အေအိုင်လူတူစက်ရုပ်ရေးဆွဲထားတဲ့ ပန်းချီကား ကန်ဒေါ်လာတစ်သန်းကျော်ဖြင့် လေလံအောင်

International News Tech
အေအိုင်လူတူစက်ရုပ်ရေးဆွဲထားတဲ့ ပန်းချီကား
ကန်ဒေါ်လာတစ်သန်းကျော်ဖြင့် လေလံအောင်

အိုက်ဒါအမည်ရှိ လူ့ဉာဏ်ရည်တုနည်းပညာ(အေအိုင်)သုံး လူတူ စက်ရုပ်တစ်ရုပ်က ရေးဆွဲထားတဲ့ပန်းချီကားတစ်ကားဟာ လေလံပွဲတစ်ပွဲမှာ အမေရိကန်ဒေါ်လာတစ်သန်းကျော်အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ အေအိုင်စက်ရုပ် အိုက်ဒါရဲ့ ပန်းချီကားဟာ ဒုတိယကမ္ဘာစစ်ကာလ ကမ္ဘာကျော် စကားဝှက်ဖော်သမား သင်္ချာပညာရှင် အလန်တူရင်ရဲ့ ပုံတူပန်းချီကားဖြစ်ပါတယ်။

ဗြိတိန်သင်္ချာပညာရှင် တူရင်ဟာ ခေတ်သစ်ကွန်ပျူတာသိပ္ပံနဲ့ အေအိုင်နည်းပညာအတွက် မျိုးစေ့ချပေးခဲ့သူအဖြစ် ထင်ရှားသူပါ။
အေအိုင်စက်ရုပ် အိုက်ဒါရဲ့ အေအိုင်ဖခင်ကြီးပုံတူပန်းချီကားကို အမေရိကန်ပြည်ထောင်စု အခြေစိုက် ဆောက်သ်ဘီကုမ္ပဏီက နိုဝင်ဘာ ၈ ရက်မှာလေလံတင်ရောင်းချခဲ့ရာမှာ လေလံဆွဲမှု ၂၇ ကြိမ်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၈၄၈၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။

အလန်တူရင်ရဲ့ ပုံတူ ပန်းချီ ကား လေလံအောင်ခဲ့တဲ့အတွက် အိုက်ဒါဟာ ရေးဆွဲခဲ့တဲ့ ပန်းချီကားအရောင်းထွက်ခဲ့တဲ့ ပထမဆုံးလူတူစက်ရုပ် အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

အိုက်ဒါ လူတူစက်ရုပ်ဟာ ဗြိတိန်အခြေစိုက် Engineered Arts ကုမ္ပဏီက တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး အေအိုင်နည်းပညာသုံး လူတူစက်ရုပ်ပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...