ဟင်္သာတမြို့လယ်ခေါင်မှာ ပုံစံတူရုပ်တုနဲ့ ဂုဏ်ပြုခြင်းခံရတဲ့ ပထမဦးဆုံး အဆိုတော်ဖြစ်လာလို့ ပရိသတ်တွေကြားမှာ ပွဲဖြစ်နေတဲ့ ဖြိုးမြတ်အောင်

Celebrity Local News
ဟင်္သာတမြို့လယ်ခေါင်မှာ ပုံစံတူရုပ်တုနဲ့ ဂုဏ်ပြုခြင်းခံရတဲ့ ပထမဦးဆုံး
အဆိုတော်ဖြစ်လာလို့ ပရိသတ်တွေကြားမှာ ပွဲဖြစ်နေတဲ့ ဖြိုးမြတ်အောင်

Myanmar Idol season 3ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က အခုအချိန်ဂီ‌တလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လို့နေပါပြီ။ငွေကြေးမပြည့်စုံတဲ့ ငယ်ဘဝမှာ ဝါသနာပါရာဂီတလမ်းကြောင်းကို လျှောက်လှမ်းဖို့ မမျှော်မှန်းရဲခဲ့ပေမယ့် အခုတော့ သူ့ရဲ့ ကြိုးစားမှုကြောင့်သာ ဂီတလမ်းကြောင်းပေါ်မှာရော၊ပရိတ်သတ်ရင်ထဲမှာပါ နေရာယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ Winner ဆုရှင်မဖြစ်ခင်ကတည်းက ပရိတ်သတ်ချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ပါ။

ပရိတ်သတ်တော်တော်များများက အသံကောင်းတာထက် ရုပ်ချောတာကို ပိုကြိုက်ကြပေမယ့် ဖြိုးမြတ်အောင်အလှည့်မှာတော့ ပြောင်းပြန်ပါဘဲ။ရိုးသားတဲ့ သူ့ရဲ့ စိတ်ဓာတ်တစ်ခုကြောင့်သာ ပရိတ်သတ်တွေက လက်ခံအားပေးခဲ့ကြသလို အများမတူဘဲ ထူးခြားတဲ့ သူ့ရဲ့ အသံကြောင့် အားပေးတဲ့ ပရိတ်သတ်တွေကတော့ အများအပြားပါဘဲနော်။

Myanmar Idol Winner ဖြိုးမြတ်အောင်ရဲ့ ပုံစံတူ ဆီလီကွန်ရုပ်တုကို ဟင်္သာတမြို့က ဟင်္သာရင်ခွင်မှာ ထားရှိသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာနေခဲ့တာပါ။
ဖြိုးမြတ်အောင် ကိုယ်တိုင်ကလည်း ဒီအကြောင်းကို သူ့အကောင့်မှာ ဝေမျှပေးထားပြီး အခုလိုဂုဏ်ပြုခံရလို့ ဝမ်းသာနေတဲ့အကြောင်း ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က “တရက်က သူငယ်ချင်းဖုန်းဆက်လာတယ်
ယောက်ဖရေ မင်းပုံတူ ငါတို့ ဟင်္သာရင်ခွင်မှာထားမလို့တဲ့
မြို့ရဲ့ အမှတ်တရ အနေနဲ့ ဆိုတော့ ပထမတော့
ဟာဟုတ်ပါ့မလားပေါ့နောက်ကျမှ အတည် ကြီး ဆိုတော့ ဘာပဲဖြစ်ဖြစ် မှတ်တိုင်တခုပဲ တကယ်လဲ ဝမ်းသာတယ်
#ဟင်္သာရင်ခွင် ဦးစိုးအောင်ကိုကျေးဇူးတင်ပါတယ်
ကျေးဇူးပါ ကျွန်တော် IDol ကနေ ပြန်တဲ့ ခရီး မှာလဲ ဧရာဝတီတိုင်းရော တနိူင်ငံလုံးရော ပြည်တွင်း ပြည်ပရော အါးပေးတဲ့ မှတ် တိုင်တခု ကတော့ ဘယ် တော့မှ မမေ့စရာပါ
တန်ဖိုးထားပေးလို့ ကျေးဇူးတင်တယ်
#င်္ဟသာတမြို့ကနေထွက်တဲ့တခြား အနုပညာ ရှင် တွေလဲ ထား ဖို့စီစဉ်နေပါတယ်
ကျွန်တော် ကတော့ သက်ရှိ နေသေးတော့ 3Dပုံယူရတာ ပိုလွယ်လို့ အမြန်စီစဉ်လိုက်ရပါတယ်
အါးလုံး ကို ကျေးဇူးတင်ပါတယ်🙏🙏🙏
ဆီလီ ကွန်ရုပ်တုအတွက်@Linkadipa Art Group ကဖန်တီး ရှင်များ အါး လေးစားလျှက်” ဆိုပြီး လူမှုကွန်ယက်ကတဆင့်ဝေမျှလာတာပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပရိသတ်တွေကြားမှာတော့ “သီချင်းဆိုတတ်ရုံနဲ့ ဂုဏ်ပြုရုပ်တု ထားပေးတာလား” “သူ့ထက် တော်တဲ့ ဟင်္သာတဇာတိ အဆိုတော်တွေ အများကြီးပါ” လို့ ထင်မြင်ချက်တွေ အမျိုးမျိုးရှိနေခဲ့ကြတာပါ။

အားလုံးရဲ့အမြင်မှာရော ဘယ်လိုထင်လဲလို့ ပြောခဲ့ကြပါဦးနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...