Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ စျေးရောင်းချက်ချင်း …ကောင်းပါစေ…

စျေးရောင်းချက်ချင်း …ကောင်းပါစေ…

Astrology
စျေးရောင်းချက်ချင်း …ကောင်းပါစေ…
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ စျေးရောင်းချက်ချင်း …ကောင်းပါစေ…
စျေးရောင်းချက်ချင်း …ကောင်းပါစေ…

စျေးဦးတောင် မပေါက်သော ၊အရောင်းအဝယ်အရမ်းကိုခက်ခဲ နေသော ရောင်းကုန်ပစ္စည်းမျိုးစုံ အတွက် လက်တွေ့သိသိသာသာ ရောင်းကောင်း စျေးဦးပေါက်စေသော ယတြာလေးတစ်ခု ပြောပြမယ်။ကုန်စုံဆိုင်၊ ဆိုင်ထိုင် ရောင်းသောသူဖြစ်စေ ၊ဆိုင်ခန်းမရှိ ကား ၊လှည်း သို့မဟုတ် လူကိုယ်တိုင် လှည့်လည် ရောင်းချရသောသူ၊Online Shopping ၊ Live shopping အရောင်းအဝယ်သမားများ အားလုံး ယတြာကို ပြုလုပ်နိုင်ပါသည်။ လက်တွေ့ပြုလုပ်သော မည်သူမဆို ချက်ချင်းလက်ငင်းသိသိသာသာ ရောင်းဝယ်ကောင်းလာတာကိုလည်း တွေ့မြင်နေရပါသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ စျေးရောင်းချက်ချင်း …ကောင်းပါစေ…
စျေးရောင်းချက်ချင်း …ကောင်းပါစေ…

တနင်္ဂနွေနေ့တွင် ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။
တနင်္လာနေ့တွင် ဇီးထုတ် ၊ဇီးသီး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။
အင်္ဂါနေ့တွင် ရှောက်ယို၊ရေနွေး မိမိအဆင်ပြေတာကို စားသုံးပါ။
ဗုဒ္ဓဟူးနေ့တွင် မြေပဲကြော် ၊ပဲပြားကြော်၊ဘဲဥ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။
ကြာသပတေးနေ့တွင် သာကူ၊သကြား၊သွေးဆေး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။
သောကြာနေ့တွင် ထန်းလျက်၊နွားနို့ ၊နို့မလိုင်၊ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။
စနေနေ့တွင် အုန်းသီးပေါင်မုန့် ၊အုန်းသီးဘိန်းမုန့် ၊အာလူးကြော် မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

ထို့အပြင် (နမောတဿ ယတောမဟိ ၊ဟိမတောယ ဿတမောန )ဂါထာ ကိုမိမိတတ်နိုင်သော ငွေစက္ကူတရွက် ပေါ်တွင်ရေးပါ။ ရေးထားသော ငွေစက္ကူကို အလှုမင်္ဂလာယပ်တောင် သို့မဟုတ် ယပ်တောင်အသစ် တစ်ခုတွင်ကပ်ပါ။

မှတ်ချက် နာရေးယပ်တောင်ကို လုံးဝအသုံးမပြုရပါ။ ထို့နောက် အထက်တွင် ပေးထားသော နေ့အလိုက်အစားအစာများကို စားသုံးပြီး ငွေယပ်တောင်လေးနှင့် မိမိရောင်းချမည့် အမျိုးမျိုးသောကုန်ပစ္စည်းများကို ၂၄ချက် ခပ်ခပ်ပြီး အမြန်ရောင်းကောင်းပါစေဟု ဆုတောင်းလိုက်ပါ။ ဆရာမရေ…စျေးဦးတောင်မပေါက်လို့ဆိုပြီး သည်းမနေတော့နဲ့နော် ဒီယတြာလေးကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ဆောင်ရွက်ကြည့်လိုက်ပါ။

ရောင်းဝယ်ဖောက်ကား ရောင်းကောင်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။ အရောင်းအဝယ်သမားများအကုန်လုံး စီးပွားလာဘ်လာဘ အမြန်ချက်ချင်း ပွင့်လန်းကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

ရေးသားသူ- CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...