Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်း အာဆင်နယ်မန်နေဂျာအာတီတာပြော

International News Sports
ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်း အာဆင်နယ်မန်နေဂျာအာတီတာပြော
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော
ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော

အာဆင်နယ်မန်နေဂျာ အာတီတာက ၎င်းအနေဖြင့် အသက်မသေသေးသမျှ ပရီးမီးယားလိဂ်ဆုဖလားအတွက် လက်လျှော့မည် မဟုတ်ကြောင်း အခိုင်အမာထုတ်ဖော်ပြောဆိုလိုက်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော
ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော

အာဆင်နယ်သည် အာတီတာတာဝန်ယူပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကစိန်ခေါ်နိုင်သည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ဆုဖလားကို အမှန်တကယ် ကိုင်မြှောက်နိုင်ခြင်း မရှိသေးသလို ယခုရာသီတွင်လည်း ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးနှင့် ၁၁ မှတ်အကွာ ဒုတိယနေရာတွင် တည်ရှိနေခြင်းဖြစ်သည်။

သို့သော်အာတီတာကမူ “အချို့သော အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကစားသမားတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ လက်တွဲလုပ်ဆောင်ရတာက ကျေနပ်စရာပါပဲ။ ဒါပေမဲ့ ရာသီမစခင်မှာကျွန်တော်တို့အနေနဲ့ နာရီဝက်ကြာတိုင်း ကစားသမားတစ်ဦးအနီကတ်ပြသခံရတဲ့အဖြစ်မျိုး ငါးကြိမ်ရှိမယ်လို့ တစ်ဦးဦးကပြောနိုင်မလား။ ဒီတော့ ကစားသမားအရေအတွက်ကို ဆုံးရှုံးရပြီ။
ဒီတော့ရလဒ်ကဘာလဲ။ ချန်ပီယံလိဂ်က ထွက်ရမှာလား။ ဒါပေမဲ့ အဲဒါက အဓိကမဟုတ်ဘူး။ ကျွန်တော့်အတွက် ဒါက ဂုဏ်ယူစရာပဲ။ ထိပ်ဆုံးမှာ ရှိချင်လေလေ ပိုရှိချင်လေလေပဲ။ မရပ်တန့်ဘူး။ သေမှရပ်မယ်။ စံချိန်တွေကိုအနိုင်ယူပြီး စံညွှန်းတွေကို ထိမှန်ဖို့ပိုကြိုးစားမယ်”ဟု ကတိပြုပြောဆိုခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော
ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေခါမှလက်လျှော့မည်ဖြစ်ကြောင်းအာဆင်နယ်မန်နေဂျာအာတီတာပြော

အာဆင်နယ်သည် ယခုရာသီ တွင် အနီကတ်ကြောင့် ရမှတ်ဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ရပြီး မန်စီးတီး၊ ဘရိုက်တန်တို့နှင့် သရေကျခဲ့ သော ပွဲစဉ်များတွင် ပွဲပြန်စရန်နှောင့်နှေးမှုကြောင့် ဒုတိယအဝါကတ်ပြသခံရပြီး ကစားသမားထုတ်ပယ်ခံခဲ့ရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရေးသားသူ- The Standard Time Daily

 


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...