လက်ရှိ ရိုက်ကူးလာတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကြောင့် စာတန်းထိုးပြီး နိုင်ငံတကာကို ပြသနိုင်တဲ့ အခြေအနေမျိုးကို မြင်ချင်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဆို

လက်ရှိ ရိုက်ကူးလာတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကြောင့် စာတန်းထိုးပြီး နိုင်ငံတကာကို ပြသနိုင်တဲ့ အခြေအနေမျိုးကို မြင်ချင်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲ ညစာစားပွဲမှာ ရင်ဖွင့်လာပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်ထူးချွန်ဆုပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်က ရှိပါတယ်။ မြန်မာ့ရုပ်ရှင်လောကကို မြှင့်တင်ချင်လို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ပျောက်သွားလို့ မဖြစ်ပါဘူး။ ပို၍ပို၍လည်း ဆုတွေကို ပေးလာတယ်။ ပို၍ပို၍လည်း စည်းစည်းလုံးလုံး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာဖို့ အဲ့နောက်မှာ ကျွန်တော်တို့ ရုပ်ရှင်ကားတွေ နိုင်ငံတကာကိုလည်း ထိုးဖောက်ချင်တယ်။ ဒီနေ့ကြည့်ရတဲ့ ဇာတ်ကားတွေထဲကနေ စာတန်းတွေထိုးပြီးတော့ ပြသနိုင်တဲ့ အခြေအနေမျိုးလို့ မြင်ပါတယ်။

နောက်ထပ်လည်း ကားတွေကောင်းလာလို့ ကျေးဇူးတင်ပါတယ်။ ဆက်လက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပျော်ပျော်ပါးပါးနဲ့ ရုပ်ရှင်လောကကြီးကို မြှင့်တင်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ စာရင်းဝင်ဇာတ်ကားပေါင်း ၄၉ ကားရှိခဲ့ပြီးတော့ ဆန်ခါတင်အဆင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၈ ကား ပေါ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီဆုအနေနဲ့ အကယ်ဒမီဆုပေါင်း ၁၆ ဆု ပေးအပ်ခဲ့သလို လာမယ့် နှစ်မှာလည်း ဆုတွေ အကောင်းဆုံး ပေးအပ်မှာမို့ စည်းလုံးပျော်ရွှင်စွာ ကြိုးစားစေချင်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ အရည်အရွေးမြင့်တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပေါ်ထွက်လာဖို့လည်း မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကို သတ်မှတ်ထားတဲ့ ဝင်ငွေစံချိန်ချိုးရင်တော့ ရုံတင်ပြသမှုတွေကို ပိုမိုတိုးလာသလို ရုံငှားစနစ်နဲ့လည်း ဇာတ်ကားတွေကို ရုံတင်ပြသမှုတွေကို လုပ်ဆောင်နေလျက်ရှိပါတယ်။
ရေးသားသူ- Crd
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ