မင်္ဂလာဆောင်ဖို့ စုထားတဲ့ပိုက်ဆံတွေကိုသုံးပြီး လမ်းဘေးခွေးတစ်ကောင်ကို ခွဲစိတ်ကုသပေးခဲ့သူ

International News
မင်္ဂလာဆောင်ဖို့ စုထားတဲ့ပိုက်ဆံတွေကိုသုံးပြီး
လမ်းဘေးခွေးတစ်ကောင်ကို ခွဲစိတ်ကုသပေးခဲ့သူ

ကားတိုက်ခံထားရပြီး လမ်းဘေးမှာ လဲနေတဲ့ ခွေးတစ်ကောင်ကို ခွဲစိတ်ကုသနိုင်ဖို့အတွက် အမေရိကန်အမျိုးသားတစ်ဦးက မင်္ဂလာဆောင်ဖို့ စုထားတဲ့ငွေကြေးအားလုံးကို အသုံးပြုခဲ့ပါတယ်။ ဟောလိုးဝင်းနေ့မှာ ဒိုင်လန်မက်ကိုင်း အလုပ်ကနေ ပြန်လာတော့ သူ့အိမ်နားတစ်ဝိုက် လမ်းဘေးတစ်နေရာမှာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင် ရှိနေတဲ့ ဖေ့ဘွတ်ခ်ပို့စ်တစ်ခု တွေ့ခဲ့တာပါ။

” ခွေးတစ်ကောင် ကားတိုက်ခံထားရတာဗျာ။ အဲ့နေ့က မိုးကလည်း တရစပ်ရွာနေတဲ့ သူ့တစ်ကိုယ်လုံးလည်း စိုရွဲနေတာပဲ။ ကျွန်တော်လည်း အိမ်ပြန်ပြီး သဘက်တွေ၊ စောင်တွေသွားယူလာတာပေါ့”လို့ မက်ကိုင်းက ဆိုပါတယ်။ ကားတိုက်ခံထားရတဲ့ ခွေးမလေးက မထနိုင်ရှာပါဘူး။ လမ်းသွားလမ်းလာ လူတစ်ချို့က ခွေးမလေးကို မက်ကိုင်းရဲ့ကားထဲ ဝိုင်းရွှေ့ပေးတယ်။ ခွေးမလေးကို အနီးဆုံးဆေးရုံပို့ဖို့ပဲ ရှိတော့တာပေါ့။

” ဒဏ်ရာကြီးကြီးမားမား ရထားတာတောင် ခွေးမလေးက တစ်ချက်မညည်းဘူးဗျာ။ သူက ကျွန်တော့်ပေါင်ပေါ်ကို ခွေးလေး တင်ပြီး လိုက်လာတယ်” လို့ မက်ကိုင်းက ပြောပါတယ်။ Greenbriar တိရစ္ဆာန်ဆေးရုံကို ရောက်ချိန်မှာ ခွဲစိတ်ဖို့အသုံးပြုတဲ့ မိုက်ခရိုချစ်ပ်ပြား မရှိဘူး၊ ကုန်ကျစရိတ်အားလုံးကိုလည်း မက်ကိုင်းက ပေးရမယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။

” ခွေးမလေးကို ကုယ်တင်နိုင်ဖို့ ဘာမဆိုလုပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ သူ့ကို အသက်ရှင်သန်ခွင့်ပေးသင့်တယ်လေ”လို့ မက်ကိုင်းက ပြောပါတယ်။ နောက်နေ့မှာတော့ ပိုးဝင်နေလို့ ခွေးမလေးရဲ့ ခြေထောက်ကို ဖြတ်ရမယ်၊ တကယ်လို့ ခြေထောက်မဖြတ်ချင်ဘူးဆိုရင်တော့ ၁၀ နာရီကြာ ကားမောင်းသွားရမယ့် မစ္စစ္စပီတက္ကသိုလ်ဆေးရုံကို ပို့ကြည့်ပါလို့ ဆရာဝန်တွေက ဆိုပါတယ်။ ကုန်ကျစရိတ်က ဒေါ်လာ ၇၀၀၀ လောက် ကုန်မှာပါ။ မက်ကိုင်းက မင်္ဂလာဆောင်ဖို့ စုဆောင်းထားတဲ့ငွေတွေကို အသုံးပြုဖို့ ဆုံးဖြတ်ထားပြီးသားပါ။ သူ့ရဲ့ဇနီးလောင်း အမ်မလီရောဘတ်ကလည်း သဘောတူပါတယ်။

မက်ကိုင်းက မစ္စစ္စပီတက္ကသိုလ်ဆေးရုံကို ပို့တဲ့အခါ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ခွေးမလေးရဲ့ ခြေထောက် ၂ ဖက်လုံး ဖြတ်ဖို့ မလိုတော့ပါဘူး။ မက်ကိုင်းက ခွေးမလေး ပြန်လည်သန်စွမ်းရေးအတွက် GoFundMe ကနေ ရန်ပုံငွေ ထူထောင်ခဲ့ရာမှာ ဒေါ်လာ ၄၀၀၀၀ နီးပါး ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ခွေးမလေး ပြန်လည်သန်စွမ်းရေးစရိတ်စကအတွက် လောက်ငှရုံသာမက မက်ကိုင်းတို့ မင်္ဂလာပွဲဆောင်ဖို့ စရိတ်လည်း ပြန်ရစေခဲ့ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...