ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၄ ရက် နံနက် ၅ နာရီခွဲအချိန်တိုင်းတာချက်အရ အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာအရှေ့ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိ နေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နိုဝင်ဘာ ၂၅ ရက်(ယနေ့)တွင် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိနိုင်ပြီး ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ တမီးလ်နာဒူးကမ်းခြေနှင့် သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင်တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေကြောင်း သိရသည်။ လာမည့် ၂၄ နာရီအတွင်း ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။