Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တပေါင်းလ အတွက် အကောင်းဆုံးယတြာ

တပေါင်းလ အတွက် အကောင်းဆုံးယတြာ

Astrology
တပေါင်းလ အတွက် အကောင်းဆုံးယတြာ
တပေါင်းလဆန်း(၁)ရက်နေ့(27.2.2025) မှ တပေါင်းလကွယ်နေ့(28.3.2025)တစ်လတာလုံး
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တပေါင်းလ အတွက် အကောင်းဆုံးယတြာ
တပေါင်းလ အတွက် အကောင်းဆုံးယတြာ

လစ်ပိုပုလင်းအသစ် တစ်လုံးဝယ်လိုက်ပါ။
လစ်ပိုပုလင်းထဲမှ အရည်များကို ဖန်ခွက်တစ်ခွက်
ထဲတွင် သီးသန့်ဖယ်ထုတ်ထားလိုက်ပါ။ထိုလစ်ပို
ပုလင်းကိုသေချာဆေးကြော၍ လစ်ပိုပုလင်းထဲသို့

ရေသန့် အပြည့်နီးပါး ထည့်ပေးလိုက်ပါ။
ရေသန့်ထည့်ထားသောလစ်ပိုပုလင်းအထဲတွင်

အုန်းညွန့် ၆ညွန့် (သို့) ၁ညွန့် ထည့်ပါ။အုန်းညွန့်စိုက်
ထားသည့် လစ်ပိုပုလင်းကို ပန်းကန်ပြားတစ်ချပ်တွင်
တင်ထားပြီး လစ်ပိုပုလင်းဘေးတွင် #ပေါက်ပေါက်ပွင့်
များ ဝိုက်ထည့်လိုက်ပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တပေါင်းလ အတွက် အကောင်းဆုံးယတြာ
တပေါင်းလ အတွက် အကောင်းဆုံးယတြာ

 

ဤယတြာကို ဘုရားကျောင်းဆောင်တွင်
တင်ထား၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ
လှူဒါန်းပေး‌ထားရပါမည်။

အုန်းညွန့်မလွယ်ကူသူများအတွက်အုန်းသီးစိပ်နှင့်လိမ္မော်သီးများကိုကပ်လှူပေးနေခြင်းဖြင့်လည်း
ဤယတြာလုပ်ဆောင်ခြင်းနှင့် အကျိုးပေး တူ၏။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။
*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၅ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
#
တပေါင်းလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်များ
◾️တနင်္ဂနွေနေ့=အရှေ့မြောက်အရပ်
◾️တနင်္လာနေ့=နောက်အရပ်
◾️အင်္ဂါနေ့=အရှေ့တောင်အရပ်
◾️ဗုဒ္ဓဟူးနေ့=တောင်အရပ်
◾️ကြာသပတေးနေ့=မြောက်အရပ်
◾️သောကြာနေ့=အရှေ့အရပ်
◾️စနေနေ့=အနောက်တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်
တိတိ ရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု တပေါင်းလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက်များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဖြင့် စီးပွါးလာဘ်လာဘများ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို (၂)ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍ လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခု တပေါင်းလအတွင်း ကံကောင်းခြင်းများစွာ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

လစ်ပိုပုလင်းကိုမူ ပြန်လည်ဆေးကြောသန့်စင်၍
ယတြာနည်းအတိုင်း သေချာထပ်မံ လုပ်ပေးလို့ရပါတယ်ခင်ဗျ။လစ်ပိုပုလင်းအသစ်ဝယ်ပြီးလည်းယတြာလုပ်ပေးနေလို့ပါတယ်။လစ်ပိုပုလင်းထဲ မှ ဖယ်ထုတ်ထားသော အရည်များကိုမူ မိမိနှင့် မိသားစုဝင်များ သောက်သုံးလို့
ရပါတယ်။

ဤယတြာကို ယခု ‌တပေါင်းလ တစ်လတာလုံး၌မည်သည့်နေ့ရက်၊အချိန်မှမဆိုစတင်၍ လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု တပေါင်းလ တစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍ စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ- ဗေဒင် ဆရာ ပေါက်ကျိုင်း


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...