ဂြိုဟ်တုဖျက် ရောင်ခြည်လက်နက် ရှေ့ပြေးပုံစံသစ် တရုတ်သိပ္ပံပညာရှင်များဖန်တီး

International News Tech
ဂြိုဟ်တုဖျက် ရောင်ခြည်လက်နက် ရှေ့ပြေးပုံစံသစ်
တရုတ်သိပ္ပံပညာရှင်များဖန်တီး

ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ရန်သူ့ဂြိုဟ်တုတွေကိုဖျက်ဆီးနိုင်တဲ့ ရောင်ခြည်လက်နက်တစ်မျိုးကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီးထားတယ်လို့ သိရပါတယ်။
တရုတ်သိပ္ပံပညာရှင်တွေရဲ့ ရောင်ခြည်လက်နက်ဟာ ‘ကြယ်တာရာစစ်ပွဲ’ရုပ်ရှင်ကားတွေထဲမှာ တွေ့ရတတ်တဲ့ မရဏကြယ်ရောင်ခြည်လက်နက်နဲ့ အလားတူပြီး မိုက်ခရိုဝေ့ဗ်ဖြာထွက်ရောင်ခြည်တန်းတွေကို တစ်ခုတည်းသော ရောင်ခြည်တန်းအဖြစ် ပေါင်းစပ်ပေးခြင်းဖြင့် ရန်သူဂြိုဟ်တုတွေကိုဖျက်ဆီးန်ိုင်တယ်လို့ သိရပါတယ်။

တစ်ခုတည်းသော ရောင်ခြည်တန်းအဖြစ် ပေါင်းစုဖို့အတွက် ပစ်လွှတ်လိုက်တဲ့ မိုက်ခရိုဝေ့ဗ် ရောင်ခြည်တန်းတွေဟာ တစ်ခုတည်းသော ပစ်မှတ်နေရာကို တစ်စက္ကန့်ရဲ့ ၁၇၀ ထရီလီယံပုံ တစ်ပုံလောက်ပဲရှိတဲ့ ကာလအပိုင်းအခြားထဲမှာတစ်ပြိုင်တည်း ကျရောက်ရမှာဖြစ်ပါတယ်။

နှိုင်းပြဖို့ မဖြစ်နိုင်လောက်အောင် တိုတောင်းလှတဲ့ အဲသည့်အချိန်ကာလအပိုင်းအခြားထဲမှာ မိုက်ခရိုဝေ့ဗ်ရောင်ခြည်တန်းတွေကို တစ်နေရာတည်းမှာ စုပေးဖို့ဆိုရင် အဏုမြူနာရီတွေထက် ပိုတိကျတဲ့ အချိန်ကိုက်စနစ်လိုအပ်ပါတယ်။

ဒါပေမဲ့ တရုတ်သိပ္ပံပညာရှင်တွေဟာ အလွန်ကို တိကျလှတဲ့ အချိန်ကိုက်နည်းပညာသစ်ရဲ့ အကူအညီကိုသုံးပြီး မိုက်ခရိုဝေ့ဗ်ရောင်ခြည်တန်းတွေကို တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အပိုင်းအခြားအတွင်း တစ်ခုတည်းသောရောင်ခြည်တန်းအဖြစ် စုစည်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မရဏကြယ်ရောင်ခြည်လက်နက်ရှေ့ပြေးပုံစံကို တရုတ်သိပ္ပံပညာရှင်တွေက မိုက်ခရိုဝေ့ဗ်ရောင်ခြည်တန်းလွှတ်ယာဉ်ခုနစ်စင်းကို သုံးပြီး စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...