Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

Health Knowledge
ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ
ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

 

ဘီပိုး၊ စီပိုးကို “အသည်းရောင်အသားဝါပိုး” ဟုဆိုသော်လည်း အသားမဝါဘဲ အသည်းရောင်သော သူများလည်းရှိကြသည်။ ထို့ကြောင့် ဆေးပညာနယ်ပယ်တွင် အသည်းရောင်ဗိုင်းရပ်ပိုး (Hepatitis)ဟုသာ ခပ်တိုတိုခေါ်ဆိုလေ့ရှိပါသည်။ အသည်းရောင် အသားဝါ ဘီပိုးရောဂါအတွက် ကြိုတင်ကာကွယ်ဆေးထိုး၍ မည်သို့ပင်ကာကွယ်နေကြပါသော်လည်း ယနေ့ကမ္ဘာမှာ ဘီပိုး၊ စီပိုးရောဂါကြောင့် အသက်သေဆုံးမှုမှာ ကြောက်စရာကောင်းလောက်အောင် များပြားနေသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ သုံးသပ်ချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဖြစ်နေသည့်အချိန်မှာပင် ကမ္ဘာတစ်ဝန်း စက္ကန့် ၃၀ လျှင် လူတစ်ဦးနှုန်း အသည်းရောင် ရောဂါကြောင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း သတိပေးထားပါသည်။

သို့သော် စိတ်မညစ်ပါနှင့်။ ဘီပိုးရှိသူတိုင်းကို ဘီပိုးကာကွယ်ဆေးထိုးပေးရန် မလိုအပ်သလို ဝေဒနာသည်၏ ၈၅ ရာခိုင်နှုန်းကို ဘီပိုး ကုသ ဆေးမလိုအပ်ပေ။ ၁၅ ရာခိုင်နှုန်းကိုသာ ဘီပိုးသတ်ဆေးဖြင့် ကုသဖို့လိုပါသည်။ စီပိုးရှိသူအတွက် ယခုအခါ နောက်ဆုံးပေါ် စီပိုးသတ်ဆေးများလည်း ပေါ်ပေါက်လာကြပါပြီ။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဘီပိုးရှိသူများအတွက် ပျောက်ကင်းကုသရန် ဆေးမပေါ် သေးသော်လည်း သက်တမ်းစေ့နေနိုင်ပါသည်။ ရောဂါမရှိသေးသူများအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသည်းရောင် ဘီပိုးကာကွယ်ဆေးကို လစဉ်ဆက်တိုက် သုံးကြိမ်ထိုးနှံပါက အသည်းရောင်ဘီမှ ကာကွယ်ထားနိုင်ပါသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ
ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

 

မွေးကင်းစ ကလေးများ အတွက် ကာကွယ်ဆေး ငါးမျိုးစုံ(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်ရောင်) ရောဂါကာကွယ်ဆေးကို ကလေး နှစ်လ၊ လေးလနှင့် ခြောက်လသားတွေမှာ ထိုးနှံထားပေးခြင်းဖြင့် ၎င်းရောဂါဖြစ်မလာစေတော့ပေ။
ဘီပိုး၊ စီပိုးအတွက် ဆေးဝါးများ

(၁) ဘီပိုးကူးစက်ခံရသူများက သွေးထဲရှိ သံဓာတ်ပမာဏကို တိုင်းတာစစ်ဆေးမှုခံယူသင့်ပါသည်။ အကယ်၍ သွေးထဲမှာ သံဓာတ် ပါဝင်မှု လွန်စွာနည်းနေပါက Interferon ခေါ် ကိုယ်ခန္ဓာအတွင်း ရောဂါပိုးမွှားများမဝင်နိုင်အောင် ဟန့်တား ကာကွယ်သည့် ဆဲလ်အချို့က ထုတ်ပေးသည့် ဒြပ်တစ်မျိုးကို ဖြတ်တောက်ပစ်လေ့ရှိသည်။ ထို့ကြောင့် ဘီပိုးရောဂါသည်များက သံဓာတ်အားနည်းမှု မရှိအောင် သတိထားသင့်ပေသည်။

(၂) အသည်းအားဆေးက Enzymes ခေါ် အသည်းအင်ဇိုင်းအသားဓာတ်တစ်မျိုး၏ ပမာဏကို လျှော့ချပေးနိုင်ပါသည်။ ထို့ကြောင့် အသည်း အားကောင်းဆေးကို နေ့စဉ် ၅၀၀ မှ ၁၀၀၀ မီလီဂရမ် အထိ ခြောက်လတိတိ သောက်ပေးရပါမည်။

(၃) ကျန်းမာရေးမကောင်းသည့် အသည်းထဲမှာ ဇင့်နှင့် ကော့ပါးဓာတ်တွေ ညီညွတ်မျှတခြင်းမရှိတော့ပေ။ ကော့ပါးဓာတ်က အသည်းဆဲလ်နံရံတွေကို ဖျက်ဆီးပစ်သည်။ ဇင့်ဓာတ်က အသည်းနံရံကို ပျက်စီးစေသည့် ယင်းကော့ပါးဓာတ်တွေကို တိုက်ထုတ် ပေးသည်။ ထို့ကြောင့် အသည်းဝေဒနာသည်များအနေဖြင့်် ၃၀ မီလီဂရမ် ပမာဏရှိသော ဇင့်ဓာတ်အားဆေးကို နေ့စဉ်သောက်သုံး ပေးပါ။

(၄) ဖလေဗိုနွိုက်ဓာတ်ပေါင်းစု ပါဝင်သော Silymarin က အသည်းဆဲလ်တွေကို ကောင်းစွာပြန်လည် တည်ဆောက်ပေးနိုင် သောကြောင့် ၎င်းဆေးကို တစ်နေ့လျှင် အနည်းဆုံး ၂၀၀ မီလီဂရမ်နှုန်းဖြင့် သုံးလကြာသည်အထိ သောက်ပေးပါ။

(၅) Dandelion ခေါ် အဝါရောင်အလေ့ကျပန်းပွင့်များနှင့် Burdock ခေါ် ဆူးပွင့်များဖြင့် ပေါင်းပင်ကဲ့သို့ အရွက်များရှိသော အပင်တို့က အသည်းကိုသန့်စေပြီး သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါသည်။ ၎င်းအပင်ဖြင့် ဖော်စပ်ထားသော နိုင်ငံခြား ဖြစ်ဆေးဝါးများလည်း ပေါ်ထွက်နေကြပြီဖြစ်သည်။

(၆) အသည်းဆဲလ်များ ကောင်းမွန်စွာပြန်လည် တည်ဆောက်စေရန်အတွက် Ayurvedic ဆေးကို တစ်နှစ်တိတိသောက်ပါ။

ဘီပိုး၊ စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

ရောဂါရှိသူများအနေဖြင့် ဘီပိုး၊ စီပိုးရောဂါအတွက် ထိရောက်စွာ ဆေးဝါး ကုသခံယူရင်း အောက်ဖော်ပြပါ အိမ်တွင်း ကုထုံးလေး များကို တွဲဖက်၍ အသုံးပြုနိုင်ကြပါစေရန် အကြံပြုလိုပါသည်။

အရက်က အသည်းကို လုံးဝကောင်းကျိုးမပြုပေ။ ထို့ကြောင့် အရက်သောက်သုံးမှု ရှောင်ရှားရသည်။ ထို့ပြင် Alcohol ဓာတ် အနံ့အရသာပါသည့် မည်သည့် အရာကိုမျှ မစားသောက်သင့်ပေ။ မီးမြှိုက်ထားသော အကင်အမျိုးမျိုးတို့ကို စားသုံးခြင်းမှ အထူး ရှောင်ရှားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများပိုစားပါ။
လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း) သောက်ပါ။

ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေပျောက်စေရန်အတွက် တစ်လလျှင် ရက်သတ္တနှစ်ပတ်တိတိ ဆက်တိုက်အသားမစားဘဲ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကိုသာ စားပေးပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ
ဘီပိုး စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

 

အဖြူရောင်မုန်လာဥ၊ မုန်လာရွက်၊ Clover ခေါ် အရွက်သုံးရွက်ပါရှိသော ကျွဲနွားစားသည့်အပင်ငယ်၊ ကုလားချဉ်ပေါင်ရွက်နှင့် လက်ဖက် စားပေးပါ။ နနွင်းမှုန့်စားပါ။ နနွင်းမှုန့်က အသည်းရောင်ခြင်းကို သက်သာစေပါသည်။ အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး ဝေဒနာသည်များအတွက် နွယ်ချိုက လွန်စွာကောင်းကျိုးပြုပါသည်။ သို့သော် သွေးတိုး၊ ဆီးချိုရှိနေပါက နွယ်ချိုမစားသင့်ပေ။

Beet Root ခေါ် သကြားမုန်လာဥ ခေါ် မုန်လာဥနီအလုံးက အသည်းဆဲလ်တွေကို အသစ်ပြန်လည်မွေးဖွားစေသည်။ (Beet Rootကို ရှမ်းပြည်တောင်ဘက်ပိုင်းမှာသာ အများဆုံးတွေ့ရပြီး ပူပြင်းခြောက်သွေ့သည့် အညာဒေသမှာ မရှိသလောက် ရှားပါးသည်။ ထိုသကြား မုန်လာဥအပင်တွေကို City Mart ဆိုင်ကြီးများ၏ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် အရောင်းကောင်တာမှာ ရရှိနိုင်ပါ သည်။

Beet Root ကို အသင့်သောက်ဖျော်ရည်အဖြစ် ဖန်တီးထားသည့် နိုင်ငံခြားဖြစ်ဘူးလေးတွေကို City Mart ဆိုင်ကြီးများ၏ အဖျော်ယမကာ အရောင်းကောင်တာမှာ ဝယ်ယူရရှိနိုင်ပါသည်။)

Artichoke ခေါ် ဆူးလေပင်၊ ဆူးပလွေပင်နှင့် အုပ်စုတူသောအပင်ငယ် ခေါ် မုန်လာထုပ်တစ်မျိုးက အသည်းဆဲလ်တွေကို ကောင်းစွာ အလုပ်လုပ်စေသည်။ ဆီ၊ အဆီလုံးဝမစားသင့်ပေ (သို့မဟုတ်) ဆီလျှော့စားပါ။ အဆီ၊ အနှစ်၊ မလိုင်၊ ထောပတ်၊ နို့၊ ကြက်ဥအနှစ်နှင့် ဆီကြော်မုန့်စားသုံးခြင်းရှောင်ပါ။

ပရိုတင်းဓာတ်များကိုလည်း တစ်နေ့လျှင် ၆ အောင်စထက်ပို၍မစားသင့်ပေ။ ဆိုးဆေး၊ ဓာတုတာရှည်ခံဆေးပါသော အရည်၊ မုန့်၊ အစားအစာများကိုရှောင်ပါ။ သံဓာတ်ပါသည့် တိရစ္ဆာန်အသည်းအမြစ်၊ ကလီစာနှင့် ဟင်းနုနယ်မစားရ။
သံဓာတ်အားဆေး လုံးဝမမှီဝဲပါနှင့်။ အချဉ်ရည်၊ ရှောက်သီး၊ သံပရာသီးများများစားခြင်းရှောင်ပါ။

ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်လျှော့စားပါ။ အစာစားသည့်အခါ ကြေညက်ခဲသော အမာမစားပါနှင့်။
ဆေးဖေါ်စပ်ရန်အတွက် သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့ လိုအပ်ပါသည်။ ဆေးကျိုချက်ရန်အတွက် မြေအိုးအသစ် တစ်လုံး သုံးပါ။ မြေအိုးထဲမှာ လတ်ဆတ်သော သခွတ်ပွင့်၊ အရွက်နှင့် အခေါက် စုစုပေါင်း ထိုသုံးမျိုးလက်တစ်ဆုပ်စာကို ရေဖြင့် သုံးခွက် တစ်ခွက်ပြုတ်ပြီး တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်မှ အများဆုံးသုံးကြိမ်သောက်ပါ။ (အပွင့်စိုနှင့်အရွက်စိုများမရခဲ့လျှင် အပင်ခေါက် တစ်မျိုးတည်း လက်တစ်ဆုပ်ကို ရေသုံးခွက်တစ်ခွက်ပြုတ်ပြီး အလားတူ အချိုးအစားအတိုင်း ကြိုချက်သောက်သုံးနိုင်ပါသည်။)

အကယ်၍ လတ်လတ်ဆတ်ဆတ် အပွင့်စို၊ အရွက်စို၊ အခေါက်စိုများ မရနိုင်သည့်အခါမျိုးတွင် ၎င်းင်းတို့ကို အခြောက်ခံ၍ သောက်သုံးနိုင်ပါသည်။ သို့သော် ၎င်းတို့ကို နေရောင်ခြည်ပြင်းပြင်းမှာ အခြောက်ခံ မလှမ်းသင့်ပေ။ အာနိသင်ဓာတ်လျော့ ကျ သွားသည်။ ထို့ကြောင့် အပွင့်နှင့်အရွက်တို့ကို နေရောင်ခြည် အနည်းငယ်ရသောနေရာမှာ အခြောက်ခံပြီး အခေါက်ကိုမူ ရေဆေးပြီး ကြာရှည်သိမ်းထားနိုင်အောင် နေဖန့်ဖန့်ပြပါ။

လက်ဖက်ခြောက်အစား သခွတ် အရွက်၊ အပွင့်၊ ပင်စည်ခြောက်များကို အနည်းငယ်ထည့်ခတ်၍ ရေနွေးကြမ်းသောက်သလို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ဘီပိုး၊ စီပိုးရောဂါအတွက်သာမက အသည်းအဆီဖုံးခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရာရောက်ပါ သည်။

ဣဿရမူလီကိုစားပါ။ သို့သော် ဣဿရမူလီက အပူဓာတ်များသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူက ရေနိုင်နိုင်ချိုးပေးရပါမည်။ အပင်ရှင်သန်ပေါက်ရောက်ရာ နေရာဒေသပေါ်မူတည်၍ အရွက်အရွယ်အစား အသေး၊ အကြီး ကွာဟမှုရှိတတ်သည်။ ထို့ကြောင့် စတင်စားသုံးသူအနေဖြင့် အရွက်အစိုကို လက်နှစ်လုံးခန့်သာ ဝါးစား၍ ရေ၀၀သောက်ပါ။ ရောဂါဝေဒနာပေါ်မူတည်၍ နံနက်၊ နေ့လယ်၊ ည တစ်ကြိမ်စီ တစ်နေ့သုံးကြိမ် ဝါးစားပြီး ရေသောက်ပါ။

ပဉ္စငါးပါး (အဖူး၊ အပွင့်၊ အရွက်၊ ပင်စည်၊ အမြစ်) အားလုံး အနံ့အရသာရော ဆေးစွမ်းသတ္တိတွေပါ အတူတူဖြစ်သည်။ အထူးသတိပြုရန်မှာ ဣဿရမူလီကို သုံးစွဲမည့်သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားနှင့် ကိုယ်အလေးချိန်အချိုးအစားအတိုင်း စံနစ်တကျမှီဝဲသင့်၍ တတ်သိနားလည်သော ဆရာသမား ကောင်းများနှင့် တိုင်ပင်ပြီးမှသာ စိတ်ချလက်ချ သုံးစွဲသင့်ပေသည်။

ကြက်သွန်နီတစ်လုံး အခွံခွာ အလုံးလိုက်ရေဆေး ( စိတ်ပြီးမှမဆေးရ) လေးစိတ်စိတ် သကြားနှင့်စားပါ။ နံနက်တစ်လုံး၊ နေ့လယ် တစ်လုံး၊ ညတစ်လုံး တစ်နေ့သုံးကြိမ် ပုံမှန်စားပေးပါက လပိုင်းအတွင်း ဘီပိုး၊ စီပိုး သိသိသာသာ ပျောက်ကင်းသွားကြောင်း လေ့လာသိရသည်။

တရုတ်စကားအနီပင်၏ ပင်စည်အခေါက်ကို သုံးခွက်တစ်ခွက် ကျိုသောက်ပါ။ ဘုရားကုန်းတချို့တွင် ပေါက်ရောက်သော ခြင်္သေ့ နို့ရည်ပင်သည် Hepatitis A,B,C,D,E,F,G ဗိုင်းရပ်ကြောင့် အသည်းရောဂါများနှင့် အိပ်ရာကမထနိုင်သည့် လူနာသည်ပင် လူကောင်းအလား ပြန်လည်ကောင်းမွန်လာစေသည်။ ပေပင်၏ အရွက်ကိုပြုတ်သောက်ပါ။

မှတ်ချက်။ အထက်တွင် ဖော်ပြထားသော အသီးအရွက်က တချို့သူများအတွက် မွေးရာပါဓာတ်မတည့်မှု ဖြစ်တတ်၍ သတိချပ် ပါလေ။ ။
ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ- အရဟံသမြားနီဆေးကြီး


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...