မိုက်တိုင်စန် ဂျိတ်ပေါလ် ကို အမှတ်နဲ့ရှုံး
ယူကျူဘာကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ အသက် ၂၇ အရွယ် ဂျိတ်ပေါလ်ဟာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း အသက် ၅၈ နှစ်အရွယ် မိုက်တိုင်စန် ကို အမှတ်နဲ့ အနိုင်ယူလိုက်ပါတယ်။
နှစ် ၂၀ နီးပါး အနားယူထားပြီးမှ လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန်လာတဲ့ မိုက်တိုက်စန် ဟာ ဒုတိယအချီအထိ အသာစီးရခဲ့ပေမဲ့ နောက်ပိုင်းအချီအားလုံးကိုတော့ ဂျိတ်ပေါလ် က ပဲ ဦးဆောင်သွား တာဖြစ်ပါတယ်။
မိုက်တိုက်စန်ထက် အသက်ထက်ဝက်နီးပါးကွာတဲ့ ဂျိတ်ပေါလ်ဟာ သက်လုံပိုင်းကို အားကိုးပြီး လက်သီးတွဲလုံးတွေနဲ့ ခပ်မြန်မြန်ထိုးသတ်ခဲ့ပေမဲ့ ဝါရင့်လက်ဝှေ့သမား မိုက်တိုက်စန်ကို ပွဲချိန်အတွင်း မှာ အလဲမထိုးနိုင်ခဲ့ပါဘူး။
အသက်အရွယ်ရလာတဲ့ မိုက်တိုက်စန်ကတော့ ဂျိတ်ပေါလ်ရဲ့လက်သီးတွဲတွေကို အတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ပေမဲ့ နောက်ဆုံးမှာ အမှတ်နဲ့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
ဒိုင်တစ်ဦးက ပေါလ်ကို ၈၀ တိုင်ဆင် ၇၂ ပေးခဲ့ပြီး နောက်နှစ်ဦးကတော့ ပေါလ်ကို ၇၉ တိုင်ဆင် ၇၃ မှတ် ပေးခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ ရှိတဲ့ AT&T ကစားကွင်းကြီးထဲမှာ (၂) မိနစ် (၈) ချီကစားခဲ့ကြတာဖြစ်ပါတယ်။
ပြိုင်ပွဲမထိုးသတ်ခင် ဝိတ်ချိန်တဲ့နေရာမှာ မိုက်တိုင်စန် က ဂျိတ်ပေါလ်မျက်နှာကို ရိုက်ခဲ့တာကြောင့် ပြိုင်ပွဲမစခင်ထဲက လက်ဝှေ့ပရိတ်သတ်တွေ အာရုံစိုက်မှုမြင့်တက်ခဲ့ပွဲလည်းဖြစ်ပါတယ်။
ယူကျူဘာ ဂျိတ်ပေါလ်ဟာ ငွေရောင်ဝမ်းဆက်ဝတ်ဆင်ပြီး အစိမ်းရောင် မော်တော်ကားကို လက်ဝှေ့ကြိုးဝိုင်းစင်ထဲအထိစီးပြီး ဝင်လာခဲ့တာဖြစ်ပါတယ်။
အသက်အငယ်ဆုံး ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းကြီး မိုက်တိုင်စန် ကတော့ အမည်းရောင်အင်္ကျီနဲ့ ဘောင်းဘီတိုကိုဝတ်ဆင်ပြီး လမ်းလျှောက် ဝင်လာခဲ့ပါတယ်။
မိုက်တိုင်စန် ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ၅၈ ပွဲထိုးထားပြီး ပွဲ ၅၀ နိုင် ၆ ပွဲရှုံးနဲ့ သရေ ၂ ပွဲကျထားသူဖြစ်ပြီး ဂျိတ်ပေါလ်ကို အခု အမှတ်နဲ့ရှုံးလိုက်တာကြောင့် ကစားသမားဘဝရဲ့ ၇ ပွဲမြောက်ရှုံးပွဲဖြစ်သွားပါတယ်။
ဂျိတ်ပေါလ်ကတော့ လက်ဝှေ့ပရော်ဖက်ရှင်နယ်ပွဲ (၁၁) ပွဲထိုးထားဖူးပြီး (၁၀) ပွဲနိုင် (၁) ပွဲ ရှုံးနိမ့်ထားတာ ကနေ အခု နိုင်ပွဲတစ်ပွဲ ထပ်တိုးခဲ့တာလည်းဖြစ်ပါတယ်
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။