အင်ဒိုနီးရှား မီးတောင်ပြာများကြောင့် ဘာလီ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း
အင်ဒိုနီးရှားနိုင်ငံ၊ အပန်းဖြေ ဘာလီကျွန်းအနီး မီးတောင်မှ အန္တရာယ်ကြီးမားသော မီးတောင်ပြာတိမ်တိုက်များကြောင့် လေကြောင်းလိုင်းအများအပြားက ဩစတြေးလျနိုင်ငံနှင့် ဘာလီကျွန်းကြား လေယာဉ်ခရီးစဉ် အများအပြားကို ဖျက်သိမ်းလိုက်သည်။
ယင်းသို့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းကြောင်းကို Qantas ၊Jetstar နှင့် Virgin Australia လေကြောင်းလိုင်းတို့က ခရီးသည်များကို အကြောင်းကြားခဲ့ကာ လီဝိုတိုဘီ လက်ကီလက်ကီ မီးတောင်မှ ထွက်ရှိလာသော ပြာများကြောင့် ပျံသန်းရန် ဘေးကင်းမှုမရှိကြောင်း အသိပေးပြောကြားခဲ့သည်။
လူ ဆယ်ဦး အသက်ဆုံးရှုံးခဲ့သော ကြီးမားသောပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် သတင်းတစ်ပတ်အကြာတွင် ယင်းမီးတောင်မှ ပြာမှုန်များ လေထဲသို့ ကိုး ကီလိုမီတာအထိ လွင့်ပျံတက်ခဲ့သည်။
ယင်းမီးတောင်မှ လွင့်ပျံလာသော ပြာမှုန်များသည် ယနေ့တွင် နိုင်ငံမြောက်ပိုင်း ဒေသတချို့သို့ ရောက်ရှိလာနိုင်ကြောင်း ဩစတြေးလျ မိုးလေဝသဌာန က သတိပေးပြောကြားထားသည်။
ဘာလီသို့ အသွားအပြန်လေယာဉ်ခရီးစဉ်အားလုံးကို ကြာသပတေးနေ့ ဩစတြေးလျ အရှေ့ပိုင်းအချိန် နံနက် ၁၂ နာရီအထိ ဖျက်သိမ်းလိုက်ကြောင်း Jetstar လေကြောင်းလိုင်းက ပြောကြားကာ ယနေ့ အတွက် ဘာလီသို့ အသွားအပြန်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း Virgin Australia လေကြောင်း က ပြောကြားသည်။
မီးတောင်ပြာများကြောင်း အင်ဒိုနီးရှားနိုင်ငံတွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ ဘေးကင်းမှုအပေါ် စိုးရိမ်မှုများကြောင့် မီးတောင်မှ ကီလိုမီတာ ၆၀၀ ခန့်ဝေးသော လာဘွမ်းဘာဂျို မြို့နယ်မှ ဂျက်ဇ်ဂီတပွဲတော်ကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။