အဘိုးဖြစ်သူ သေစာရင်းအတုလုပ်ပြီး အလုပ်ကနေ ခွင့်ယူခဲ့သူ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံရ

အဘိုးဖြစ်သူရဲ့ သေစာရင်း အတုလုပ်ပြီး အလုပ်ကနေ ခွင့်ယူခဲ့တဲ့စင်ကာပူ အမျိုးသားတစ်ယောက်ဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံခဲ့ရပါတယ်။ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေကို စိစစ်လေ့လာသူအဖြစ် ဆောင်ရွက်နေတဲ့ ဘာရက်ဂိုပယ်ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ သူ့ချစ်သူ ဖောက်ပြန်နေတာကို သိသွားခဲ့ပြီး စိတ်ထိခိုက်သွားလို့ အလုပ်ကို အာရုံမစိုက်နိုင်အောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူ့ဟာ လစာမဲ့ခွင့် မယူချင်တဲ့အတွက် အိန္ဒိယမှာနေတဲ့ အဘိုးဖြစ်သူ နာရေးရှိလို့ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ခွင့်ပေးဖို့ လိမ်ညာခဲ့ပါတယ်။ အထက်အရာရှိက ဂိုပယ်ကို ခွင့်ပေးခဲ့ပေမဲ့ သေစာရင်းစာရွက်ပြဖို့ တောင်းဆိုခဲ့တဲ့အခါ အခြေအနေတွေက ရှုပ်ထွေးသွားခဲ့တာပါ။

ဂိုပယ်ကတော့ သေစာရင်းပြနိုင်ဖို့ အကြံထုတ်ခဲ့ပြီး အချိန်ဆွဲထားတဲ့အနေနဲ့ အိန္ဒိယကနေ သူ့အဖေ ပြန်လာမှပဲ သေစာရင်းစာရွက် လာပြပေးမယ်လို့ ဆိုခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ မကြာသေးခင်က ကွယ်လွန်သွားတဲ့ သူငယ်ချင်းရဲ့ မိသားစုကို ဆက်သွယ်ခဲ့ပြီး နာရေး လိုက်ပို့ထားစဉ်က အလုပ်ကနေ ခွင့်ယူထားတာဖြစ်လို့ သေစာရင်းစာရွက်မိတ္တူ ပြရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
သူဟာ အဲဒီသေစာရင်းစာရွက်မှာ သူငယ်ချင်းနာမည်အစား အဘိုးဖြစ်သူကို နာမည်ကို ပြင်ဆင်ပြောင်းလဲခဲ့ပြီး သူ့ရုံးကို ပြခဲ့ပါတယ်။ ဒါပေမဲ့ အထက်အရာရှိက သေစာရင်းစာရွက်ကို မသင်္ကာဖြစ်ပြီး မှတ်တမ်းမှတ်ရာအစုံ တောင်းခဲ့ပါတယ်။ ဂိုပယ်က မှတ်တမ်းမှတ်ရာ အစုံပေးခဲ့ပေမဲ့ အလိမ်ပေါ်တော့မှာကို ရိပ်မိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ အလုပ်ကနေ ထွက်စာ တင်ခဲ့တာပါ။
စင်ကာပူမှာ သေစာရင်းအတုလုပ်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူအနေနဲ့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀၀၊ ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ငွေဒဏ်၊ ထောင်ဒဏ် ၂ ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဂိုပယ်ကတော့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ပဲ ချမှတ်ခံရတာ ကံကောင်းတယ်လို့ ဆိုရမှာပါ။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ