အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်မြောက်ပိုင်းနှင့် ဂါဇာတွင် လူဒါဇင်နှင့်ချီ သေဆုံး

International News
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်မြောက်ပိုင်းနှင့် ဂါဇာတွင်
လူဒါဇင်နှင့်ချီ သေဆုံး

လက်ဘနွန်မြောက်ပိုင်းနှင့် ဂါဇာဒေသအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ်အများအပြားအပါအဝင် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့်တာဝန်ရှိသူများက ပြောကြားသည်။

မြို့တော်ဘေရွတ်မြောက်ဘက် အယ်မတ် ဒေသတွင် ယမန်နေ့တိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံးလူပေါင်း ၂၃ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ထို့ပြင် ဂါဇာမြောက်ပိုင်း မှ အစ္စရေးတပ်များ ဝိုင်းရံပိတ်ဆို့ထားသော ဂျာဘာလီယာဒေသတွင် နေအိမ်နှစ်လုံးကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ က ပြောကြားသည်။ ပထမနေအိမ်အား တိုက်ခိုက်မှုတွင် ကလေးငယ် ၁၃ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၂၅ ဦး သေဆုံးခဲ့ကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဂါဇာစီးတီးမှ ဆာဘရာရပ်ကွက်အားတိုက်ခိုက်မှုတွင် ငါးဦး သေဆုံးခဲ့ကာ အချို့လည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အရပ်ဘက်အေဂျင်စီ က ပြောကြားသည်။
လက်ဘနွန်မြောက်ပိုင်းမှ ၎င်းတို့ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော နေရာမှာ ဟစ်ဇ်ဘိုလာအဖွဲ့ က လက်နက်များ သိုလှောင်ထားသော နေရာဖြစ်ကြောင်း အစ္စရေးစစ်ဘက် (IDF) က ပြောကြားသည်။

ဂျာဘာလီယာမြို့ က အဆောက်အဦမှာလည်း စစ်သွေးကြွများ ခိုအောင်းနေသော နေရာဖြစ်ကြောင်း IDF က ပြောကြားခဲ့ကာ ယင်းဖြစ်ရပ် နှစ်ခုစလုံးကို ပြန်လည်သုံးသပ်နေကြောင်း ဆက်လက်ပြောကြားသည်။

အယ်မတ်ဒေသတိုက်ခိုက်မှုတွင် ကယ်ဆယ်ရေးသမားများက အပျက်အစီးများကြားတွင် အသက်ရှင်ကျန်နိုင်သူများကို ရှာဖွေနေကြဆဲ ဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

အစ္စရေးက လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေကာ ယခင် က အစ္စရေးထဲသို့ ဒုံးပျံများဖြင့် ပစ်ခတ်ခဲ့သည့် လက်ဘနွန်တောင်ပိုင်းကိုသာ အဓိက ထားခဲ့သော်လည်း အခုနောက်ပိုင်းတွင် လက်ဘနွန် နေရာအနှံ့ မြို့ရွာ ဒေသများကို ပစ်မှတ်ထားလာခဲ့ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။

လက်ဘနွန်တောင်ပိုင်း က သီးခြားဖြစ်ရပ်တစ်ခု၌လည်း အက်ဒ်လွန်မြို့မှ အစ္စလာမ်မစ်ကျန်းမာရေး အာဏာပိုင်းအဖွဲ့ရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့ကာ ဆေးကုသရေး လုပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...