ပုသိမ်မြို့အနီး ဗဟိုပြု၍ မဂ္ဂနီကျု ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

Local News
ပုသိမ်မြို့အနီး ဗဟိုပြု၍ မဂ္ဂနီကျု ၄ ဒသမ ၄ အဆင့်ရှိ
မြေငလျင်တစ်ခုလှုပ်ခတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့အနီးကို ဗဟိုပြု၍ မဂ္ဂနီကျု ၄ ဒသမ ၄အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြေငလျင်မှာ ယနေ့ (နိုဝင်ဘာ ၂၃ ရက်)၊မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ဧရာဝတီတိုင်း၊ပုသိမ်မြို့မှ အနောက်တောင် ၂၂၀ မိုင်ခန့်အကွာကိုဗဟိုပြု၍ ဘင်္ဂလားပင်လယ်ကြမ်းပြင်အောက်အနက် ၆ မိုင်ကျော်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့်တွင်လည်း ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့၏ အနောက်ဘက် (၃)မိုင်ခန့်အကွာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု၊ ဧရာဝတီတိုင်း ပုသိမ်မြို့ အရှေ့မြောက်ဘက် ၃၄ မိုင်ခန့်၊ အိမ်မဲမြို့ မြောက်ဘက် ၅ မိုင်ခန့် အကွာ၊ အနက် ၆ မိုင်ကျော်ကို ဗဟိုပြု၍ မဂ္ဂနီကျူ ၄ ဒသမ ၃ အဆင့် မြေငလျင်လှုပ်ခတ်မှု နှင့် ပဲခူးတိုင်း သာယာဝတီမြို့နယ် အနီးတွင်လည်း ယနေ့ ညနေ ၆ နာရီက မဂ္ဂနီကျူ ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းများအရသိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...