ခေါင်းအုံး နှင့်ဆိုင်သော ဗဟုသုတယတြာများအကြောင်း

Astrology

ခေါင်းအုံး နှင့်ဆိုင်သော ဗဟုသုတယတြာများအကြောင်း

စာရေးသူတို့ ငယ်စဉ်က အသုံးပြုခဲ့တဲ့ နည်းလေးတခု ပြောပြပါမယ် ။လိုအပ်တဲ့ အခါတိုင်း ပြုလုပ်နေကျတဲ့ အလေ့အထလေးတခုပေါ့။ ငယ်စဉ်တုံးက စာရေးသူတို့ကို အသက်ကြီးတဲ့ ဖိုးဖိုးဘွားတွေစီက လက်ဆင့် ကမ်းလာခဲ့တဲ့ ရှေးအယူအဆလေးပါ။ ဒီနည်းလေးက မှန်နေတယ်လေ ဒါကြောင့် မသိသေးတဲ့ နောင်မျိုးဆက်သစ် ကလေးများအတွက် ရည်ရွယ်ရေးသားအပ်ပါတယ် ။

ညအိပ်တာ ဉာဉ့်နက်သွားရင် မနက်ထဖို့က ခက်ခဲတတ်ပါ တယ်။ မနက်သွားဖို့ကလည်း ချိန်းထားတယ် နာရီအလန်းပေးထားတာတောင် မနိုးတတ်ဘူးဆိုတဲ့သူတွေ အရေးကြုံရင် မိမိအိပ်နေကျ ခေါင်းအုံးလေးကို အသက်အောင့်ပြီး ခုနစ်ချက်ပုတ်ပေးပြီး “ ငါ့ကို မနက် xxxနာရီမှာ နှိုးလို့ အမိန့်ပေးထားလိုက်ပါ။ နောက်နေ့ မနက်သင်ထချင်တဲ့ အချိန်ကာလ ပတ်ဝန်းကျင်မှာပဲ ဗြုန်းကနဲ ဖြတ်ကနဲ နိုးလာပါလိမ့်မယ် ။
မယုံဘူးမလား ? လက်တွေ့စမ်းသပ်ကြည့်ပါ ။

(၂) မိမိသား အိမ်ပြန်နောက်ကျတယ် ဖုန်းဆက်လဲမလာဖြစ်နေရင် သားအိပ်နေကျ ခေါင်းအုံးကို သားအင်္ကျီ ဝတ်ပေးပြီး သားနာမည်ခေါ်ပြီး ကုန်းနမ်းပေးလိုက်ပါ….

(၃) မိမိအလုပ်မှာ မတရားစွတ်စွဲ ခံရတယ် …အကျပ်အတည်း ကြုံနေရတယ် …မလုပ်ချင်တဲ့အလုပ်တွေကို တာဝန်ယူခိုင်းတယ် ….အလုပ်ဝန်ထမ်းလျော့တဲ့အထဲ မိမိပါနိုင်တယ်ဆိုတဲ့ အဖြစ်မျိုး ကြုံလာပြီဆိုရင်တော့ မိမိအိပ်နေကျ ခေါင်းအုံးကို အမှိုက်ပုံးထဲ လွှင့်ပစ်ပါ ….မိမိက ခေါင်းအုံး နှစ်လုံး နဲ့ အိပ်နေကျ ဆိုရင်လည်း နှစ်လုံး လုံးသာ လွင့်ပစ်ပါ။

(၄) ကိုယ့်ရဲ့ခင်ပွန်းချစ်သူကိုပြောသမျှစကားတွေအောင်ချင်တယ်ဆိုရင်.

သု့ရဲ့အကျီင်္ကိုဘုရားရှိခိုးတိုင်းညာဘက်ပုခုံးပေါ်တွင်တင်ရျ်နေ့စဉ်ဘုရားဝတ်ပြုပါ…..ညအိပ်လျှင်မိမိခေါင်းအုံးအောက်၌သူ့အကျီင်္ကိုထား၍အိပ်ပါ…..စကားပြောဆိုလျှင်ရင်ထဲကပါသည်ဖြစ်စေ…မပါသည်ဖြစ်စေ….ချိုသာစွာပြောဆိုပါ….ထမင်းစားလျှင်အတူစားသည်ဖြစ်စေ…မစားသည်ဖြစ်စေဦးချပါ…….

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...