အချိန်ခရီးသွားနေဆဲဖြစ်တဲ့ ရထားတစင်း။ (ကမ္ဘာအနှံ့ ပေါ်လိုက်၊ပျောက်လိုက် ဖြစ်နေတာပါ။)

International News Knowledge
အချိန်ခရီးသွားနေဆဲဖြစ်တဲ့ ရထားတစင်း။
(ကမ္ဘာအနှံ့ ပေါ်လိုက်၊ပျောက်လိုက် ဖြစ်နေတာပါ။)

ကျနော်တို့သတ်မှတ်ထားတဲ့အချိန်ဆိုတာ တဖြည်းဖြည်း ကုန်ဆုံးသွားနေပါတယ်။
ကုန်ဆုံးပြီးခဲ့တဲ့ အချိန်တွေကို ပြန်မရနိုင်သလို၊ သွားရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ အခုတင်ပြမယ့် ရထားတစီးကတော့ စတင်ထွက်ခွာသွားကတည်းက ပျောက်ကွယ်သွားခဲ့ပြီး
ကမ္ဘာ့နေရာအနှံ့မှာ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေပါတယ်။
အဲဒီရထားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀၀) လောက်ကို ပြန်ရောက်သွားတဲ့ အထောက်အထား မှတ်တမ်းကိုပါ တွေ့ရပါတယ်။
ရှုစားကြပါဦးနော်။

၁၉၁၁ ခုနှစ်၊ ဂျွန်လ ၁၄ ရက်နေ့မှာ ဖြစ်ပါတယ်။ ‌ဇနက်တီ ရထားကုမ္ပဏီ ( Zanetti Railway Company ) ဟာ သူတို့ရဲ့ အထူးရထားတစီးကို အထက်တန်းတွဲတွေတပ်ဆင်ပြီး ပြေးဆွဲခဲ့ပါတယ်။ အီတလီနိုင်ငံမှာ ဖြစ်ပါတယ်။
ရထားဟာ သဘာဝအလှအပ ရှု့ခင်းတွေကို ဖြတ်သန်းပြီး အဲဒီခေတ်က အရှည်ဆုံးဖြစ်တဲ့ လွန်ဘာဒီ (Lombardy) တောင်ကို ဖောက်ထားတဲ့ ဉမင်လှိုဏ်‌ခေါင်းကို ဖြတ်သန်းမှာ ဖြစ်ပါတယ်။

ရထားရဲ့ ခရီးစဉ် ပထမပိုင်းနာရီတွေက သာမန်အတိုင်း ချောမွေ့တဲ့ခရီးပါ။
အမှန်တော့ ခရီးသည်တွေကလည်း ချမ်းသာတဲ့ လူကုံထံတွေဖြစ်ပြီး ခရီးစဉ်အတွင်း ဆောင်ရွက်ပေးမှု (ဝန်ဆောင်မှု) တွေကို ချီးမွမ်းကြပါတယ်။
သူတို့က ပျော်နေကြတာပါ။
ဒါပေမဲ့ အရာရာဟာ ဉမင်လှိုဏ်ခေါင်းကို ဖြတ်သန်းနေတဲ့အချိန်မှာ ပြောင်းလဲသွားပါတယ်။

ရထားဟာ ဉမင်လှိုဏ်ခေါင်းထဲဝင်သွားပြီး တစ်ဖက်ကို ဘယ်တော့မှ ထွက်မလာတော့ပါဘူး။
ဉမင်ရဲ့ တဖက်အပေါက်မှာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးဟာ ရထားထွက်မလာလို့ စိတ်ပျက်သွားကြပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ထင်ကြေးတွေအမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ရထားဟာ မတော်တဆမှုဖြစ်သလား၊ အတား အဆီးနဲ့ တိုက်မိလို့ ရပ်တန့်နေသလား စသဖြင့်ပေါ့။

အာဏာပိုင်တွေက ချက်ချင်းဆိုသလိုပဲ စုံစမ်းဖို့ အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါတယ်။ ပြီးတော့ ဉမင်ထဲကို လွှတ်ပါတယ်။
ဉမင်တလျှောက်လုံး သူတို့ဟာ ရထားရဲ့ အရိပ်အရောင်ကို မမြင်ရတဲ့အပြင် ရထားမောင်းသူ၊ ခရီးသည် ဘယ်တဦးတယောက်ကိုမှ မတွေ့ရပါဘူး။
မျက်မြင်သက်သေတွေ အများအပြားကလည်း ရထားဟာ ဉမင်ထဲကနေ ပြန်ထွက်လာတာ မတွေ့ရဘူးလို့ ဆိုကြပါတယ်။

အာဏာပိုင်တွေလည်း အထပ်ထပ် စစ်ဆေးပြီး နောက်ဆုံးမှာ ရထားဟာ ဉမင်ထဲမှာ ပျောက်ဆုံးသွားကြောင်း ကြေငြာယုံပဲ တတ်နိုင်ပါတော့တယ်။
ဒါပေမဲ့ ရထားနဲ့ပါတ်သက်တဲ့ ပဟေဠိတွေက အခုမှ စလာပါတော့တယ်။
ဒီ ဉမင်ကို ဒုတိယအကြိမ် ဖြတ်သန်းခုတ်မောင်းတဲ့ ရထားတစ်စီးဟာ ဉမင်ထဲမှာ မူးဝေနေတဲ့ ခရီးသည် (၂) ယောက်ကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပါတယ်။
သူတို့မှာ ပွန်းပဲ့ဒါဏ်ရာ အသေးစားတွေ ရရှိထားပါတယ်။

သူတို့ (၂)ယောက်က ပြန်ပြောပြရာမှာတော့ သူတို့ဟာ ရထားပေါ်မှာ ရှင်းမပြနိုင်တဲ့ ထူးဆန်းသော အဖြစ် အပျက်တွေ ဖြစ်နေခဲ့ပြီး သူတို့ဟာ ရထားပေါ်က ခုန်ချခဲ့ကြတယ်လို့ ဆိုပါတယ်။
ရထားဟာ ဉမင်ထဲကိုအဝင်မှာ မြူထုလို အငွေ့တွေဟာ ရထားကို ဖုံးအုပ်သွားပြီး ကြောက်စရာအသံတွေကိုလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ထပ် ထူးဆန်းတာကတော့ မိုဒီနာ (Modena) မှာရှိတဲ့ ဘုန်းကြီးတစ်ပါးရဲ့ လွန်ခဲ့တဲ့ နှစ်(၄၀၀) လောက်က မှတ်တမ်း ဖြစ်ပါတယ်။

သူ့မှတ်တမ်းမှာ ရေးထားတာကတော့ သတ္တုလုံးရှည်ကြီးထဲမှာ အစုလိုက် ၊အပြုံလိုက် စီးနင်းလိုက်ပါလာတဲ့ ထူးဆန်းတဲ့ အဝတ်အစားတွေနဲ့ လူတစုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်တခုက မက္ကဆီကိုက ဆရာဝန်တစ်ယောက်ဟာ အီတလီလူမျိုး ထူးဆန်းတဲ့ အဝတ်အစားဝတ်ထားသူ ၁၀၄ ဦးကို ဆေးကုပေးလိုက်ရတယ်ဆိုတဲ့ သတင်းပါ။
သူတို့က အီတလီနိုင်ငံ၊ ရောမမြို့ကလာတဲ့ ခရီးသည်တွေလို့ ပြောပါတယ်တဲ့။ ရထားနဲ့ လာခဲ့ကြတာလို့ ပြောပါတယ်တဲ့။

သူတို့ထဲက တယောက်ဟာ ၁၉၀၇ ခုနှစ်ထုတ် စီးကရက်ဘူးကို ကိုင်ထားပါတယ်။
၁၉၅၅ ခုနှစ်မှာလည်း ဒီရထားဟာ ယူကရိန်းနိုင်ငံက ဇာဗာလီချီ (Zavalichi) ဘူတာမှာ ခရီးတထောက် ဝင်နားသွားပါသေးတယ်။
အလုပ်သမားတယောက်က ရထားဟာ ရုတ်တရက် ဘယ်ကမှန်းမသိ ပေါ်လာပြီး ပြန်ထွက်သွားပါတယ်တဲ့။

ရထားပေါ်မှာ ကြက်တွေ တင်ထားတာတောင် မြင်လိုက်ရတယ် ဆိုပါတယ်။
၁၉၅၅ ခုနှစ်ကုန်လောက်မှာ ဒီရထားကို ခရီးသည်တွေနဲ့အတူ (Pune) မြို့၊ အိန္ဒိယမှာ တွေ့ခဲ့ရပါသေးတယ်။
၁၉၉၁ ခုနှစ်မှာတော့ ပေါ်တာဗာ (Poltava) မြို့၊ ယူကရိန်းမှာ တွေ့ကြတယ် ဆိုပါတယ်။

တခြားသော တွေ့ရှိမှုတွေကလည်း ထွက်ပေါ်နေဆဲပါ။
အဲဒီ ရထားကို ရိုမေးနီးယာ၊ ရုရှား၊ ဂျာမဏီတို့မှာလည်း တွေ့ခဲ့ကြပါတယ်တဲ့။
အဓိက တူညီတဲ့အချက်ကတော့ ရထားလမ်းရှိတဲ့ နေရာတွေမှာသာ တွေ့ကြရတာ ဖြစ်ပါတယ်။
ကဲ စာရှု့သူတွေရော ဒီလို ထုထည်ကြီးမားတဲ့ ရထားတစီးဟာ အချိန်‌၊နေရာတွေကို ခုန်ပျံကျော်လွှားသွားနိုင်တယ်ဆိုတာ လက်ခံနိုင်ပါ့မလား။
ဒါပေမဲ့ မှတ်တမ်းတွေကတော့ ကျန်ရှိနေတာဖြစ်လို့ ပဟေဠိတပုဒ်သာ ဖြစ်နေဆဲပါလို့ ဆိုပါရစေခင်ဗျာ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...