ရှိနေခြင်းမှာ လက်ခံနိုင်စရာမရှိဟု အမေရိကန်က ကာတာအစိုးရအား ပြောကြားလိုက်ကြောင်း အမေရိကန်အရာရှိကြီးတစ်ဦးအား ကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။
နှစ်ပေါက်လာပြီဖြစ်သော ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲမှုရရှိရေးအတွက် သေးငယ်သော ပင်လယ်ကွေ့နိုင်ငံ ကာတာ က အမေရိကန်၊ အီဂျစ်တို့နှင့်အတူ ကြားဝင်စေ့စပ်ရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ အောက်တိုဘာလလယ်က နောက်ဆုံးပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင်လည်း ကာလတိုအပစ်ရပ်ရေးကို ဟားမားစ်တို့က ပယ်ချခဲ့ကြောင်း သိရသည်။
“ ဓားစာခံတွေလွှတ်ပေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးတဲ့နောက်မှာ သူတို့ခေါင်းဆောင်တွေကို အမေရိကန်ရဲ့ မိတ်ဘက်မြို့တော်တွေမှာ လက်သင့်မခံသင့်တော့ပါဘူး။ ဓားစားခံလွှတ်ပေးရေး အဆိုပြုချက်အသစ်တစ်ရပ်ကို ဟားမားစ်အဖွဲ့ က ပယ်ချခဲ့တဲ့ သီတင်းပတ်တွေမှာပဲ ကျွန်တော်တို့က ဒီကိစ္စကို ကာတာအား ရှင်းလင်းစွာပြောကြားခဲ့ပါတယ်” ဟု အမည်မဖော်လိုသူအဆိုပါအရာရှိကြီးက ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ ကာတာက ဟားမားစ်ခေါင်းဆောင်များကို လွန်ခဲ့သော ဆယ်ရက်က တောင်းဆိုခဲ့သည်ဟု ၎င်းကပြောကြားသည်။ ကာတာရှိ ဟားမားစ်အဖွဲ့ နိုင်ငံရေးရုံးကို ပိတ်သိမ်းရေးနှင့်ပတ်သက်၍လည်း ဝါရှင်တန်က ကာတာနှင့် ဆက်သွယ်ပြောဆိုနေကာ ရုံးပိတ်ရန် အချိန်ကျပြီဖြစ်ကြောင်း ဒိုဟာကို ပြောကြားခဲ့သည်။
ဟားမားစ်ခေါင်းဆောင်များကို ကာတာနိုင်ငံတွင် လက်ခံတော့မည် မဟုတ်ကြောင်း ကာတာက ၎င်းတို့ကို မပြောခဲ့ကြောင်း ဟားမားစ်ခေါင်းဆောင် သုံးဦး က ပြောကြားသည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကလည်း လတ်တလော တုံ့ပြန်ခြင်းမရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ဂါဇာနှင့်လက်ဘနွန်မှ အစ္စရေး၏ တိုက်ခိုက်မှုများ အဆုံးသတ်ရေး သမ္မတဘိုင်ဒင် အစိုးရ နောက်ဆုံးတွန်းအားပေးမှုလုပ်ရန်ကြိုးစားနေသည်။ ယခုသီတင်းပတ်အတွင်း ရီပက်ဘလေကန် ဒေါ်နယ်ထရန့် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရခြင်းကြောင့် နောက်ဆုံးသီတင်းပတ်များတွင် သမ္မတဘိုင်ဒန်၏ ဩဇာ သိသာစွာ လျော့နည်းသွားမည်ဖြစ်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။