ဘာကြောင့် အရဟံ ဂုဏ်တော်ကို အဓိဌာန်ဝင်သင့်သလဲ
အရဟံ ကို မည်သို့ ရွတ်ဖတ်သရဇ္စျာယ်သင့်သလဲ
ဂုဏ်တော်၉ပါးတွင် ရှေ့ဖျား၌ရှိသော
အရဟံဟူသည့်ဂုဏ်တော်မှာ
နတ္ထိရဟောဧတဿတိအရဟံ ဟူသော ဝစနတ္ထိကြောင့် အ-ပုဒ် ရဟ-ပုဒ် ဖြစ်၍ အ-ရဟံ ဟု ရွတ်ဖတ်ရမည်။
အရယော အဟနိတိအရဟံ ဟူသော ဝစနတ္ထိကြောင့် အရ-ပုဒ် ဟ-ပုဒ် ဖြစ်၍ အရ-ဟံ ဟု ရွတ်ဖတ်ရမည်။
ပူဇာဝိသေသံအရဟတီတိအရဟံ ဟူသော ဝစနတ္ထိကြောင့် အရဟပုဒ် ဖြစ်၍ အရဟံဟု တစ်ပေါင်းတည်း ရွတ်ဖတ်ရမည်။
ဤသို့ရွတ်ဖတ်တတ်မှသာ သဒ္ဒါအနေမှန်၍ အနက်မှန်သည်ဟု သဒ္ဒနီတိဆရာတော်မိန့်တော်မူဖူးသည်။
🍀အရဟံဂုဏ်တော်ဖြင့်အဓိဌာန်ဝင်ခြင်း🍀
အ ရဟံ ၊ အ ရဟံ ဟူ၍
တစ်နေ့လျှင် ၁၀၀၀ ကျ တစ်လပုတီးစိတ်
အရ ဟံ ၊ အရ ဟံ ဟူ၍
တစ်နေ့လျှင် ၁၀၀၀ ကျ တစ်လပုတီးစိပ်
အရဟံ အရဟံ ဟူ၍
တစ်နေ့လျှင် ၁၀၀၀ ကျ တစ်လပုတီးစိပ်
ကျင့်စဉ်ကျင့်ဆောင်နေချိန်တွင်
မနက် နေ့ ည သုံးကြိမ်ပုံမှန် ဘုရားရှိခိုးရမည်
သုံးလစေ့လျှင်နတ်များကိုမိမိလိုရာတောင့်တရုံဖြင့်
ပြည့်စုံစေသည်
ယခင်နည်းအတိုင်းပြန်၍အားထုတ်လျှင် ၃လစေ့လျှင် သူတစ်ပါး၏ အတိတ်အနာဂါတ်ကို ဟောပြောနိုင်သည်
ဆက်ကျင့်၍ ၃လစေ့ပြန်သော် နတ်တို့ကိုမြင်၍ လာဘ်လာဘကိုတောင့်တလျှင်ရနိုင်သည်
ဆက်၍ကျင့်ပါက ၃လစေ့ပြန်သော် နတ်တို့လမ်းညွှန်မှုကိုရ၍ လာဘ်လာဘအရာ၌မတောင့်တသော်လည်းပြည့်စုံနိုင်သည်
နောက်တကြိမ်သုံးလကျင့်ပြန်သော် မိမိအလိုရှိရာသို့ နတ်များကပို့ဆောင်ပေးကြရ၏
ဆက်ကျင့်သော် မိမိလိုရာသို့မိမိဘာသာရောက်နိုင်၏ အထက်ဆရာတစ်ဆူဖြစ်၍ သိဒ္ဓိပေါက်နိုင်၏
အရဟံဂုဏ်တော်အား အားထုတ်သူတို့မှာ
အယုတ်စွဆုံး သိဒ္ဓိမပေါက်ခဲ့သည်ရှိသော်လည်း
ဂါထာ အင်းအိုင် ဆေးဝါး တို့ကို ရှာစရာမလိုပဲ
အနုကိုလိုလျှင်လည်း ၄င်းအရဟံ
အကြမ်းကိုလိုလျှင်လည်း ၄င်းအရဟံ
အရာရာမှာ အရဟံကိုသာအသုံးပြု၍
အကျိုးထင်ရှားနိုင်သည်
ကျင့်စဉ်ကျင့်သည့် သုံးလအတွင်း အစာစားရသည် ကာမစပ်ယှက်ရသည် ပွဲလမ်းသဘင်သွားရသည်ဟု အိမ်မက်မက်လျှင် အဓိဌာန်ပျက်၏
အစမှပြန်၍ ပုတီးစိပ်ရမည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။