(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ လက်ဝှေ့ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ပူးတွဲသရေကျ

Local News Sports
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ လက်ဝှေ့ပြိုင်ပွဲတွင်
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ပူးတွဲသရေကျ

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ရာ လက်ဝှေ့ပြိုင်ပွဲ၏ ခေါင်ပွဲအဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး ပူးတွဲသရေကျခဲ့ကြောင်း သိရသည်။

ယင်းလက်ဝှေ့ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ကျော်နှစ်ဦးအနေဖြင့် ငါးချီယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပွဲပြီးဆုံးချိန်အထိ အလဲထိုးနိုင်ခြင်း မရှိသလို ထွန်းထွန်းမင်းအနေဖြင့် နှစ်ကြိမ် ဒိုင်အမှတ်ရေတွက်ခြင်းခံခဲ့ရပြီး ပွဲအပြီး ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့အား ကရင်ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးလျှင် ကျပ်သိန်း ၁၅၀ စီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအတွင်း ခေါင်တွဲဆိုင်းနှင့် အခြားစိန်ခေါ်ပွဲ များကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...