ဟုမ္မလင်း၌ အင်အား ၃ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

Local News
ဟုမ္မလင်း၌ အင်အား ၃ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၌ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့(နိုဝင်ဘာ ၆ ရက်) မွန်းတည့် ၁၂ နာရီ၊ ၅၉ မိနစ်၊ ၃၃ စက္ကန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါမြေငလျင်မှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၉၆ မိုင်ခန့်ကွာဝေးသော ဟုမ္မလင်းမြို့၏ အရှေ့ဘက် ၄၆ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၈၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီ၊ ၁၀ မိနစ်၊ ၅၆ စက္ကန့်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကိုဗဟိုပြု၍ အင်အား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခု၊ အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁ နာရီ၊ ၂၂ မိနစ်၊ ၅၆ စက္ကန့်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့ကို ဗဟိုပြု၍ အင်အား သုံးအဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...