“ငွေဆုံးမလိုဖြစ်ခြင်း၊ ဘေးဒုက္ခတွေ့ခြင်း၊ကျန်းမာရေးညံ့ခြင်းများနှင့်
စီးပွားလာဘ်လာဘများ အတွက် အဓိဌာန်ကျင့်စဉ်”

အဘမင်းသိင်္ခရဲ့ပေါ့ပေါ့ပါးပါးကျင့်စဉ်(သို့) အဓိဌာန်များ
၂၇လုံးပုတီး တစ်ကုံးတော့ လိုအပ်ပါတယ်။
“ဒုတိယမ်ပိ ဗုဒ္ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ္မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ရွတ်ဆိုပြီး ပုတီးတစ်လုံးချပြီး တစ်ပတ်စိတ်ပါ။
မနက်ပုတီးတစ်ပတ်၊ ညပုတီးတစ်ပတ် စိတ်ပေးပါ။
အဓိဌာန်တစ်ခါလုပ် ၈ရက်တိတိ စိတ်ပေးပါ။
ပုတီးတစ်ခါ စိတ်ပြီးတိုင်း တစ်ခါ မိမိလိုချင်သော ဆုတစ်ဆုကို တောင်းပါ။
ယခုအဓိဌာန်အတွက် လိုက်နာရန်အချက်များ

(၁)ပုတီးစိတ်သော အချိန်မှန်ရမယ်။
ပထမစိတ်တဲ့အချိန် မနက်၉နာရီ၊ ည၉နာရီဆိုလျင် နောက်နေ့စိတ်လဲ ထိုအချိန်ပဲ ပြုလုပ်ရပါမယ်။
(၂)ပုတီးစိတ်သော နေရာမှန်ရမယ်။
ပထမနေ့ ဘုရားစင်ရှေ့လုပ်ပြီး ညဘက် အိမ်ခန်းထဲလုပ်၍မရပါ။
(၃)ဆုတောင်းစာ တိကျမှန်ကန်ရပါမယ်။
ပထမနေ့ “ငွေရပါစေ”ဟု ဆုတောင်းပြီး၊ နောက်နေ့ “ငွေဝင်ပါစေ”လို့ ဆုတောင်း၍ မရပါ။တောင်းသောဆုသည် တိတိကျကျ ဖြစ်နေရပါမယ်။ ထို့ကြောင့် မိမိရဲ့ တောင်းဆုကို စာရွက်၌ ရေးထားလျှင် ပို၍ ကောင်းပါတယ်။
(၄)အဓိဌာန်တစ်ခါလုပ်တိုင်း(၈ရက်) ဆုအများကြီး တောင်း၍မရပါ။ ဆုတစ်ဆုပဲ တောင်းပါ။ ၈ရက်လုပ်၍ တောင်းဆု မပြည့်လျင် နောက်တစ်ခါ (၈ရက်) ထပ်လုပ်ပါ။ အဓိဌာန် မအောင်မချင်း ၉ခါ ပြုလုပ်ရပါမယ်။
(၅)မဖြစ်နိုင်သော ဆုတောင်း၍မရပါ။
Credit……ဤအဓိဌာန်ကို ဆရာကြီးမင်းသိင်္ခမှ နှုတ်ဖြင့်ပြောပြ၍ ဆရာသိဒ္ဓိဆန်းမှ ကူးယူရေးထားခဲ့သော စာကို အမှတ်တရအနေဖြင့် ဖော်ပြလိုက်ပါသည်။
ရေးသားသူ-CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ