ရန်ကုန်သားတွေတောင် မသိကြတဲ့ ရန်ကုန်မြို့လယ်က Zero Mile (သုညမိုင်) နေရာ

Knowledge Local News
ရန်ကုန်သားတွေတောင် မသိကြတဲ့ ရန်ကုန်မြို့လယ်က
Zero Mile (သုညမိုင်) နေရာ

(၈ မိုင်၊ ၉ မိုင်၊ ၁၀ မိုင် နေရာတွေကို သိပေမယ့် သုညမိုင်ကိုတော့ မသိကြပါဘူး။)
ရန်ကုန်မြို့မှာ အများသိနေကြပြီးဖြစ်တဲ့ ၆ မိုင်၊ ၆ မိုင်ခွဲ၊ ၇ မိုင်ခွဲ၊ ၈ မိုင်၊ ၉ မိုင်၊ ၁၀ မိုင် စသည့်ဘတ်စ်ကား မှတ်တိုင်နေရာများ ရှိပါတယ်။

ဒီမှတ်တိုင်နေရာ အကွာအဝေးများကို မည်သည့်နေရာမှ စတင် တိုင်းတာသလဲလို့ မေးခွန်းမေးလျှင် ဖြေဆိုနိုင်သူအနည်းငယ်သာ ရှိပါလိမ့်မယ်။
ရန်ကုန်မြို့၏ သုညမိုင် နေရာမှာ ကမ်းနားလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီးဖြစ်ပါတယ်။

ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက ရန်ကုန်မြို့ရဲ့ မြို့ကွက်တွေ၊ လမ်းတွေကို စနစ်တကျ ချမှတ်ခဲ့ကြပါတယ်။
အင်္ဂလိပ်လူမျိုးများဟာ အင်မတန် တိကျပြီး စနစ်ကျသူများဖြစ်တာကြောင့် ” သုညမိုင် ကျောက်တိုင်” အမှတ်အသားကို စိုက်ထူခဲ့ကြပါတယ်။
အင်္ဂလိပ်တို့ဟာ ထိုခေတ်ကာလက အဓိက ဆက်သွယ်ရေးလမ်းကြောင်းမှာ စာပို့လုပ်ငန်းဖြစ်တာကြောင့်
ဗဟိုစာတိုက်ကြီးကို ဗဟိုပြုပြီး တမြို့နဲ့တမြို့အကွာအဝေးပေါ်မူတည်ကာ စာပို့ခများ၊ တံဆိပ်ခေါင်းခများ သတ်မှတ်လေ့ရှိကြသဖြင့် ဗဟိုစာတိုက်ကြီးရှေ့ကို Zero Mile (သုညမိုင်) လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အရင်နှစ်များတုန်းကတော့ ဗဟိုစာတိုက်ကြီးရှေ့မှာ စိုက်ထူထားတဲ့ သုညမိုင် အမှတ်အသား ကျောက်တိုင်ကတော့ မရှိတော့ဘူးလို့ သိရပါတယ်။
ပျောက်နေလျှင် ပြန်လည်ရှာဖွေပြီး မူလနေရာမှာ ပြန်လည်စိုက်ထူသင့်ပါတယ်။

သုညမိုင် အမှတ်အသား ကျောက်တိုင်ဟာ ရှေးဟောင်း သမိုင်းအမွေအနှစ်တခုဖြစ်ပြီး အင်္ဂလိပ်တို့ရဲ့ မိုင်အကွာအဝေးသတ်မှတ်ပုံအကြောင်းကို လေ့လာနိုင်မည်ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံသားများသာမက နိုင်ငံခြားသားခရီးသွားများအတွက်ပါ လေ့လာစရာနေရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါကြောင်း။

source – ရန်ကုန်မြို့၏ သုညမိုင်တိုင်ကို ခြေရာခံမိခြင်းမှ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...