မိုးများ၍ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်၊ တောင်သူနှင့် ရေလုပ်သားများ သတိပြုရန်လိုအပ်ဟုဆို

Local News
မိုးများ၍ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်၊
တောင်သူနှင့် ရေလုပ်သားများ သတိပြုရန်လိုအပ်ဟုဆို

မနက်ဖြန်(‌နိုဝင်ဘာ ၇ ရက်မှ ၉ ရက်)အတွင်း မိုးများ၍ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သောကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများနှင့် ရေလုပ်သားများ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။

တောင်တရုတ်ပင်လယ်ဘက်မှ အရှေ့လေစီးကြောင်းအားကောင်းလာခြင်းနှင့် မြန်မာနိုင်ငံမော်တင်စွန်းအနောက်တောင်ဘက် ၆၇၆ မိုင်ကျော်အကွာ ဘင်္ဂလားပင်လယ်ပြင် အနောက်တောင်ဘက်တွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းများကြောင့် မိုးများလာနိုင်ကြောင်း ၎င်းကခန့်မှန်းထားသည်။

ယင်းဖြစ်စဉ်များ‌ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်း (အရှေ့ခြမ်း၊ အနောက်ခြမ်း) ဒေသများနှင့် ကယားပြည်နယ်တို့တွင် မိုးများလာနိုင်ကြောင်းသိရသည်။

“စပါးစိုက်တဲ့တောင်သူတွေ စပါးရိတ်နေတဲ့အချိန်ဆိုတော့ ဧရာဝတီတိုင်း အများဆုံးသတိထားရမယ်။ နောက်ပြီး ပင်လယ်ပြင်ရေလုပ်သားတွေပေါ့။ အထူးသတိထားဖို့လိုပါတယ်။ ရေလုပ်သားတွေဆိုလည်း မွန်၊ တနင်္သာရီကမ်းနီးဘက်က ရေလုပ်သားနဲ့ မြစ်ဝကျွန်းပေါ်က ရေလုပ်သားတွေ အတွက် စိုးရိမ်ရတာပါ။ ပဲခူးတိုင်းဆို တောင်ငူတို့ ပြည်ရဲ့အောက်ဘက်ပိုင်းတို့။ ကယားပြည်နယ် ဆို လွိုင်ကော်၊ ဖလူဆိုတို့ အဲဒီနေရာတွေမှာ မိုးများနိုင်တယ်။ ရေကြီးတုန်းက မိုးရေချိန်ကိုတော့ မမီဘူး။ အခုက အများဆုံး သုံးလေးလက်မ ပတ်ဝန်းကျင်ပဲ။ ရေကြီးမယ့်အခြေအနေကတော့ စိုးရိမ်စရာမရှိပါဘူး” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

မနက်ဖြန်(နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်‌)တွင် မြစ်ဝကျွန်းပေါ်ကမ်းနီးပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၂၀ မှ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး၊ (နိုဝင်ဘာ ၇ ရက်မှ ၉ ရက်) အထိ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် မြေပြင်လေတိုက်နှုန်းတစ်နာရီလျှင် ၁၀ မိုင်မှ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၎င်းကခန့်မှန်းထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...