Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း

ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း

International News Knowledge
ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း
ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း

 

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ အမှတ် ၅ အထက်လမ်းမကြီးဟာ ကမ္ဘာပေါ်မှာ ဆိုင်ခန်းငှားရမ်းခတန်ဖိုး အမြင့်ဆုံးနေရာအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပေမဲ့ အခုအခါမှာတော့ အီတလီနိုင်ငံ၊ မီလန်မြို့မှာရှိတဲ့ မွန်တီနပိုလီယွန်လမ်းမက အဲဒီဂုဏ်ပုဒ်ကို လွှဲပြောင်းရယူသွားခဲ့ပါပြီ။

အမေရိကန်လုပ်ငန်းစု Cushman & Wakefield က နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုးအမြင့်ဆုံး ဈေးဆိုင်တွေရှိရာ လမ်းမတွေကို အညွှန်းကိန်း ထုတ်ပြန်လေ့ရှိပြီး ကမ္ဘာတစ်ဝန်းက လမ်းမ ၁၃၈ ခုအနက် အမှတ် ၅ အထက်လမ်းမကြီးက နှစ်ရှည်လများ နံပါတ်(၁)ချိတ်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ဒီနှစ်မှာတော့ မီလန်မြို့ရဲ့ တန်ဖိုးကြီးပစ္စည်းများ ရောင်းချရာ မွန်တီနပိုလီယွန်လမ်းမက အမှတ် ၅ အထက်လမ်းမကြီးကို ကျော်တက်သွားခဲ့တာပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း
ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း

ဖက်ရှင်ပြပွဲတွေ၊ ဒီဇိုင်းပြပွဲတွေကြောင့် ကမ္ဘာတစ်ဝန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်တွေ လာရောက်လေ့ရှိတဲ့ မီလန်မြို့ဟာ အခွန်အခ သက်သာလို့လည်း သူဌေး၊ သူကြွယ်တွေ အခြေချနေထိုင်ရာ ဖြစ်လာနေပါတယ်။ မွန်တီနပိုလီယွန်လမ်းကို လာရောက်သူတွေဟာ အနည်းဆုံး တစ်ကြိမ်ကို ယူရို ၂၅၀၀ ဖိုးလောက် ဈေးဝယ်ကြလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အမှတ် ၅ အထက်လမ်းမကြီးရဲ့ ဆိုင်ခန်းငှားခတွေ ဈေးငြိမ်ခဲ့ပေမဲ့ မွန်တီနပိုလီယွန်လမ်းမှာတော့ ဆိုင်ခန်းငှားခ ၃၀ ရာခိုင်နှုန်း ဈေးတက်ခဲ့ပြီး လာမယ့်နှစ်တွေအတွင်းလည်း ဈေးထပ်တက်ဖို့ ရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

မွန်တီနပိုလီယွန်လမ်းမှာ စီးပွားရေးလုပ်ငန်း လုပ်ချင်သူတွေဟာ စတုရန်းပေ ၁ ပေ အကျယ်အဝန်းအတွက် ဒေါ်လာ ၂၀၀၀ နှုန်းနဲ့ ဝယ်ယူရမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ မွန်တီနပိုလီယွန်လမ်းမှာရှိတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် အရောင်းဆိုင်တွေဟာ တစ်နှစ်ကို ယူရို သန်း ၅၀ ကနေ သန်း ၁၀၀ ကြား ရောင်းရတဲ့အတွက် မြေတန်ဖိုးနဲ့ ငှားရမ်းခကို မမှုဘဲ ရင်းနှီးမြှုပ်နှံလျက် ရှိနေပါတယ်။.

ရေးသားသူ- Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...