Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သိရခက်သောဘုမ္မိဂြိုလ်

သိရခက်သောဘုမ္မိဂြိုလ်

Astrology
သိရခက်သောဘုမ္မိဂြိုလ်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သိရခက်သောဘုမ္မိဂြိုလ်
သိရခက်သောဘုမ္မိဂြိုလ်

ဗေဒင်ပညာကိုလေ့လာနေသူဖြစ်စေ ဗေဒင်ပညာကိုကြားဖူးနားဝရှိသူ
ဖြစ်စေ ဘုမ္မိဂြိုလ်ဆိုတာကို အနည်းနဲ့အများ သိကြ ကြားဖူးကြ
မှာပါ ဘယ်လိုသိထားလဲဆိုရင် ဘုမ္မိဆိုတာမကောင်းဘူး လူမှုရေး
စီးပွားရေး ကျန်းမာရေးကို တခုမဟုတ်တခု ထိခိုက်တတ်တယ်
အခန့်မသင့်ရင်သေတတ်တယ် ဆိုပီး သိထားကြသူများပါတယ်—
ဗေဒင်ဟောပြောသူတွေကလည်း ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး ရန်ဘုမ္မိ
ဘုမ္မိမရဏ ဆိုတဲ့ ဂြိုလ်အိပ်သက်ရောက် ကျရောက်နေသူတွေကို
အကာအကွယ်ယတြာတွေ နေထိုင်နည်းတွေ ကျင့်ကြံရမဲ့ အကျင့်
တွေ ပြောပြ ကာကွယ်ပေးကြသူတွေရှိသလို—

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သိရခက်သောဘုမ္မိဂြိုလ်
သိရခက်သောဘုမ္မိဂြိုလ်

ဘုမ္မိထဲရောက်တာနဲ့ပဲ ဒီကနေ့မနက်ဖန်ဆိုသလို စီးပွားပျက်တော့
မလိုလို အသက်အန္တရာယ်ပဲတွေ့တော့မလိုလို ခြိမ်းခြောက်ဟော
ပြောသူတွေလည်း ရှိနေလေတော့ မူရင်းစိတ်ဓါတ်ခိုင်မာမှုမရှိသူ
ကြောက်ရွံ့တတ်သူတွေ အဖို့တော့ အိပ်မပျော် စားမဝင် အခုပဲ
ကိုယ်ပူချင်သလိုလို ဖျားချင်သလိုလိုတွေနဲ့ ဂယောင်ကတန်းအား
ကိုးရှာတတ်ကြပြန်ပါတယ်—–
လူတယောက်ရဲ့ လူမှုရေး စီးပွားရေး ကျန်းမာရေးကိစ္စတွေဟာ
ဘုမ္မိထဲရောက်မှ ပျက်စီးတာမဟုတ်ပါ အချိန်မရွေး ကာလမရွေး
ပျက်စီးနိုင်ပါတယ် ရန်သူမျိုးငါးပါးရဲ့ ဘေးဒါဏ်ဆိုတာ အချိန်မရွေး
ကျရောက်နိုင်ပါတယ်—

တချို့တချို့သောသူတွေကတော့ ဘုမ္မိဂြိုလ်အိပ် သက်ရောက်ကာလ
တွေမှာ စီးပွားဖြစ်ထွန်းတာ အလုပ်ရာထူးနဲ့ နေရာထိုင်ခင်းပိုင်ဆိုင်
မှုတိုးပွားလာတာတွေလဲ ရှိကြပါတယ် ဒါပေမဲ့ အဲဒီလူတွေကတော့
ဗေဒင်ဆရာဆီ မရောက်တတ်ကြပါဘူး ဗေဒင်ဆရာဆီသွားစရာမှ
မလိုတာလေ ဘယ်သူမဆို ဗေဒင်ဆရာဆီကို အခက်အခဲတွေ့
မှသာ လာတတ်ကြလို့ ဗေဒင်ဆရာဆီ လာတဲ့သူတွေဟာ
အခက်အခဲတစုံတရာရှိလို့သာ လာကြသူတွေမို့လို့ အပြစ်လဲလိုက်
ရှာရော အဲဒီ ဘုမ္မိဆိုတဲ့ တရားခံကို တွေ့ရောဆိုပါစို့—-

ဒါဆို ဘုမ္မိဆိုတာ ကြောက်ရမှာလား ကြောက်စရာမလိုဘူးလား
မေးလာခဲ့မယ်ဆိုရင် လူတိုင်းကြောက်စရာမလိုပါလို့ပြောမှာပါ
ဂြိုလ်ရှစ်ခွင်မှာ ဘုမ္မိဂြိုလ်ခွင်တခုထဲ ဆိုးကျိုးပြုတာမဟုတ်ပါဘူး
မွေးဖွားတဲ့မဟာဘုတ်အရ သူနဲ့ပက္ခဖြစ်နေတဲ့ဂြိုလ်အရ သူ့အမည်
မှည့်ခေါ်ထားပုံအရ ပီးတော့ ဂြိုလ်အိပ် သက်ရောက်အရ ဆိုတဲ့
အချက်ပေါင်းများစွာ တိုက်ဆိုင်မှသာလျင် ကောင်းခြင်းဆိုးခြင်း
ဆိုတာတွေက ဖြစ်ပေါ်လာရတာပါ—-

အထူးသဖြင့် အမည်နဲ့ မွေးနံအဖျားစာလုံး တို့ဟာ ဘုမ္မိဂြိုလ်နဲ့
ပက္ခမိနေသူများဟာ ဘုမ္မိဂြိုလ်အိပ် သက်ရောက်ကာလတွေမှာ
ဘဝအပြောင်းအလဲ ဖြစ်ပါလိမ့်မယ် အပြောင်းအလဲဆိုတိုင်းအဆိုး
ကိုပြေးမမြင်ကြစေလိုပါ ဆိုးတာရော ကောင်းတာပါ နှစ်မျိုးစလုံး
ဖြစ်မှာပါ ဒီ ၈ နှစ်တကြိမ်မှာ ကောင်းခဲ့ရင် နောင် ၈ နှစ်မှာတကြိမ်
ဆိုးတာမျိုး ပီးရင်နောက်တကြိမ် ပြန်ကောင်းတာမျိုး အဲဒီလိုလည်
ပတ်ပါတယ် ဆိုးတဲ့အချိန်တွေမှာတော့ သတိထားပေါ့ဗျာ—

ပီးတော့ မိမိမွေးနံဖြစ်စေ မိမိရဲ့ အမည်အဖျားစာလုံးဖြစ်စေ တြိရန်း
ဂြိုလ်နဲ့ ပက္ခမိနေတဲ့ အမည်ရှင်များဟာ ဘဝမှာ ကောင်းကျော်
ဆိုးကျော် ဖြစ်စေတတ်တဲ့ အမည်ရှင်များဖြစ်ကြပီး အဲဒီအမည်ရှင်
တွေဟာလည်း ဘုမ္မိ ဂြိုလ်အိပ် သက်ရောက်ကာလတွေမှာ ဘဝ
အပြောင်းအလဲ ဖြစ်တတ်ကြပါတယ်—-

ကျန်တဲ့အမည်ရှင်တွေကတော့ ဘုမ္မိက ဆိုးကျိုးမပေးသည့်တိုင်
ကပ်ကြီးသုံးပါးနဲ့ ရန်သူမျိုး ၅ ပါးဘေးကိုသာ ရှောင်ရှားနိုင်တဲ့
ကံ ဥာဏ် ဝီရိယသာ ရှိကြမယ်ဆိုခဲ့ရင်တော့ ဘဝမှာ သက်တမ်း အလိုက်နေထိုင်သွားနိုင်ကြမှာပါလို့ ******

ရေးသားသူ- CRd


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...