Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်

နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်

Astrology Religion
နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ
မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်
နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်

နမော တေ ဗုဒ္ဓဝီရတ္ထု ၊ ဝိပ္ပမုတ္တော သိ သဗ္ဗဓိ ။
သမ်ဗာဓပ်ပဋိပန်နောသ်မိ၊ တသာ ( မေ ) သရဏံ ဘဝ ။

ဝီရ – သီလနှင့်မွေ့လျော် လုံ့လတော်အတန်တန် ရှိခိုးမှန်ငြား မြတ်စွာဘုရား ။ တေ – သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား ။ မေ – ဘုရားတပည့်တော်၏ ။ နမော – ကာယဝစီ မနောကြည်လျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည် ။ အတ္ထု – မုချယုံကြည် ဖြစ်ပါစေသတည်း ။

ဗုဒ္ဓ – ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိငြား မြတ်စွာဘုရား ။ တွံ – ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည် ။ သဗ္ဗဓိ – နေ့ရောညပါ အခါခပ်သိမ်း ။ ဝိပ္ပမုတ္တော – ပါရမီတန်ခိုး ပယ်နှိမ်ချိုးသဖြင့် အမျိုးမျိုးသော အန္တရယ်တို့မှ ကင်းလွတ်တော်မူသည် ။ အသိ – အလွန်သင့်လျော် ဖြစ်တော်မူပါပေ၏ အရှင်ဘုရား ။

အဟံ – မြတ်စွာဘုရားကို နေ့စဉ်အားထားပူဇော် ဘုရားတပည့်တော်မှာမူကား ။
သမ္ဗာဓပ္ပဋိပန္နော – ကျဉ်းမြောင်းခက်ခဲ ဒုက္ခနယ်စက်အတွင်းသို့ သက်ဆင်းကျရောက်နေရပါသည် ။

အသ္မိံ – ဝဋ်မကင်းသဖြင့် ညွှတ်ကွင်းပမာ ကိုယ်စိတ်ဆင်းရဲ ဒုက္ခမှန်စွာ ဖြစ်နေရပါသည် အရှင်မြတ်ကြီးဘုရား ။

တွံ – ဂရုဏာကြီးမား ရှင်တော်မြတ်ဘုရားသည် ။တဿ (မေ) – မြတ်စွာဘုရားကို နေ့စဉ်အားထားပူဇော် ဘုရားတပည့်တော်၏ ။ သရဏံ – ဘေးရန်ကင်းပ ချမ်းသာရကြောင်း ပုန်းအောင်မှီခိုရာသည် ။

ဘဝ – ဂရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ကူညီကယ်ယူတော်မူပါ အရှင်မြတ်ကြီးဘုရား ။
**************
မိမိအတွက် ရွတ်ဆိုပါက ( မေ ) ဟု ရွတ်ဆိုပါ။
သူတစ်ပါးအတွက် ရွတ်ဆိုပါက ( တေ )
ဟု ရွတ်ဆိုပါ။

ဘုရားရှေ့တွင် ဆီမီးတစ်တိုင်လှူဒါန်း၍ မိမိကိုယ်မိမိ နေနတ်သား၊လနတ်သားပမာထားကာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည်ဟု အာရုံပြုကာ နမောတေ ဂါထာတော်ကို သက်စေ့ရွတ်ပါ။

ပြီးလျှင် ဘုရားတည့်တော်အား နေနတ်သား၊လနတ်သားပမာထား၍ ဘုရားတပည့်တော် ယခုခံစားနေရသော ( )အခက်အခဲမှ ပြေပျောက်စေရန် “တထာဂတံ” ဂါထာတော်ဖြင့် အမိန့်တော်ထားတော်မူပါဘုရားဟု လျောက်ထားပြီး “တထာဂတံ” ဂါထာတော်ကို ( သူရိယော ) ( သူရိယံ )
( စန္ဒိမာ ) ( စန္ဒံ ) နေရာတွင် မိမိအမည်ကိုထား၍ ရွတ်ဆိုပါ။
( ကွက်လပ်နေရာတွင် ) မိမိမှာဖြစ်ပေါ်နေသော မကောင်းသော ဘေးရန် အတိုက်အခိုက် ငွေကြေးအခက်အခဲမှ စ၍ မိမိဖြစ်ပေါ်နေသော အခက်အခဲဟူသမျှကို ထည့်၍ရွတ်ဆိုနိုင်ပါသည်။
——————————————————
တထာဂတံ” ဂါထာတော်
( ခေါ် )
နေနတ်သား အတွက် ရွတ်ဆိုမိန့်ကြားသော ဂါထာတော်

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်
နမောတေ” ဂါထာတော် ( ခေါ် ) နေနတ်သား ၊ လနတ်သားမှ မြတ်စွာဘုရားအား တိုင်တည်ပူဇော်ကန်တော့သော ဂါထာတော်

********************
တထာဂတံ အရဟန္တံ ၊ ( သူရိယော ) သရဏံ ဂတော ။
ရာဟု ( သူရိယံ ) ပမုစ္စဿု ၊ ဗုဒ္ဓေါ လောကာနုကမ္မကာ ။
******************
သူရိယော – နေနတ်သားသည် ။ အရဟန္တံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော ။ တထာဂတံ – မြတ်စွာဘုရားအား ။ သရဏံ – ကိုးကွယ်ဆည်းကပ်ခြင်းကို ။ ဂတော – ရောက်ပေ၏ ။
ရာဟု – ရာဟုအသူရိန်နတ်မင်း ။ တွံ – အသင်သည် ။ သူရိယံ – နေနတ်သားကို ။ ပမုစ္စဿု – အမြန်လွှတ်လိုက်ပါလော့ ။ ဗုဒ္ဓေါ – မြတ်စွာဘုရားတို့မည်သည် ။ လောကာနုကမ္မကာ – လောက၌ ရှိရှိသမျှ လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါ အပေါင်းတို့အား အစဉ်သနား စောင့်ရှောက်တတ်ကုန်၏ ။
——————————————————-
“တထာဂတံ” ဂါထာတော်
( ခေါ် )
လနတ်သား အတွက် ရွတ်ဆိုမိန့်ကြားသော ဂါထာတော်
********************
တထာဂတံ အရဟန္တံ ၊ ( စန္ဒိမာ ) သရဏံ ဂတော ။
ရာဟု ( စန္ဒံ ) ပမုစ္စဿု ၊ ဗုဒ္ဓေါ လောကာနုကမ္မကာ ။
******************
စန္ဒိမာ – လနတ်သားသည် ။ အရဟန္တံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော ။ တထာဂတံ – မြတ်စွာဘုရားအား ။ သရဏံ – ကိုးကွယ်ဆည်းကပ်ခြင်းကို ။ ဂတော – ရောက်ပေ၏ ။
ရာဟု – ရာဟုအသူရိန်နတ်မင်း ။ တွံ – အသင်သည် ။ စန္ဒံ – လနတ်သားကို ။ ပမုစ္စဿု – အမြန်လွှတ်လိုက်ပါလော့ ။ ဗုဒ္ဓေါ – မြတ်စွာဘုရားတို့မည်သည် ။ လောကာနုကမ္မကာ – လောက၌ ရှိရှိသမျှ လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါ အပေါင်းတို့အား အစဉ်သနား စောင့်ရှောက်တတ်ကုန်၏ ။
****************
♣ နမောတေ ဂါထာတော် ♣ ရွတ်ဖတ်ရသောအကျိုး
++++++++++++++++++++
နမောတေ ဗုဒ္ဓ ဝီရတ္ထု ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ်ဗာဓ ပဋိပ်ပန်နောသ်မိံ၊ တဿမေ သရဏံ ဘ၀။
တထာဂတံ အရဟန္တံ စန္ဒိမာ သရဏံ ဂတော။
ရဟုစန်ဒံ ပမုစ်စဿု၊ ဗုဒ်ဓါ လောကာနုကမ်ပကာ။
တထာဂတံ အရဟန္တံ၊ သူရိယော သရဏံ ဂတော။
ရာဟုသူရိယံ ပမုစ္စဿု၊ ဗုဒ္ဓေါ လောကာနုကမ္ပကာ။
နေ့စဉ် ခုနှစ်ခေါက် သက်စေ့(၁၀၈) ခေါက် စသည်ဖြင့် အမြဲရွတ်ဆိုခြင်း၊ ပုတီးစိတ်ခြင်း များ ပြုလုပ်သင့်ပါသည်။ သို့မှသာ မကောင်းသော ဘေးဒဏ်ရန်အန္တရာယ်တို့သည် ၀င်ပေါက်မရှိ အောင် ကာကွယ်ညစောင့်ရှောက်သကဲ့သို့ လုံခြုံစေပါသည်။
တထာဂတံဂါထာကို နမောတေဂါထာကဲ့သို့ အခေါက်ရေများများ မရွတ်ဘဲ တစ်ခေါက်၊ သုံးခေါက်၊ ခုနှစ်ခေါက် ရွတ်ဆိုရပါသည်။ ဆရာတော်ကြီးတစ်ပါးက နမောတေဂါထာကို သက်စေ့ရွတ် ပြီး တထာဂတံဂါထာကို တစ်ခေါက်ရွတ်ပါဟု မိန့်မှာဖူးပါသည်။
လဆန်းမှ လပြည့်နေ့အထိ နမောတေ(၉)ရက် ကျင့်စဉ်
ဤကျင့်စဉ်ကို ၀င်မည်ဆိုရင် အောက်ပါစည်းကမ်းချက်များကို လိုက်နာရန် အရေးကြီး ပါသည်။ ပထမဦးစွာ မြတ်စွာဘုရားကို ဆီမီး၊ အမွှေးနံ့သာတိုင်၊ သောက်တော်ရေချမ်း၊ ပန်း စသည် တို့ကို မိမိ သဒ္ဓါတရားပေါ်မူတည်ပြီး ကပ်လှူပူဇော်နိုင်ပါသည်။
ကပ်လှူပူဇော်ပြီးတာနဲ့ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားနဲ့ အဆွေခင်ပွန်းကြီး ဆယ်ပါး၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကို လည်းကောင်း၊ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်ကြီးသောသူများကို ကာယကံ၊၀စီကံ၊ မနောကံနဲ့ ပြစ်မှားမှုများကို ၀န်ချတောင်းပန်ကန်တော့ပါ။
အဲဒီလို ၀န်ချတောင်းပန်ကန်တော့ပြီးပါက ရှေးဦးစွာ ဘုရားပင့်ပါ။ ဘုရားပင့်ပြီးလျှင် သြကာသကန်တော့ပါ။ ငါးပါးသီလခံယူဆောက်တည်ပါ။ ပြီးလျှင် မေတ္တာဘာ၀နာ ဆယ်မိနစ်ခန့် ပွားပေးပါ။ မေတ္တာဘာ၀နာပွားပြီးပါက ပုတီးကို ကိုင်ပြီး အောက်ပါအတိုင်း သစ္စာပြုပြီးမှ နမောတေဂါထာကို (၃)ပတ်၊ (၅)ပတ်၊ (၉)ပတ် ဖြစ်စေ ကြိုက်နှစ်သက်ရာကို ပုံမှန်စိပ်ရန် ဖြစ်သည်။
သစ္စာပြုပုံမှာ
တပည့်တော်သည် မိသားစုအားလုံးအတွက် စိတ်ဆင်းရဲခြင်းဒုက္ခ၊ ကိုယ်ဆင်းရဲခြင်းဒုက္ခ၊ နှလုံးစိတ်၀မ်းပင်ပန်းခြင်းဒုက္ခများနဲ့ တွေ့ကြုံနေရပါတယ် အရှင်ဘုရား။ အဲဒီဒုက္ခတရားမှ ကင်းစင်ပပျောက်စေဖို့ အရှင်ဘုရားမှ လွဲ၍ ကယ်မမည့်သူ မတွေ့ပါဘုရား။ ဤမှန်ကန်တဲ့ သစ္စာစကားကြောင့် တပည့်တော်ရဲ့မိသားစုဟာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံရပါလို၏ အရှင်ဘုရား။
ဤကဲ့သို့ သစ္စာပြုပြီးပါက နမောတေဂါထာကို မည်သည့်လဖြစ်စေ မြန်မာလဆန်း(၇)ရက် နေ့မှစပြီး လပြည့်နေ့(လဆန်း(၁၅)ရက်) အထိ မိမိတတ်နိုင်သလောက် (၃)ပတ်ဖြစ်စေ၊ (၅)ပတ်ဖြစ်စေ၊ (၉)ပတ်ဖြစ်စေ စိပ်ရမည်။ လဆန်း(၇)ရက်နေ့မှ လပြည့်နေ့(လဆန်း(၁၅)ရက်) အထိ (၉)ရက်တိတိ ပုတီးပတ်ရေအတိအကျဖြင့် ပုံမှန် မပျက်မကွက်၀င်ရပါမည်။
ဒီကျင့်စဉ်ကို ဘယ်လောက်ကြီးတဲ့ အခက်အခဲဖြစ်ဖြစ် ၀င်ရောက်ကြည့်ပါ။ (၉)ရက် (၃)ကြိမ်ပြည့်ပြီးပါက အံ့သြလောက်ဖွယ်အောင်မြင်မှု့များ သင်ကိုယ်တိုင် တွေ့ကြုံရပါလိမ့်မည်။ တစ်လတစ်ခါအမြဲ ၀င်သင့်တဲ့ ကျင့်စဉ်တစ်ခုလဲ ဖြစ်ပါတယ်။
နမောတေဂါထာကို အစွမ်းထက်မြက်စေရန် ရာဟုထောင့်မှာ စိပ်ရပါမယ်။
မည်သည့်အခက်အခဲ၊ အကျပ်အတည်းနဲ့တွေ့ကြုသည်ဖြစ်စေ၊ခါင်းခဲလောက်သော နာမည်ပျက်စရာ သောကဝေဒနာရှင်အတွက်လည်းကောင်း၊ မထွေးနိုင်၊မအန်နိုင်သော လူမှုရေးကိစ္စများအတွက် လည်းကောင်း၊ ဤနမောတေဂါထာကို လဆန်း(၇)ရက်နေ့မှ လပြည့်နေ့ (လဆန်း(၁၅)ရက်) အထိ (၉)ရက် အဓိဋ္ဌာန်ကို (၃)ကြိမ်ထက်မနည်း ၀င်ရောက်ကြည့်ရုံနှင့် သိသာနိုင်ကြောင်း တိုက်တွန်းလိုက်ပါသည်။
ပုတီးစိပ်လျှင် နမောတေဂါထာနဲ့ အမိန့်ပြန်တမ်း ဂါထာနှစ်ပုဒ်ဆုံးမှ ပုတီးတစ်လုံးချစနစ် နဲ့ စိပ်နိုင်ပါတယ်။
ဒုတိယပုဒ်မှာပါတဲ့ (စန္ဒိမာ)နေရာမှာ ကာယကံရှင်နာမည် ထည့်ရပါမယ်။ (စန္ဒံ)ဆိုတဲ့နေရာမှာလဲ ကာယကံရှင်နာမည် ထည့်ဆိုရပါမယ်။ ထိုသို့ ရွတ်ဆိုပါက အမှောင့်ပယောဂ တောင် ကင်းဝေးတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။
ကျမ်းကိုး
ဝဂ္ဂသံယုတ် ပါဠိတော်
#Credit
#ဆရာအောင်(လောကီပညာ)မှထပ်ဆင့်ပြန်လည်မျှဝေသည်”

ရေးသားသူ- Crd

 


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...