အပိုးဖစ်ဂြိုဟ်သိမ်မျက်နှာပြင်ပေါ်မှာ ကမ္ဘာရဲ့ ဒြပ်ဆွဲအားကြောင့် ငလျင်များ လှုပ်ခတ်နိုင်

International News
အပိုးဖစ်ဂြိုဟ်သိမ်မျက်နှာပြင်ပေါ်မှာ ကမ္ဘာရဲ့ ဒြပ်ဆွဲအားကြောင့်
ငလျင်များ လှုပ်ခတ်နိုင်

အပိုးဖစ်လို့ ခေါ်တဲ့ ဂြိုဟ်သိမ်ကြီးတစ်စင်း ၂၀၂၉ ခုနှစ်မှာ ကမ္ဘာကို အနီးကပ်ဖြတ်ကျော်ပျံသန်းမှာ ဖြစ်ပါတယ်။

အဲဒီလို ကမ္ဘာကို အနီးကပ် ဖြတ်ကျော်ပျံသန်းစဉ်မှာ ကမ္ဘာရဲ့ ဒြပ်ဆွဲအားကြောင့် အပိုးဖစ်ဂြိုဟ်သိမ်ပေါ်မှာ မြေငလျင်လှုပ်တာတွေ၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အပိုးဖစ်ဂြိုဟ်သိမ်ဟာ ၂၀၂၉ ခုနှစ် ဧပြီ ၁၃ ရက်မှာ ကမ္ဘာကို မိုင်ပေါင်း ၂၀၀၀၀ လောက်အကွာကနေ ဖြတ်သန်းမှာပါ။

သည်လို အကွာအဝေးနီးလွန်းတာကြောင့် ကမ္ဘာရဲ့ဒြပ်ဆွဲအားဟာ အပိုးဖစ်ဂြိုဟ်သိမ်ပေါ်မှာ ပြင်းထန်စွာ သက်ရောက်မှုရှိလာမှာဖြစ်ပြီး ဂြိုဟ်သိမ်မျက်နှာပြင်ပေါ်မှာ ငလျင်လှုပ်ခတ်မှုတွေ၊ မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘာဂြိုဟ်နဲ့ အနီးဆုံးအမှတ်ကို မရောက်မီ တစ်နာရီလောက် အလို ကတည်းက အထက်ပါဖြစ်စဉ်တွေဟာ အပိုးဖစ်ဂြိုဟ်သိမ်ပေါ်မှာ စတင်ပေါ်ပေါက်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီတော့ ကမ္ဘာကို အနီးကပ် ဖြတ်သန်းနေဆဲမှာပဲ အပိုးဖစ်ဂြိုဟ်သိမ်မျက်နှာပြင်ရဲ့ မူလပုံသဏ္ဌာန်ဟာ ပြောင်းလဲသွားလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက တွက်ချက်ထားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...