Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ

အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ

International News

အမေရိကန်နှင့် တွင်းထွက်ပစ္စည်းစာချုပ်ချုပ်ဆိုမည့် သတ်မှတ်ချက်များကို ယူကရိန်းက သဘောတူခဲ့ကြောင်း ယူကရိန်းထိပ်သီးအရာရှိတစ်ဦးက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။

“ကောင်းမွန်တဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့အတူ အဲဒီစာချုပ်ချုပ်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။ အဲဒါဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုလို့လည်း ရှုမြင်ထားပါတယ်” ဟု ယူကရိန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ
အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ

အမေရိကန်သည် ကနဦးတောင်းဆိုချက်ဖြစ်သည့် ဒေါ်လာ ၅၀၀ ဘီလျံတန်ကြေးရှိ ယူကရိန်း၏ သယံဇာတများကို တူးဖော်ခွင့် အစီအစဉ်ကို စွန့်လွှတ်ခဲ့သော်လည်း ယူကရိန်း၏ အဓိက တောင်းဆိုချက်ဖြစ်သည့် ခိုင်မာသည့် လုံခြုံရေးအာမခံချက်ကို မပေးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ
အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အဆိုပါသဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း ဝါရှင်တန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ထိုသဘောတူစာချုပ်ချုပ်ဆိုမှုအတွက် အပြန်အလှန်အနေဖြင့် ယူကရိန်းအတွက် ဆက်လက်တိုက်ခိုက်ခွင့် ရရှိလိမ့်မည်ဟု ထရန့်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး သဘောတူညီချက် ရရှိခဲ့သည့်အချက်ကိုမူ အတည်မပြုခဲ့ပေ။
“သူတို့က အရမ်းရဲဝံ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ငွေကြေး အကူအညီ၊ စစ်ရေး အကူအညီမရှိရင် ဒီစစ်ပွဲက အချိန်တိုအတွင်း ပြီးဆုံးသွားပါလိမ့်မယ်” ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ယူကရိန်းကို ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဆက်လက်ထောက်ပံ့မည် ဟုတ်၊ မဟုတ် မေးမြန်းခံရချိန်တွင်လည်း ထရန့်က “ရုရှားနဲ့ ကျွန်တော်တို့ သဘောတူညီမှု မရမချင်း ဆက်ပြီး ထောက်ပံ့ပေးဖို့ ဖြစ်နိုင်ပါတယ်။ သဘောတူညီမှုရဖို့လိုပါတယ်။ မရဘူးဆိုရင်တော့ ဆက်ပြီး ထောက်ပံ့သွားမှာပါ” ဟု ဖြေကြားခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ
အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ

ယူကရိန်းနိုင်ငံတွင် လစ်သီယံ၊ တိုက်တေနီယံ၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ရေနံနှင့် ယူရေနီယံများအပါအဝင် ဒေါ်လာဘီလျံချီသည့် သဘာဝသယံဇာတ များစွာရှိသည်။
ယခု သဘောတူညီချက်ကြောင့် အမေရိကန်သည် ယူကရိန်းအတွက် အသုံးပြုထားသည့် ငွေကြေး ပမာဏထက် ပိုမိုများပြားစွာ ပြန်လည်ရရှိလိမ့်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောကြားခြင်းမရှိသေးပေ။ယူကရိန်းအစိုးရ၏ သတင်းရင်းမြစ်တစ်ခုကမူ သဘောတူညီစာချုပ်၏ ကနဦးသတ်မှတ်ချက်များကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေးသားသူ- Eleven Media Group

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...