ဒဏ်ရာပြဿနာများကြောင့် နေမာနှင့် ချုပ်ဆိုထားသော
စာချုပ်ဖျက်သိမ်းရန် အယ်လ်ဟီလာအသင်း စဉ်းစားနေ
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာသည် နေမာ၏ နောက်ဆုံးဒဏ်ရာအခြေအနေကြောင့် ၎င်းနှင့်ချုပ်ဆိုထားသောစာချုပ်ကို ရပ်ဆိုင်းရန် စဉ်းစားနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
နေမာသည် ၂၀၂၃ ခုနှစ်တွင် ပီအက်စ်ဂျီမှ အယ်လ်ဟီလာသို့ ပေါင် ၇၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သော်လည်း အသင်းသစ်အတွက် ငါးပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီးနောက် ပြင်းထန်သောဒူးဒဏ်ရာရရှိခဲ့သူဖြစ်သည်။
နေမာသည် ဘရာဇီးအသင်းအတွက် ပါဝင်ကစားစဉ် ရရှိခဲ့သည့် အဆိုပါ ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရသည့်အပြင် မကြာသေးမီ ပြန်လည်သက်သာလာပြီးနောက် ပြန်လည်ပါဝင်ကစားခဲ့သော ဒုတိယပွဲ၌ ဒဏ်ရာထပ်မံရရှိခဲ့၍ အယ်လ်ဟီလာ တာဝန်ရှိသူများမှာ စိတ်ပျက်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။
နေမာသည် အာရှချန်ပီယံလိဂ်တွင် ရရှိခဲ့သည့် ၎င်း၏နောက်ဆုံးဒဏ်ရာမှာ ကြွက်တက်ခြင်းသာဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း ဘရာဇီးသတင်းအရင်းအမြစ်များကမူ အနိမ့်ဆုံး သုံးပတ်ခန့် အနားယူရဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် အယ်လ်ဟီလာတာဝန်ရှိသူများမှာ တစ်နှစ်လုပ်ခလစာ ပေါင် သန်း ၁၃၀ အထိ ပေးချေထားရသည့်တိုင် စုစုပေါင်းပွဲစဉ်ခုနစ်ပွဲသာ ပါဝင်ကစားပေးထားနိုင်သည့် နေမာကို စာချုပ်ဖျက်သိမ်းရန်စဉ်းစားမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။