ရန်ကုန်၌ တစ်ရက်လျှင် ရှစ်နာရီ လျှပ်စစ်မီးပြတ်တောက်မည်

Local News
ရန်ကုန်၌ တစ်ရက်လျှင် ရှစ်နာရီ လျှပ်စစ်မီးပြတ်တောက်မည်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုလုံး တစ်ရက်လျှင် ရှစ်နာရီကြာ လျှပ်စစ်မီးပြတ်ာက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးများတွင် ကြေညာထားကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့(နိုဝင်ဘာ ၅ ရက်) မှစတင်ကာ အုပ်စု(A) တွင် နံနက် ၅ နာရီမှ နံနက် ၉ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ပြီး၊ အုပ်စု (B) တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိတစ်ကြိမ်၊ ညနေ ၅ နာရီမှည ၉ နာရီအထိတစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ပြီး တစ်ရက်လျှင် ရှစ်နာရီမီးပြတ်မည်ဖြစ်ကြောင်း အဆိုပါ လျှပ်စစ်ရုံးများမှသိရသည်။

“တခြားမြို့နယ်တွေက အခုမှမီးပြတ်မှာ ကျွန်တော်တို့ဆီမှာ တစ်နေ့ ၈ နာရီမီးပြတ်နေတာကြာပြီ။ လာချိန်သာမမှန်တာပြတ်ချိန်တိကျတယ်” ဟု အင်းစိန်မြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တာမွေ၊ သာကေတ၊ ပုဇွန်တောင်၊ ကမာရွတ်၊ အင်းစိန်နှင့် ဒဂုံမြို့သစ်လေးမြို့နယ် အပါအဝင် မြို့နယ်တော်တော်များများတွင် အလှည့်ကျလျှပ်စစ်မီးလာရမည့်အချိန်တွင်လည်း မီးပြတ်တောက်မှုများရှိကြောင်း ဒေသခံများထံမှသိရသည်။
“နေ့ဘက်လာချိန်တွေမှာပြတ်တာပေါ့။ ၁ နာရီလာတယ်၊ ၂ နာရီမှာပြန်ပြတ်တယ်။ ၄ နာရီ ပြန်လာတယ်။ ၅ နာရီပြန်ပြတ်တယ်။
ည ၉ နာရီနောက်ပိုင်းတော့ မီးလာတယ်” ဟု တာမွေမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှစတင်ကာ လျှပ်စစ်မီတာခနှုန်းထားများတိုးမြှင့်ပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပြန်မှန်ခဲ့သော်လည်း ယခု နိုဝင်ဘာလဆန်းပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ချိန် ပြန်လည်တိုးလာကြောင်း ဒေသခံများထံမှသိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...