ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ရက်ရှည်မိုးရွာသွန်းမည်

Local News
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ရက်ရှည်မိုးရွာသွန်းမည်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၁၀ ရက်အထိ ရက်ရှည်မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ယနေ့(နိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်) အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

မိုးရွာသွန်းမှုရက်များအနေဖြင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးရက်မှခုနစ်ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နှစ်ရက်မှလေးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ယခုလနိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(ဒေသအားလုံး)မှာတော့ အများအားဖြင့် ဆောင်းသီးနှံအတွက် လိုအပ်မည့် “မိုးပါးပါး(၂၄ နာရီအတွင်း ၂၀ မီလီမီတာ- ၀ဒသမ၈ လက်မ) ထက်မများနိုင်သောမိုး” ရွာသွန်းနိုင်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ်ဘက်တွင်လည်း မိုးပါးပါးရွာနိုင်ချေရှိပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် အရှေ့ပိုင်းတွင် နိုဝင်ဘာ ၆ ရက် ည ၉ နာရီမှ နိုဝင်ဘာ ၇ ရက်ည ၉ နာရီအထိ မိုးရေချိန် ၅၄ ဒသမ ၆ မီလီမီတာ(၂ ဒသမ ၁၅ လက်မခန့်) မိုးသည်းထန်နိုင်ကြောင်းတွေ့ရသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ခန့်မှန်းရေးသားထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...