ကမ္ဘာပတ်လမ်းထဲပိတ်မိနေတဲ့ ဂြိုဟ်တုနှစ်စင်းကို တရုတ်သိပ္ပံပညာရှင်တွေ အောင်မြင်စွာကယ်ထုတ်

တရုတ်အမျိုးသား အာကာသအေဂျင်စီက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ ပိတ်မိနေတဲ့ ဂြိုဟ်တုငယ်နှစ်စင်းကို အောင်မြင်စွာဆွဲထုတ်ပြီး လပတ်လမ်းထဲကို ပို့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်အမျိုးသား အာကာသအေဂျင်စီဟာ DRO-A နှင့် DRO-Bလို့ အမည်အသီးသီးပေးထားတဲ့ အဲဒီ ဂြိုဟ်တုနှစ်စင်းကို ၂ဝ၂၄ ခုနှစ်မတ် ၁၃ ရက်မှာ လောင်မတ်ချ်-၂ စီ ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီဂြိုဟ်တုငယ်နှစ်စင်းဟာ လပတ်လမ်းထဲကို ဝင် ရောက်နိုင်မယ့် ကြားခံပတ်လမ်းပေါ်ကို မရောက်ခဲ့ဘဲ နေရာမှားပြီး ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းမှာပိတ်မိနေခဲ့တာပါ။
လွှတ်တင်ပြီး ရက်ပေါင်း ၁၆၇ ရက်အကြာမှာတော့ တရုတ်သိပ္ပံပညာရှင်တွေဟာ ရှုပ်ထွေးသိမ်မွေ့တဲ့ နည်းလမ်းတွေသုံးပြီး DRO-A နဲ့DRO-Bတို့ ကို ကမ္ဘာပတ်လမ်းပေါ်ကနေ ဆွဲထုတ်ပြီး လပတ်လမ်းထဲကို အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ကမ္ဘာပတ်လမ်းကနေ ထွက်ပြီး လပတ်လမ်းထဲ ဝင်ဖို့အတွက် DRO-A နဲ့ DRO-B တို့ဟာ ပတ်လမ်းနေရာ ရွေ့လျားမှု ငါးကြိမ်၊ ပျံသန်းရာ လမ်း ကြောင်း ပြောင်းလဲမှုငါးကြိမ်နဲ့ လနဲ့ ကမ္ဘာတို့ရဲ့ ဒြပ်ဆွဲအားအကူအညီရယူ မှု ငါးကြိမ် ပြုလုပ်ခဲ့ရပါတယ်။
DRO-A DRO-B လပတ်လမ်းထဲ ဝင်ရောက်ခဲ့ပြီးတဲ့ နောက်မှာ တစ်စင်းနဲ့ တစ်စင်းခွာ ထွက်ခဲ့ကြပါတယ်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ