လေထုထဲမှ ပလတ်စတစ်အမှုန်များကြောင့် မိုးတိမ်တိုက်များ ပေါ်ထွက်လာနိုင်

International News Knowledge Tech
လေထုထဲမှ ပလတ်စတစ်အမှုန်များကြောင့်
မိုးတိမ်တိုက်များ ပေါ်ထွက်လာနိုင်

ကမ္ဘာ့လေထုလွှာထဲမှာ ရှိနေကြတဲ့ ပလတ်စတစ် အမှုန်အမွှားတွေဟာ မိုးတိမ်တိုက်တွေကို ဖွဲ့စည်းပေးနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့ မိုးလေ၀သနဲ့ ရာသီဥတုပုံစံတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လေထုလွှာ ပလတ်စတစ်အမှုန်လေးမျိုးကို ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

လေ့လာချက်က ပေါ်ထွက်လာတဲ့ရလဒ်တွေအရ လေထုလွှာထဲက ပလတ်စတစ်အမှုန်တွေဟာ ရေခိုးရေငွေ့တွေလိုပဲ အပူချိန် ၅ ဒီဂရီ ဆဲလ်စီးယပ်စ်နဲ့ ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်အကြားမှာ ရေခဲပုံဆောင်ခဲတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ သိရပါတယ်။
သည်တော့ လေထုလွှာထဲက ပလတ်စတစ်အမှုန်တွေဟာ မိုးတိမ်တိုက်တွေကို ဖန်တီးပေးနိုင်တဲ့အတွက် ကမ္ဘာ့ရာသီဥတုနဲ့ မိုးလေ၀သအပေါ်အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

လေထုလွှာထဲက ရေခိုးရေငွေ့တွေဟာ သေးငယ်တဲ့ အမှုန်တွေမှာကပ်တွယ်ပြီး မိုးရေပေါက်အဖြစ် ဒါမှမဟုတ် ရေခဲပုံဆောင်ခဲတွေအဖြစ်ပြောင်းလဲသွားချိန်မှာ မိုးတိမ်တွေပေါ်ထွက်လာတတ်ပါတယ်။

သည်ဖြစ်စဉ်ကို အရည် သို့မဟုတ် အငွေ့မှ ပုံဆောင်ခဲအဖြစ် ကူးပြောင်းမှုဖြစ်စဉ် (Nucleation) လို့ သိပ္ပံပညာရှင်တွေက ခေါ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...