သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲတွင် သမ္မတ၏ မဟာမိတ်အဖွဲ့အောင်ပွဲဆီဦးတည်နေ

International News
သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲတွင် သမ္မတ၏
မဟာမိတ်အဖွဲ့အောင်ပွဲဆီဦးတည်နေ

သီရိလင်္ကာနိုင်ငံတွင် ရှောင်တစ်ခင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲများတွင် သမ္မတသစ်၏ မဟာမိတ်အဖွဲ့ က အောင်ပွဲဆီ ဦးတည်နေကြောင်း တစ်စိတ်တစ်ပိုင်း မဲရလဒ်များက ပြသနေသည်။

မဲ စုစုပေါင်း ၆၀ ရာခိုင်နှုန်း‌ကျော် ရေတွက်ပြီးချိန်၌ သမ္မတ အနူရာကူမာရာဒစ်ဆာနာယာကီ၏ အမျိုးသားပြည်သူ့အင်အား(NPP) မဟာမိတ်အဖွဲ့က လွှတ်တော်အမတ်နေရာ ၉၇ နေရာကို အနိုင်ရရှိထားသည်။ ၎င်းတို့ မဟာမိတ်အဖွဲ့အနေဖြင့် ၁၁၃ နေရာ ရရှိခဲ့ပါက အဖွဲ့ဝင် ၂၂၅ ဦးရှိသော လွှတ်တော်တွင် ထက်ဝက်ကျော်ဖြစ်သည့် လူများစုနေရာ ရရှိသွားမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် အဆိုးရွားဆုံး စီးပွာရေး အကျပ်အတည်း ကြုံတွေ့ခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ကာ နိုင်ငံအတွင်း တည်ငြိမ်မှုပြန်ရအောင် လုပ်ဆောင်မည်ဟု မာ့စ်ဝါဒ လက်ကိုင်ထားသူ သမ္မတ ဒစ်ဆာနာယာကီ က ကတိပြုထားပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများအတွက် သမ္မတအနေဖြင့် ရှင်းလင်းပြတ်သားသော လူများစုနေရာ လိုအပ်မည်ဖြစ်သည်။ လူနေမှုစားရိတ်မြင့်မားခြင်းကလည်း မဲဆန္ဒရှင်အများအပြားအတွက် အရေးတကြီး ကိစ္စရပ်ဖြစ်သည်။

သမ္မတ၏ အမျိုးသားပြည်သူ့အင်အားမဟာမိတ် NPP က ရွေးကောက်ပွဲတွင် အလားအလာကောင်းမည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်းထားသော်လည်း အောင်ပွဲအတိုင်းအတာ နှင့် ရွေးကောက်ပွဲကတိများ အကောင်အထည်ဖော်နိုင်ရေး လွှတ်တော်အမတ်နေရာ သုံးပုံ နှစ်ပုံအထိ လူများစုနေရာရရှိမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဖျက်သိမ်းလိုက်သော ယခင်လွှတ်တော်တွင် ဒစ်ဆာနာယာကီ ၏ မဟာမိတ်အဖွဲ့က အမတ်နေရာ သုံးနေရာ သာရရှိထားခဲ့ကြောင်း သိရသည်။ ယနေ့နှောင်းပိုင်းတွင် မဲရလဒ်များ ပိုမို ပေါ်ထွက်လာမည်ဟု မျှော်လင့်ထားကြသည်။

“ ဒီ ရွေးကောက်ပွဲ က သီရိလင်္ကာနိုင်ငံအတွက် အလှည့်အပြောင်းဖြစ်စေမယ့် ရွေးကောက်ပွဲ ၊ အရေးပါတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု မြို့တော် ကိုလံဘိုတွင် မဲပေးပြီးနောက် အသက် ၅၅ နှစ်အရွယ် သမ္မတ ဒစ်ဆာနာယာကီ က သတင်းထောက်များအား ပြောကြားသည်။

ယခုရွေးကောက်ပွဲတွင် လွှတ်တော်အမတ်ဟောင်း သုံးပုံ နှစ်ပုံခန့်က ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့ကြကာ ယင်းတွင် ယခင်အာဏာရ ရာဂျာပက်ဆာလက်ထက် က ထင်ရှားသော အမတ် အများအပြားလည်း ပါဝင်ခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...