အစ္စရေးကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အီရန်ထိပ်သီးခေါင်းဆောင်သတိပေး

International News
အစ္စရေးကို ပြင်းထန်စွာတုံ့ပြန်မည်ဟု အီရန်ထိပ်သီးခေါင်းဆောင်သတိပေး

အီရန်စစ်ရေးပစ်မှတ်များအား အစ္စရေး၏ မကြာမီကတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါ​​မေနီ​က သတိပေးပြောကြားလိုက်သည်။

လွန်ခဲ့သော ၄၅ နှစ်က အီရန်ကျောင်းသားများက ဦးဆောင်၍ အမေရိကန်သံရုံးအား ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံ အကျပ်အတည်းဖြစ်စေခဲ့သော ဖြစ်ရပ် နှစ်ပတ်လည်နေ့မတိုင်မီ တီဟီရန်မြို့၌ ကျောင်းသားများအား ပြောကြားသောမိန့်ခွန်းတွင် ခါ​မေနီက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

“အီရန်အပေါ် သူတို့လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး အလွန်ပြင်းထန်တဲ့ တုံ့ပြန်မှု သေချာပေါက်ရရှိမယ်ဆိုတာကို အမေရိကန်ဖြစ်စေ၊ အစ္စရေးဖြစ်စေ ရန်သူတွေအနေနဲ့ သိထားသင့်ပါတယ်။” ဟုအစ္စရေးအပေါ် နောက်ထပ် လက်တုံ့ပြန်နိုင်ခြေနှင့် ပတ်သက်၍ အရိပ်အမြွက်ပြကာ အီရန်ထိပ်သီးခေါင်းဆောင်က ပြောကြားသည်။


သို့သော် တိုက်ခိုက်မည့်အချိန်နှင့် နည်းလမ်းကိုမူ ၎င်းက ပြောကြားခြင်းခဲ့မရှိပေ။ ရှေ့လာမည့်ရက်များကို အစ္စရေးကို တိုက်ခိုက်သွားရန် အီရန်က ပြင်ဆင်နေကြောင်း အမေရိကန် မီဒီယာများက ရေးသားနေကြသည်။

အောက်တိုဘာ ၂၆ ရက်က ဖြစ်ပေါ်ခဲ့သော အစ္စရေး၏ တိုက်ခိုက်မှုများမှာ အောက်တိုဘာ ၁ ရက်က ဖြစ်ပေါ်ခဲ့သော အီရန်၏ ဒုံးကျည်နှစ်ရာကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို လက်စားချေခြင်းဖြစ်သည်။

ယင်းကို အီရန်က ထပ်မံ လက်တုံ့ပြန်မှုမလုပ်ရန် အစ္စရေးက သတိပေးပြောကြားထားသည်။အကယ်၍ အီရန်ကသာ ထပ်မံလက်တုံ့ပြန်ခဲ့ပါက အရှေ့အလယ်ပိုင်းမှ အင်အားကြီးနှစ်နိုင်ငံကြားက အပြန်အလှန်တိုက်ခိုက်နေမှုများ ထိန်းမနိုင်ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...