သာမညဆရာတော်ဘုရားကြီးအထူးပေးသောဂါထာ
ဥုံ- သိဒ္ဓိဘုရား ထိပ်မှာထား၊
နားမှာ ဗြဟ္မာ၊
လက်မှာ သိကြား၊
ခါးမှာ ဘီလူး၊
ဒူးမှာ ခြင်္သေ့၊
ခြေမှာ နဂါး၊
ကိုယ်မှာ ဂဠုန်၊ #အစောင့်ထားပါ၏။
ဥုံ – ကောက္ကုသံ၊
ဥုံ – ကောဏဂုံ၊
ဥုံ- ကဿဖ၊
ဥုံ – ဂေါတမ၊
ဥုံ – အရိမေတ္တယျ၊
ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏။
ဓာတ် တော်ဝင် မဟာဝင်၊ ဧရာဝင်၊ မဟာဝိနယော၊
ဗောဓိရှစ်တန်၊ ဥာဏ်တော်(၁၈)ပါး၊
ဥုံ – ဘုရား၊ ဥုံ – တရား၊ ဥုံ – သံဃာတော်နှင့်
#ရွှေအဆင်းအလား
ဦးခေါင်းတော်က မြင်းမိုရ်တောင်၊
မျက်လုံးတော်က ပုလဲရောင်၊
သွားတော်က ဝရဇိန်၊
လည်တော်က သံချောင်း၊
မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော်မူပါ၍ လေးသင်္ချေ ကမ္ဘာတစ်သိန်း၊
ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း၊
တစ်ဆယ့်ခြောက်သင်္ချေ ကမ္ဘာတစ်သိန်း၊
ပါရမီဖြည့်လာသော
ဘဘုရား၊ သားတော်၊ သမီးတော်တို့ကို
ဆင်းရဲဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ချမ်းသာသုခ ဘဝရောက်အောင် ပို့ဆောင်နိုင်သော #အရှင်ဘုရား၊
ချမ်းသာအောင် #စောင့်ရှောက်တော်မှုပါအရှင်ဘုရား။
(မှတ်ချက် ။ ။ သာမညဆရာတော် ဘုရားကြီး #အထူးပေးသောဂါထာတော်ကို…….
( ၁ ) အမှုအခင်းရှိက ( ၉ ) ခေါက် ရွတ်
( ၂ ) ပစ္စည်းပျောက်လျှင် ( ၃ ) ခေါက် ရွတ်
( ၃ ) နေထိုင်မကောင်းလျှင် ( ၇ ) ခေါက် ရွတ်
( ၄ ) ချမ်းသာချင်လျှင် ( ၁၂ ) ခေါက် ရွတ်
( ၅ ) #စစ်တိုက်သွားလျှင် ( ၅ ) ခေါက်
###မှတ်ချက်တရားသောစစ်#ဖြစ်ရပါမည်
#ကိုယ့်အာရုံပြုချင်သည့်ဘုရားအား အာရုံပြု
#ရွတ်ဖက်သရဇ္ဇျယ် ပွားများပါ။)
Crd
ပြန်လည်မျှဝေသည်
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။