အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အနည်းဆုံး လူ ၁၀ ဦးသေဆုံး၊ အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထား

International News
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အနည်းဆုံး လူ ၁၀ ဦးသေဆုံး၊
အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထား

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှ မီးတောင်တစ်လုံး ညတွင်းချင်းပေါက်ကွဲခဲ့ကာ အနည်းဆုံး ၁၀ ဦး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ (နိုဝင်ဘာ ၄ ရက်)တွင် ပြောကြားခဲ့ကာ ယင်းနှင့်အတူ အဆင့်လေး ရှိသော သတိပေးစနစ်ကိုလည်း အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားကြောင်း သိရသည်။

ခရီးသွားများကြား ရေပန်းစားသော ဖလော်ရက်စ် ကျွန်းပေါ်တွင် တည်ရှိသော လီဝိုတိုဘီ လက်ကီလက်ကီ မီးတောင်မှ ပြာမှုန်များနှင့် ချော်ရည်များ မှုတ်ထုတ်ခဲ့ကာ အနီးအနားသို့ မီးလုံးကြီးများ ကျဆင်းလာခဲ့ရာ အာဏာပိုင်များက ကျေးရွာအများအပြားကို ရွှေ့ပြောင်းခိုင်းခဲ့ရသည်။

“မီးတောင်ပေါက်ကွဲမှုကြောင့် လက်ရှိအချိန်ထိသေဆုံးသူ ၁၀ ဦးရှိအထိရှိပါတယ်”ဟု အင်ဒိုနီးရှား ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ ပြောခွင့်ရသူ အဗ္ဗဒူလ်မူဟာရီ က ယနေ့သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

မီးတောင်အနီးမှ ကျေးရွာများတွင် ထူထပ်သော မီးတောင်ပြာမှုန်များ ဖုံးလွှမ်းနေပြီး အချို့နေရာများ မီးလောင်နေသည်ကို မြင်တွေ့ရကြောင်း အေအက်ဖ်ပီ က ၎င်းတို့ရရှိသော ဗီဒီယိုများကို အခြေခံ၍ဖော်ပြခဲ့ကာ ကျေးရွာငါးရွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦး က ပြောကြားသည်။

သစ်သားနေအိမ်အချို့ မီးလောင်ခဲ့ပြီး လွင့်စင်လာသော ချော်ခဲများကြောင့် မြေပြင်တွင် ကျင်းချိုင့်ငယ်များ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရသည်။
အဆိုပါမီးတောင်သည် ယမန်နေ့ညသန်းခေါင်မတိုင်မီ ပထမဆုံးပေါက်ကွဲခဲ့ကာ ယနေ့နံနက် ၁ နာရီ ၂၇ မိနစ်တွင် တစ်ကြိမ်၊ ၂ နာရီ ၄၈ မိနစ်တွင် တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ပြောကြားသည်။

အင်ဒိုနီးရှား မီးတောင်စောင့်ကြည့်လေ့လာရေးအေဂျင်စီက သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားကာ မီးတောင်ဝန်းကျင် ၇ ကီလိုမီတာအထိ မည်သည့်သွားလာလှုပ်ရှားမှုမှ မလုပ်ကြရန် ခရီးသွားများနှင့် ဒေသခံများအား သတိပေးထားသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...