“ထိရောက် အောင်မြင်အစွမ်းထက်သော ဗေဒင်ပညာရှင်ကြီးများ၏ ဖယောင်းတိုင်ပညာ”

“ဆရာက ဒေါ်ပိုက်အကြောင်း ဆောင်းပါးထဲမှာ ဆေးဖယောင်းတိုင် ယတြာရေးမယ်ဆိုပြီး ခုထိ မရေးသေးပါ လား။ မဟာဝိဇယဘုရားက ခင်စံသူ ရောက်မှ ဆရာက ဖယောင်းတိုင်ယတြာ နဲ့တွဲပြီး ဓာတ်စုံယတြာ သင်ပေးထား တယ်ဆို”
“ဟုတ်တယ်ဆရာကျော်ရဲ့၊ ဆရာ မကြီးဒေါ်ပိုက် အမြဲသုံးနေတဲ့ ဆေး ဖယောင်းတိုင်အကြောင်းရေးဖို့ ပြော ထားပေမယ့် မရေးဖြစ်သေးဘူး။ ဆေး ဖယောင်းတိုင်ယတြာဟာ ကျွန်တော် အကြိုက်ဆုံးယတြာထဲက တစ်ခုပေါ့။ ကျွန်တော်ကိုယ်တိုင် အမြဲသုံးခဲ့တဲ့ ဓာတ် ကြီးလေးပါးယတြာ၊ နဝင်းယတြာကို တော့ ရေးပြီးပြီလေ”
“ဒါပေမယ့် ဆရာ့ကတိအတိုင်း ဒီ တစ်ခါတော့ ဆေးဖယောင်းတိုင်ယတြာ ကို ရေးသင့်တာပေါ့။ ဒါမှ စာဖတ်သူ ရော ဗေဒင်ပညာရှင်ပါ သုံးလို့ရတယ် လေ
“ရေးပါ့မယ် ဆရာကျော်၊ ဆေး ဖယောင်းတိုင်က အစွမ်းထက်ပြီး ထိ ရောက်အောင်မြင်တာတော့ ကိုယ်တွေ့ ဆရာကျော်။ ကိုယ်တွေ့ဖြစ်သလို ကိုယ် သင်ကြားပေးခဲ့တဲ့ တပည့်တွေ အသုံးပြု တာ သူတို့လည်း လက်တွေ့ အောင်မြင် တယ်။ ဒီဆေးဖယောင်းတိုင်ယတြာဟာ မြောက်ဥက္ကလာမှာ ခုထိဟောနေတဲ့ ဆရာမကြီးဒေါ်ပိုက်ရဲ့ လက်စွဲယတြာ လေ။ ဆရာမကြီးဒေါ်ပိုက်ဟာ သရက် တောကျောင်းတိုက်နားမှာ နေတုန်းက ဒလတို့၊ ခနောင်တိုကလူတွေ မေးလေ့ရှိ တယ် ဒီနေ့အထိပဲ။ မြောက်ဥက္ကလာ အထိ သွားမေး၊ ရှိတယ်။ ဆရာမကြီး ဒေါ်ပိုက်ဆီမှာ မေးလေ့ရှိသူတွေ လက် တွေ့ လို့ အလွန် သဘောကျ ကြတယ်”
“ဆရာကကော ဒီဆေးဖယောင်း တိုင်ယတြာကို ဘယ်လိုရလဲ”
“ရတာက ဒီလို ဆရာကျော်ရဲ့။ လွန်ခဲ့တဲ့ နှစ်(၂၀)နီးပါးက နက္ခတ်ဗေဒင် ဆရာကြီး ဦးမြကြီးထံမှာ သင်တန်းတက် တုန်းက ရတယ်။ ဆရာကြီးရဲ့ ဇနီး ဆူးလေဒေါ်နုယဉ် ဆိုတာ ဆရာမကြီး ဒေါ်ပိုက်ထံမှာ တပည့်ခံခဲ့တယ်။ ဆရာ ကြီးဆီမှာ ခွင့်တောင်ပြီး သင်တန်းသား အားလုံး ဆရာမကြီးဒေါ် နုယဉ်ကို ဆန်း ဗေဒင်သင်ခိုင်းတယ်။ အဲဒီမှာ ဆရာမ ကြီး ဒေါ်နုယဉ်သင်တဲ့ ဆန်းကျမ်းမှာ ဆေးဖယောင်းတိုင် စနစ်တကျသင် ပေးခဲ့တယ်။ လက်တွေ့ အသုံးချကြည့် တော့ ထူးထူးခြားခြား အောင်မြင်တာ တွေ့ရတယ်။ ခုတော့ ဆရာကြီးဦးမြကြီး ရော ဆရာမကြီး ဆူးလေဒေါ်နုယဉ်ပါ
ကွယ်လွန်ရှာပြီ “ဆေးဖယောင်းတိုင်ဆိုတာ ရတ နာဒီပံဖယောင်းတိုင်လိုလား ဆရာ” “မဟုတ်ဘူး ဆရာကျော်ရဲ့၊ ဂုဏ်
တော်လို့ပဲဆိုရမှာပေါ့။ ဂုဏ်တော်ကိုးပါး ကိုအခြေပြုပြီး ဖြစ်ပေါ်လာတဲ့ ဂါထာ။
ဣစ္ဆာသယဂါထာလို့လည်း ခေါ်တယ်။ ဒါကို အင်းအနေနဲ့လည်း သုံးတယ်။ ဗား မဲ့လက်တွေ့ကျမ်းမှာ ပါတယ်။ ဆရာမ ကြီးဒေါ်ပိုက်ကတော့ ဖယောင်းတိုင်မှာ ရေးပြီးသုံးတယ်”
“ဆရာမကြီးဒေါ်ပိုက်က စ သုံးတာလား ဆရာ “မဟုတ်ဘူး ဆရာကျော်ရဲ့၊ ဆန်း ဗေဒင်ဆရာကြီး ဦးကျော်လှိုင်လည်း သုံး တာတွေ့ရတယ်။ သူ့ရဲ့ အင်းသင်တန်း မှာပါတယ်။ ဆရာကြီးဦးကျော်လှိုင် တာလည်း ဆရာမကြီးဒေါ်ပိုက်အဘိုး ဘိုးဆန်းထံမှာ ဆန်းဗေဒင်သင်ခဲ့ရတယ်။ ဆရာကြီးဦးကျော်လှိုင် ဆန်းဗေဒင်ဆရာ ကြီး ဦးထွန်းမြတ်ထံမှာ ဆန်းဗေဒင်သင် တုန်း ဆရာကြီးဦးထွန်းမြတ် ဆုံးသွား တော့ ဆရာကြီးဦးထွန်းမြတ်တပည့်ဖြစ် တဲ့ ဆရာကြီး ဦးဘိုးဆန်းထံမှာ ဆန်း ဗေဒင် ဆက်သင်ခဲ့တယ်။ ဖယောင်းတိုင် ယတြာဟာ ဆန်းဗေဒင်ဆရာကြီး အ ဆက်ဆက်သုံးခဲ့တဲ့ ယတြာပါ ဆရာ ကျော်။
ဂုဏ်တော်ကစွမ်းသလို ဂုဏ် တော်ကပွားလာတဲ့ ဂါထာကလည်း အ စွမ်းထက်တာပေါ့။ ဂါထာဖြစ်လာပုံက
ဒီလို ဆရာကျော်ရဲ့။ ဂုဏ်တော်ကို အခြေပြုပြီး ဒီလို
ရေးထားတယ်”
“လက်စသတ်တော့ “ဣ ရ ဇ္ဇာ ဂ တ္တ ရ ဿာ’ ဂါထာပဲ ဆရာရဲ့။ ကျွန် တော် နေ့တိုင်းရွတ်နေတဲ့ဂါထာပဲနော်”
“ဟုတ်လား ဆရာကျော်” “အသုံးချပုံလင်္ကာတောင် ရသေး တယ်။ လင်္ကာက ဒီလို ဆရာရဲ့။
၁။ ပထမဣရရွာဂတ္ထာ ထမင်းပန်း ၍စား၊ မုချ ဓားသွားမတိုးဘဲလား။ ၂။ တိအသုံးမှာ ဆေးကွမ်းရရာ ရွတ် ခါ နေ့တိုင်းစား။ မြင်က ချစ်သနား။
၃။ ပိကိုတစ်ဖန်၊ အနာပေါက်ပြန်၊ မှန် စွာငရုတ်၊ ပန်းကာသုတ်၊ မုချမ ပျောက်လား။ သုံးလို့ပြန်မှု၊ ရှင်ရင်း မြတ်စွာ၊ ဤဂါထာ ရေးပါစက္ကူ ဖယောင်းဖြူ၊ ချိန်မူ (၂) ကျပ်သား၊ သူ့နာနံကိုအရင်းထား၊ ဘုရားလက်
မှာထွန်းပါ၊ စုတ်လေမနေနား။ ၄။ သောကားတစ်ဝ၊ ဣတ္ထိယ၊ ရွတ်
ပနေ့တိုင်းသွား၊ မြင်ကချစ်သနား။ ၅။ ဘကိုတစ်ဖန်၊ အကျဉ်းခံ၊ အမြန်
အလွတ်လား။

၆။ ဂမူတစ်လီ၊ ဆုံတွင်းဆီမန်း၊ လိမ်း
ကာမှုတ်၊ ကိုယ်တွင်သုတ်၊ မုချ ဧကန်ဓား။
၇။ ဝါအရေးရှိ၊ ရွတ်တုံဘိ၊ သိဒ္ဓိဆာ
ယာသွား။
၈။ အ၏အလို၊ ဆန္ဒဆို၊ လိုရာသုံး တော့လား။
ဘ, ဘပိတ်၊ ဂ, ဂပိတ်၊ ဝါ, ဝါပိတ် လုံးရေကိုစစ်၊ (၂၁) လုံးဖြစ်၊ ရေ . မှာပစ်လည်း ရေမနစ်၊ မီးမှာစစ်လည်း မီးမခြစ်၊ မသိသူကျော်လေထုံး၊ သိတဲ့သူ ဖော်၍သုံး၊ မယုံမရှိရ၊ ဣတိပိသောကွန် ချ
“အမှတ် (၈) ဂါထာဟာ အပိတ် အရေးကြီးတယ်။ လူကြီးများနဲ့ပြောတဲ့ အခါ တရားတဘောင်တွေ့ရာမှာ အ ဟန့်အနေနဲ့ သုံးနိုင်တယ်လို့ ဆိုတယ် ဆရာကျော်”
“ဆရာပြည်သိန်းကျော် ရေးတဲ့ ထူးခြားထင်ရှား ထက်မြက်သော ဂါထာ၊ မန္တန်ကျင့်စဉ်များ ပေါင်းချုပ်မှာလည်းဣတိပိသောသည်းခြေ သို့မဟုတ် ဗားမဲ့
ဆရာတော် လက်တွေ့ကျမ်းလာ ဣစ္ဆာသယဂါထာတော်ဆိုပြီး၊ ကိုယ်တွေ့ဆို
ပြီး ရေးသားထားပါတယ်” “ဟုတ်လား ဆရာကျော်ရဲ့။ စာ ရေးဆရာမကြီးဒေါ်ကြွယ်ကြွယ်ကလည်း ဣရဇ္ဇာဂါထာနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ တွေ ရေးခဲ့တယ်။ ဆရာမင်းသူရိန်ရဲ့ ဗုဒ္ဓဂုဏ်တော်နှင့် ကိုယ်တွေ့ဖြစ်ရပ်ထဲ မှာပါတယ်။ ဒါ့အပြင် ပင်မဂုဏ်တော် ပုတီးစိပ်နည်းမှာ ဒီလိုဖော်ပြထားသေး တယ် ဆရာကျော်။ ဒီဂါထာပုတီးစိပ်ရင် အနန္တပွဲ ထိုးရမယ်။ ဖယောင်းတိုင်မှာ ကွန်ချာရှစ်ပုဒ်ရေးပြီး နေ့စဉ် ပူဇော်ရ မယ်။ စေတီတစ်ဆူ ပွဲထိုးရမယ်။ ငါးပါး သီလလုံရမယ်။ အမြတ်စား လုံရမယ်။ ၎င်းဂုဏ်တော်ကွန်ချာကို တစ်ခုစီ (၉၀၀၀) ပြည့် စေတီတစ်ဆူတည်ပါ။ (ပုတီးအပတ် ၉ဝဝဝ စိပ်ရန် ဖြစ်တယ်)။ စုစုပေါင်း (၈)ဆူ ဖြစ်တယ်။ (၈)ဆူပြီးက ပြောတိုင်း၊ လိုတိုင်း ရတယ်။ သစ္စာဝါဒီ ရသေ့ကြီးနည်းလို့ ဆိုတယ်။ စေတီတည် ပြီးပါက အောက်ပါအတိုင်း ထီးတင်ရှ မယ်။ အနေကဇာတင်ဂါထာ (၁၈) ပုဒ် တစ်ပုဒ်တစ်လုံးချ တစ်ပတ်စိပ်။ (၁၈) ပုဒ် (၁၈)ပတ်စိပ်ပြီးရင် ထီးတင်ပြီး အနေ ကဇာတင်ဂါထာများ ရွတ်ပေးလို့ တယ်။ ဒါက ၎င်းဂါထာနဲ့ပတ်သက်လို့ ကျင့်လိုသူအတွက် ဖော်ပြတာပါ ဆရာ ကျော်”
“က္ကရဇ္ဇာဂါထာနဲ့ ပတ်သက်ပြီး ပြည့်စုံပါတယ် ဆရာ။ ဒါတင်မက ဣရဇ္ဇ္ဇာဂါထာ(၈)ပုဒ်လုံး နေ့စဉ်ရွတ်ပါ က ပုဂ္ဂိုလ်ထူးတွေနဲ့ တွေ့ ရတယ် ဆို သေးတယ် ဆရာကျော်”
“ဟုတ်လား ဆရာ၊ ဆရာကိုယ် တိုင်ကော ရွတ်ဖူးလား”
“ရွတ်ဖူးတာပေါ့၊ ဟိုလွန်ခဲ့တဲ့နှစ် ပေါင်း (၃၀) ကျော်လောက်က ကျွန် ထမ်းဆောင်နေတဲ့ အောင်လံမြို့ နယ် ပြလိုရွာနားက စကားတောင်ပေါ် မှာ မိုက်ကရိုတာဝန်ထမ်းဆောင်တုန်းကရခဲ့တာ။ ရပုံက ဒီလို ဆရာကျော် တစ် နေ့တော့ ဝတ်ဖြူစင်ကြယ်နဲ့ပုဂ္ဂိုလ်ကြီး တစ်ယောက်လာပြီး တောင်ပေါ်မှာ အဓိ ဌာန်ဝင်တယ်။ သူနဲ့စကားလက်ဆုံကျ ရင်း ဣရဇ္ဇာ
ဂါထာရွတ်လို့ ပြောတယ်။ ပြီးတော့ ၎င်းဂါထာပါတဲ့ ဆေးဝင်္ကဘာ ဆရာတော်ရဲ့ စာအုပ်ပါ ပေးခဲ့တယ်။ ဒီပုဂ္ဂိုလ်ကပဲ‘အရဟံ’ပုတီးစိပ်နည်းပေး ခဲ့သေးတယ်။ ပုတီးစိပ်နည်းလည်း သင် ပေးခဲ့တယ်။ အရဟံကို တစ်နေ့ ပုတီး ပတ်တစ်ထောင်စိပ်တဲ့အခါ လက်မနဲ့ လက်ညှိုးနဲ့ မစိပ်နဲ့။ ရန်များတယ်။ လက် ခလယ်နဲ့စိပ်လို့ သင်ပေးခဲ့သေးတယ်”
“စိပ်ဖြစ်လား ဆရာ” “(၅) နှစ်လောက် စိပ်ဖြစ်တယ်” “ဣရဇ္ဇာ
ဂါထာကော စိပ်ဖြစ်လား” “စိပ်ဖြစ်တယ်၊ တစ်နေ့ (၈) ပတ်
စိပ်တယ်”
“ထူးကောထူးခြားလား ဆရာ” “ထူးခြားတာပေါ့ ဆရာကျော်” “ထူးခြားမှုတွေရေးပါလား ဆရာ
“မရေးတော့ပါဘူး ဆရာကျော်၊ ဒါကြောင့်လည်း ဣရဇ္ဇာဂါထာတော် မြတ်ကို အဲဒီကတည်းက ပုတီးမစိပ် တောင် ရွတ်လာခဲ့တယ် ဆရာကျော်။ နက္ခတ်ဗေဒင်ဆရာကြီး ဦးမြကြီးရဲ့ဇနီး မှာ ဆန်းဗေဒင်သင်တဲ့အခါ ယတြာ ဖယောင်းတိုင်ကလည်း ဣရဇ္ဇာဂါထာနဲ့ စီစဉ်တာ။ လက်တွေ့လည်းသုံး၊ တပည့် တွေကို သုံးခိုင်းတော့ လက်တွေ့အောင် မြင်တာပါလား။ဒလက ဆရာမကြီးဒေါ် ပိုက်ရဲ့ ပရိသတ်တွေကလည်း ထောက်ခံ တယ်။ အံ့ဩလောက်အောင် ထိရောက် အောင်မြင်တာကိုး။ ဆရာမကြီးဒေါ်ပိုက် အကြောင်းရေးဖို့ မေးမြန်းတုန်းက ဆရာ မကြီးကိုယ်တိုင် ဒီနေ့တိုင် ဆေးဖယောင်း ခေါ်တဲ့ ယတြာဖယောင်းတိုင်ပေးတယ်”
“ယတြာဖယောင်းတိုင် စီရင်နည်း က လွယ်သလား”
“လွယ်တယ်လို့ .. ပြောမရသလို ခက်တယ်လို့လည်း မဆိုနိုင်ဘူး။ ပထမ ဆုံးကတော့ ဣရဇ္ဇာ အစချီတဲ့ ဂါထာ တော်ကိုရွတ်ရသလို မမှားအောင်လည်း ရေးတတ်ရမယ်။ ပြီးတော့ ဖယောင်းတိုင် မှာ ဂါထာကို ရေးသားတဲ့အခါ အသက် အောင့်ရေးရတယ်။ ဆရာမကြီး ဆူးလေ ဒေါ်နုယဉ်ရဲ့စီရင်နည်းကို ကိုယ်တိုင်သင် ယူခဲ့ရတော့ သင်တဲ့အတိုင်း၊ ကျွန်တော် ဆောင်ရွက်တဲ့အတိုင်း ပြောပြမယ်ဆရာ ကျော်။ မပြောခင် ဂါထာသုံးနည်းတွေကိုအရင်ပြောချင်ပါတယ်။
ရှစ်ဂါထာကို အလိုရှိသလို ဉာဏ်လွှာသုံးလို့ရတယ်။ စာရွက်မှာရေးရင် မ ရေးခင် ရေးတဲ့ခဲတံ၊ စာရွက်ကို သနချေ ပြီး အသက်သွင်း သိဒ္ဓိတင်ရတယ်။ အ နာအကျိတ်ဖြစ်တဲ့အခါ”ပိ သ ရ လော ပု သ ဗု”ကို (၇) ခါ သို့မဟုတ် (၂၁) ခါ ရွတ်မန်း၊ အကျိတ်ကြေတယ်။ အမှုဖြစ် ရင် ဖယောင်းတိုင်မှာ” သော မ္မာဏ က ရိ တ္ထာ ဒေါ” လို့ရေးပြီး ဘုရားမှာ ဆီမီး ပူဇော်ရင် အမှုကျေအေးတယ်။ စသည် တစ်ဂါထာ အကျိုးကျေးဇူးတွေ များလှ တယ်။ ဒီလိုအကျိုးကျေးဇူးများလှတဲ့ ဒီဂါထာကို ရှေးဆန်းဆရာကြီးတွေက ဆန်းဗေဒင်နဲ့အညီ စီရင်ခဲ့ကြတယ်။ ယတြာဖယောင်းတိုင်လို့ခေါ်တဲ့ဖယောင်း တိုင် စီရင်နည်းဟာ စနစ်ကျလို့ ဆရာ ကိုင် ဖြစ်တယ်။ဒါကြောင့် ဖယောင်းတိုင် ယတြာကို ဆရာတွေတတ်ထားသင့်သ လို အရေးအကြောင်းကြုံက.ကိုယ်တိုင် ဆောင်ရွက်နိုင်အောင် အပြည့်အစုံ စနစ် တကျ ဖော်ပြပေးပါမယ်။
ဆေးဖယောင်းတိုင်စီရင်နည်းမှာ ဆရာတွေအတွက်ကတော့ ဘုရားပွဲလို အပ်တယ်။ ကိုယ်တိုင်ယတြာအနေနဲ့ ဆောင်ရွက်မယ့်သူတွေအဖို့က ပွဲမလို တပ်ဘူး။ (၃၂) တိုင် အပြည့်ပါတဲ့ ဖယောင်းတိုင် (၂) ထုပ် မီးပူဇော် ဖို့ ဖယောင်းတိုင် ၅)တိုင် လိုတယ်။ ရေးမမဲ့ကညစ်မရှိပါက မင်ကုန် နေတဲ့ ဘော(လ်)
ပင်ကိုကညစ်အနေနဲ့ အသုံးပြုလို့ရတယ်။ဆရာ့အဖို့ ဖယောင်း နဲ့ရေးမယ့်ကညစ်ကို ပွဲထဲထည့်၊ ပွဲမပါတဲ့ သူအဖို့ ဘုရားကျောင်းဆောင်မှာထားလို့ ရပါတယ်။ ဆေးဖယောင်းတိုင်စီရင်မယ့် သူဟာ ဘုရားရှိခိုး၊ ငါးပါးသီလခံယူ။ ၌ နောက် ဖယောင်းတိုင်ထုပ်နဲ့ ဖယောင်း တိုင်မှာရေးမယ့် ကညစ် သို့မဟုတ် ဖယောင်းတိုင်ကိုယူပြီး သန့်ရှင်းသွား အောင် သနချေ။ သနချေတယ်ဆိုတာ ဖယောင်းထုပ်နဲ့ ကညစ် (ဘောလ်ပင်) ကို ကိုင်ပြီး – “သန၊ သန မဟာသန၊ထောင်သောင်းမက ကျေဆရာကျေ၊ ပြေဆရာပြေ၊ ပျောက်ဆရာပျောက်”။ (၇) ခေါက်ဆို။
ဤသို့ သနချေပြီးပါက စင်ကြယ် တဲ့ ဖယောင်းတိုင်ထုပ်ရပြီ။ ဖယောင်း တိုင်ထုပ်ကိုယူပြီး ဖယောင်းတိုင်တစ်တိုင် စီမှာ” ဣ ရ ဇ္ဇာ ဂတ္တ ရ ဿာ” ရေး။ (၈) တိုင်ရေး။ ရေးတဲ့အခါမှာ
အသက်အောင့်ရေးရမယ်။ ၎င်း (၈)တိုင်ကို စက္ကူ နဲ့ထုပ်၊ နံပါတ် (၁) လို့ မှတ်ထား။ အလားတူ
(တိ ဟံ စတာ ရောထိ နံ) လို့ ဖယောင်းတိုင် (၈) တိုင်လုံးမှာ ရေးတိုင်း အသက်အောင့်ရေး၊ အမှတ် (၂) လို့ မှတ်ထား။ “ပိသရလောပုသဗု”
အထက်ပါအတိုင်းရေး
အမှတ် (၃)မှတ်ထား။
“သော မ္မာ ဏ က ရိ တ္ထာ ဒေါ’
ကို အမှတ် (၄)။
‘ဘ သ သ ဝိ သ ဒေ ဘ’ က အမှတ်(၅) ။
“ဂ မ္ဗု မ္ပ ဒူ ဓ ဝ ဂ”
က အမှတ်(၆)။
“ဝါ ဒ္ဓေါ န္နော အ မ္ပ မ ဝါ”က အမှတ်(၇)
“အ ဝိ သု နု သာ နု တိ”က
အမှတ် (၈)။
အထက်ပါအတိုင်းရေးရင် ဖယောင်း (၈) စုံ ရမယ်။ တစ်စုံချင်းရေးလည်း ရပါတယ်။
အထက်ပါရေးပြီးတဲ့
ဆေးဖယောင်းတိုင်များကိုင်ပြီး အသက်သွင်း
ရပါမယ်။
အသက်သွင်းနည်းက –
*ဣတိပိ အရဟံ၊ အဝိဉာဏက
ဩသဓံ၊ သဝိဉာဏက၊ သမ္မာအံအံ ဆိုပြီး (၇) ခေါက် ဖယောင်းတိုင်
ကိုင်ပြီး ရွတ်ဆိုရမယ်။ အရင်က အသက်သွင်းပြီးပြီဆိုရင် သိဒ္ဓိတင်
ရပြန်သေးတယ်။ သိဒ္ဓိတင်နည်းက
ဖယောင်းတိုင်ကိုင်ပြီး ရ
-သိဒ္ဓိ သိဒ္ဓိ သိဒ္ဓိအပေါင်း ထောင်
သောင်းမက ထင်ဆရာထင်၊ ထဆရာ ထ၊ ကြွဆရာကြွလို့ (၇) ခေါက် ရွတ်ဆို
ရပါမယ်။
ယခုဆိုရင် အစွမ်းထက်တဲ့
ယတြာ (ဆေး) ဖယောင်းတိုင် ရပါပြီ။ ကိုယ်တိုင် ယတြာဖယောင်းတိုင် ဆောင်ရွက်သူအဖို့ကတော့ လက်တွေ့ အသုံးချရပြီ ဆရာများအနေနဲ့ ယတြာ ဖယောင်းတိုင် ယတြာချေမည့်သူကို ယတြာဖယောင်းတိုင်ကို အပ်တဲ့အခါမှာ ဆရာဖြစ်သူက –
‘ဤနေ့၊ ဤရက်၊ ဤအချိန်၊ ဤ အခါ၌ ယတြာဆေးဖယောင်းတိုင်ကို ထွန်းညှိသည့်အချိန်မှစ၍ (—) နေ့သား ၌ စွဲကပ်နေသော မကောင်းသောဘေး မကောင်းသောရန်, ရန်သူမျိုးငါးပါးနှင့် (၉၆) ပါးသောဝေဒနာ ကင်းရှင်း၍ စိတ် ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့်တကွ စီးပွားဥစ္စာရတနာများ ဆတက် ထမ်းပိုး တိုးပွားပါစေသတည်း’ ဆိုပြီး ဖယောင်းတိုင်ကို ပေးရပါတယ်”
“ဆေးဖယောင်းတိုင် လုပ်နည်း တော့ သိရပြီ ဆရာ၊ ဘယ်လိုဖယောင်း တိုင်ကို ထွန်းရမလဲ”
“ဖယောင်းတိုင်ထွန်းနည်းက
၁။ ကျန်းမာရေးညံ့တဲ့သူကို ဘုရား ကျောင်းဆောင်ရှေ့မှာ ဘုရားကိုပူဇော် စေပြီး ပတ်ပတ်လည်က ဖယောင်းတိုင် (၈)တိုင်တစ်စုံကို လှည့်ပတ်ထွန်းရတယ်။ ကျန်းမာရေးညံ့တဲ့သူက ဘုရားကိုအာရုံ ပြုစေရတယ်။ ထွန်းတဲ့အခါ အမှတ် (၁) ဖြစ်တဲ့ ဣရဇ္ဇာ အစချီရေးထားတဲ့ ဖယောင်းတိုင်ကို မွေးနံအရပ်ကစပြီး အစီအစဉ်တိုင်းထွန်းရမယ်။ ဆရာကျော် က ဆိုတော့ ကြာသပ တေးဖြစ်တဲ့ အနောက်အရပ်က စထွန်း ရတယ်။ ကြာသပတေး ပြီးတော့ ရာဟု စသည် ထွန်းရမယ်နော်။ အကယ်၍ ကျန်းမာရေးညံ့နေပြီး အိပ်ရာထဲလဲနေ တဲ့အထိ ဖြစ်နေက ဘုရားအမှူးထားပြီး ဂြိုဟ် (၈) ခွင်မှာ ဘုရားပူဇော်ရမယ်။ မွေးနံအရပ်ကနေ လက်ယာရစ် ပူဇော်ရ မယ်။ (၃၂) တိုင် ဖယောင်းတိုင်လုံး စီရင် ထားက (၄) ရက် လူနာကိုယ်စား မီးပူ ဇော်။ အကယ်၍ ရောဂါအသည်းအ သန်ဖြစ်ပါက (၃၂) တိုင် ဖယောင်းထုပ် (၂) ထုပ်ကိုစီရင်ပြီး (၈)ရက်ထွန်းရတယ်။ သေနေ့စေ့တဲ့လူနာကလွဲ၍ လုံးဝ ထူး ခြားတာ တွေ့ ရပါတယ် ဆရာကျော်။ သေသွားရင်တော့ ညင်ညင်သာသာနဲ့ အသက်ထွက်တာ တွေ့ရတယ်။
၂။ ဖယောင်းတိုင် ယတြာဟာ ဘယ်အခြေအနေမျိုးမဆို ပေးလို့ရ တယ်။ အမှုအခင်းပြဿနာ၊ စုန်း, နတ် အတိုက်အခိုက်ကစပြီး စီးပွားရေး၊ လူမှု ရေးမှာ အသုံးပြုလို့ရတယ်။ သာမန်ကိစ္စ တွေ ဖယောင်းတိုင် (၃၂)ဆိုရင် (၄)ရက် တိတိ အသုံးပြုလို့ရတယ်။ တိုင်ထိပ်တန်း စီး ဘာလဲကြည့်၊ ၎င်းနေ့မှာ ယတြာ ဖယောင်းတိုင်ကို သုံးလို့ရတယ်။ ယတြာ ဖယောင်းတိုင်ကိုစီရင်ပြီး အိမ်ကဘုရား မှာ တစ်နေ့ (၈) တိုင် ဂါထာ (၈) ခါလုံး မီးပူဇော်ရတယ်။ သိပ်ပြီးအခက်အခဲကြီး နေရင် ဖယောင်းတိုင် (၃၂) တိုင်ပါ သုံး ထုပ် (၈)ရက်ထွန်းက အခက်အခဲမှန် သမျှ ပြေပျောက်တယ်။ လက်တွေ့ပဲ
ဆရာကျော်” ။
“နဝင်းနဲ့ ဘာထူးခြားလဲ ဆရာ”
“နဝင်းက ဆရာကြီးဦးကြာမြင့်တို့ဗေဒင်အချုပ်ရဲ့ မဟာဘုတ်လက်စွဲနည်း။ ဒီနည်းက ဆန်းဗေဒင်နည်း ဆရာကျော်။ သတိထားရမှာက အစီအစဉ်အ တိုင်း ဖယောင်းတိုင်ထွန်းရတယ်။ ဘုရား မှာထွန်းထွန်း၊ အိမ်ရှေ့ဘုရားမှာ ပတ် ပတ်လည်ထွန်းထွန်း။ ထွန်းက မွေးနံအ ရပ်က စ,ထွန်းရတယ်။ မွေးနံအရပ်ကို မြန်မာဗေဒင်ပညာနဲ့ အကျွမ်းမဝင်တဲ့သူ တွေ့ပြရရင် ဘုရားမှာရှိတဲ့ဂြိုဟ်ခွင်အ တိုင်း ဖြစ်တယ်။
၁။ တနင်္ဂနွေသားသမီး -အရှေ့မြောက်၊
၂။ တနင်္လာသားသမီး – အရှေ့၊
၃။ အင်္ဂါသားသမီး – အရှေ့တောင်၊
၄။ ဗုဒ္ဓဟူးသားသမီး – တောင်၊
၅။ စနေသားသမီး – အနောက်တောင်၊
၆။ ကြာသပတေးသားသမီး – အနောက်၊
၇။ ရာဟုသားသမီး – အနောက်မြောက်၊
၈။ သောကြာသားသမီး – မြောက်အရပ်။
ဆန်းဗေဒင်ဆရာကြီး ဦးကျော်လှိုင်ကတော့ အသုံးပြုနည်းထဲက ကြောင်းအရာတစ်ခုစီကို ဖယောင်းတိုင် စီရင်လေ့ ရှိတယ်။ ၁၉၆ဝ ပတ်ဝန်းကျင် က ထင်ရှား ကျော်ကြားခဲ့တဲ့ အတုလ ဆရာတော်ကလည်း ဖယောင်းတိုင်မှာ ဂါထာ (၈) ဂါထာထဲက သက်ဆိုင်တဲ့ ဂါထာကိုရေးပြီး မီးထွန်းရတယ်။ ဆရာ အတုလဆရာအောင်ရဲ့နည်းက –
အတိုက်အခံများမယ်ဆိုရင် တန် ပြန်အနေနှင့် ဒဏ်ပြန်လိုရင်
“ဣ ရ ဇ္ဇာ ဂတ္တ ရ ဿာ” ကို ဖယောင်းတိုင်မှာရေး ပြီး မီးထွန်းရမယ်။
ကျန်းမာရေးနဲ့ ပတ်သက်လာရင် “တိ ဟံ စ တော ရော ထိ နံ” ဖယောင်း တိုင်မှာရေး၊ မီးထွန်း။
အရောင်းအဝယ်ကောင်းစေလို သော် (ရွှေ၊ ငွေလိုသော်)
“ပိ သ ရ လော သ ဗု” ဖယောင်းတိုင်မှာရေးရမယ်။
မိမိအား အထက်လူကြီးများက ချစ်ခင်စေရန်၊ အခြားသူများရဲ့ အကူ အညီရစေရန်
‘သော မ္မာဏ က ရိ တ္ထာ ဒ္ဓေါ” ကို ဖယောင်းတိုင်မှာရေးသူတစ်ပါးက မိမိအား မကောင်း ကြံသော်
” ဘ သ သ ဝိ သ ဒေ ဘ”လို့ ဖယောင်းတိုင်မှာရေးရမယ်။
ဆရာတိုက်၊ စုန်းတိုက်၊ နတ်တိုက် အတွက် “ဂ မ္ဗု မ္ပ ဒူ ဓ ဝ ဂ”
’ကို ဖယောင်း တိုင်မှာ ရေးရတယ်။
မင်းစိုးရာဇာရဲ့ ချစ်ခင်မှုရစေရန် “ဝါ ဒ္ဓေါ နော့ အ ပ္ပ အ မူ မ ဝါ”ကို ဖယောင်း တိုင်မှာ ရေးရမယ်။
လာဘ်လာဘငွေကြေးလိုသော်
‘အ ဝိ သု နု သာ နု တိ’ ကို ဖယောင်း တိုင်ထွန်းရမယ်။
ဖယောင်းတိုင်မှာ မွေးနံထည့်ပေး ရမယ်လို့ အတုလဆရာအောင်က မှာ တယ်။
ဒါက · အတုလဆရာအောင် အ သုံးပြုခဲ့တဲ့ ရှေးဗေဒင်ပညာရှိကြီးတွေရဲ့နည်း ဆရာကျော်” “တန်ဖိုးရှိလိုက်တာ၊ ဆရာကသာဒီလိုမဖော်ပြရင် အများမသိလိုက်ရဘဲ ကွယ်ပျောက်သွားမှာနော်” “ဟုတ်ပါတယ် ဆရာကျော်၊ – ဒါ
ကြောင့်လည်း တန်ဖိုးရှိတဲ့ မြန်မာဗေဒင် ရှေးဟောင်းပညာရပ်ကို ပြန်လည် ဖော် ထုတ်ရတယ်။ ယတြာဖယောင်းတိုင်’ ခေါ်တဲ့ ဆေးဖယောင်းတိုင်ကို ဆရာကြီး ဦးကျော်လှိုင်ကလည်း ဆရာမကြီးဒေါ် ပိုက်လို ့ တိုင်ထိပ်တန်းစီးနေ့တွေမှာ ဖယောင်းတိုင်ထွန်းရမယ်လို့ ဆိုတယ်။ ဖယောင်းတိုင်မီးသတ်ရာမှာ ပါးစပ်နဲ့ မမှုတ်ရ၊ အကောင်းဆုံးက ကွမ်းရွက် ကတော့လုပ်ပြီး ငြိမ်းရမယ်”
“ဒါနဲ့ ဆရာ၊ ဆရာကြီးဦးကျော် လှိုင်ရော ဒေါ်ပိုက်မှာပါ တိုင်ထိပ်နဲ့ တန်း စီးနေ့တွေမှာ ယတြာဖယောင်းတိုင်ထွန်း ရမယ် ဆိုတယ်။ ကျွန်တော့်အဖို့ မလိုပေ မယ့် ဆန်းဗေဒင်ပညာနဲ့ စိမ်းနေတဲ့သူ အဖို့ တိုင်ထိပ်တန်းစီးနေ့ကို သိဖို့မလွယ် ဘူး။ အလွယ်လုပ်ပေးသင့်တယ်”
“လုပ်ပေးရမှာပေါ့ ဆရာကျော်။ တိုင်ထိပ်တန်းစီးနေ့ကို လွယ်လွယ်သိရဖို့ က အသက်ကိုတည်၊ (၈) နဲ့စားလို့ရတဲ့ အကြွင်း၎င်းအကြွင်းကို မွေးနံကနေ လက်ယာရစ်ရေး ကျရာနံမှာ သုံးတန် ပေါ်နိစ်တိုင်ထူ။ တန်းစီးတိုင်ထိပ်ရွှာရ တယ်။ ဒါကြောင့် ရတဲ့အကြွင်းကြည့်ပြီး တန်းစီးတိုင်ထိပ်ရှာနည်း ဒီလိုဖြစ်တယ်။
၁။ တန်းစီးတိုင်ထိပ်နေ့ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ဖြစ်တဲ့ အကြွင်းက တနင်္ဂ နွေသားအဖို့ အသက်ကိုတည်၊ (၈) နဲ့စား က ၁ကြွင်း၊ တနင်္လာက ဝကြွင်း၊ အင်္ဂါ က ၇ကြွင်း၊ ဗုဒ္ဓဟူးက ၆ကြွင်း၊ စနေက ၅ကြွင်း၊ ကြာသပတေးက ၄ ကြွင်း၊သောကြာက ၂ကြွင်း။
၂။ စနေနဲ့ တနင်္လာတိုင်ထိပ်ဖြစ်
တဲ့နေ့က အသက်ကိုတည်၊ (၈) နဲ့စားလို့ ရတဲ့အကြွင်း တနင်္ဂနွေက ၂ကြွင်း၊ တနင်္လာက ၁ကြွင်း၊ အင်္ဂါက ၁ကြွင်း၊ ဗုဒ္ဓဟူး ၇ကြွင်း၊ စနေက ၆ကြွင်း၊ ကြာသပတေးက ၅ကြွင်း၊ သောကြာက ၃ကြွင်း။
၃၊ ၄။ ကြာသပတေးနဲ့ စနေတိုင် ထိပ်ဖြစ်တဲ့နေ့က အသက်ကို (၈) နဲ့စား လို့ (၇) အကြွင်းက တနင်္ဂနွေ (၃) နဲ့ (၄) ကြွင်း။ တနင်္လာ (၂) နဲ့ (၃) ကြွင်း၊ အင်္ဂါ ၁ကြွင်းနဲ့ ၂ကြွင်း၊ ဗုဒ္ဓဟူး ဝ နဲ့ ၁ ကြွင်း၊ ကြာသပတေး ၇ကြွင်းနဲ့ ၂ကြွင်း၊ သောကြာ ၄ကြွင်းနဲ့ ၅ကြွင်း။
၅။ သောကြာနဲ့ တနင်္ဂနွေတိုင် ထိပ်တန်းစီးဖြစ်တဲ့နေ့က အသက်ကို တည်၊ (၈)နဲ့စားလို့ရတဲ့အကြွင်းက တနင်္ဂ နွေ ၅ကြွင်း၊ တနင်္လာ ၄ကြွင်း၊ အင်္ဂါ ဗုဒ္ဓဟူး ၂ကြွင်း၊ စနေက ၁ကြွင်း၊ ၃ကြွင်း၊ ကြာသပတေး ဝကြွင်း၊ သောကြာက ၆ကြွင်း။
၆။ တနင်္ဂနွေနဲ့ အင်္ဂါတန်းစီးတိုင် ထိပ်ဖြစ်တဲ့နေ့က အသက်ကိုတည်၊ (၈) နဲ့စားလို့ရတဲ့ တနင်္ဂနွေသားသမီးအဖို့ ၆ကြွင်း၊ တနင်္လာဘဖို့ ၅ကြွင်း၊ အင်္ဂါအဖို့ ၄ကြွင်း၊ ဗုဒ္ဓဟူးအဖို့၊ ၃ကြွင်း၊ စနေအဖို့ ၂ကြွင်း၊ ကြာသပတေးအဖို့ ၁ကြွင်း၊ သောကြာအဖို့ ၇ကြွင်း။
၇။ တနင်္လာနဲ့ ဗုဒ္ဓဟူးတန်းစီးကိုင်
ထိပ်ဖြစ်တဲ့နေ့က အသက်ကိုတည်၊ (၈) နဲ့စားလို့ရတဲ့… တနင်္လာသားသမီးအဖို့ ၇ကြွင်းတနင်္လာအဖို့ ၆ကြွင်းအင်္ဂါအဖို့ ၅ကြွင်းဗုဒ္ဓဟူးအဖို့ ၄ကြွင်း၊ နေအ ၃ကြွင်း၊ ကြာသပတေးအဖို့ ၂ကြွင်း၊ သောကြာအဖို့ ဝကြွင်း။
၈။ အင်္ဂါနဲ့ ကြာသပတေးတန်းစီး တိုင်ထိပ်ဖြစ်တဲ့နေ့က အသက်ကိုတည်း (၈) နဲ့စားလို့ရတဲ့ တနင်္ဂနွေသားသမီးအဖို့ စကြွင်း၊ တနင်္လာ ၇ကြွင်း၊ အင်္ဂါ ၆ကြွင်း၊ဗုဒ္ဓဟူး ရခြင်း၊ နေ့ ၄ကြွင်း ကြာသပ းတူး ခုကြွင်း၊ သောကြာ မကြင်းတို့ ဖြစ် ၊ အပိုင်းအလိုက် နေ့ကောင်းရက်ကောင်း၊
ရက်ရာဇားတူဖြစ်တဲ့ တန်းစီးကိုင်ထိပ်
နေ့တွေပါ” “
တန်ဖိုးရှိလိုက်တာ ဆရာ၊ နေ့ ကောင်းတွေကို အသက်လိုက် အသင့် ရွေးပေးထားတာ။ အသက်ကိုတည်၊ (၈) နဲ့စား။ တကြွင်းကြည့်ရုံနဲ့ နေ့ကောင်း ရက်ကောင်း သိရပြီ”
“ဟုတ်ပါတယ်ဆရာကျော် အချို့ တွေ သင်္ချာနဲ့ဝေးနေလို့ (၈) နဲ့ တောင် ပားတတ်တဲ့သူတွေ ရှိတယ်။ ဒါကြောင့် စားစရာမလို၊ လက်တင်အသင့်သုံးနိုင် ဖို့အတွက် ပေးပါရဦးမယ်။
အသက်ကိုတည်၊ (၈) နဲ့စားလို့ရတဲ့အကြွင်းက ၁ကြွင်းတဲ့အသက်တွေက – ၁၊ ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊
၂ကြွင်းတဲ့အသက်တွေက – ၂၊ ၁၀၊
၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅ဝ၊ ၅၈၊ ၆၆၊ ၇၄၊၈၂။
၃ကြွင်းတဲ့အသက်တွေက – ၃၊ ၁၁၊ ၁၉၊၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊၈၃။
၄ကြွင်းတဲ့အသက်တွေက – ၄၊၁၂၊
၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊၈၄။
၅ကြွင်းတဲ့အသက်တွေက – ၅၊ ၁၃၊
၂၁၊၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊၈၅
၆ကြွင်းတဲ့အသက်တွေက – ၆၊ ၁၄၊
၂၂၊ ၃၁၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇ဝ၊ ၇၈၊
၇ကြွင်းတဲ့အသက်တွေက – ၇၊ ၁၅၊
၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇။
၀ကြွင်းတဲ့အသက်တွေက – ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊၈၈
တွက်ခရာမလိုဘဲ မိမိအသက်သိ ရုံနဲ့ (၈) နဲ့စားစရာမလိုဘဲ အကြွင်းသိ မယ်။ အကြွင်းသိရင် မိမိတစ်နှစ်တာ အကောင်းဆုံးနေ့ကို သိရမယ်။ ဒီလိုသိ ရမယ်ဆိုရင် ယတြာဖယောင်းတိုင်ကို စီရင်လို့ရပါပြီ”
“ ဖယောင်းတိုင်နဲ့ပတ်သက် လို့ကတော့ ပြည့်စုံပါပြီ၊ စနစ်တကျလုပ် တော့ ခက်မယ်နော်”
“ဟုတ်ပါတယ် ဆရာကျော်ပါ မယ့် အချို့သောဆရာများက စက္ကူ၊ မှ ဝါရေးပြီး ဖယောင်းတိုင်မှာကပ် ပြီး ကြားယောင်းတိုင်လုပ်လေ့ရှိ တယ် ဆရာကျော်
“စွမ်းကောစွမ်းပါ့မလား” စွမ်းတယ် ဆရားကျော်ရဲ့။ မီးပူ
ဇော်ဂါထာက အစွမ်းထက်ပြီးသားလေ” “ပွဲမပါဘဲ လုပ်လို့ကော မရဘူး လား”
“ရပါတယ် ဆရာကျော်၊ စီရင်ပေး မယ့်ဆရာတွေက ပွဲလိုတယ်။ မိမိအ တွက်သုံးဖို့ဆိုရင် ဒါလောက်ပလိုပါဘူး ဆရာကျော်။ အသက်သွင်းတာတွေ၊ သိဒ္ဓိတင်တာတွေတောင် မလိုဘူး။ ယတြာဖယောင်းထွန်းလိုက်တာနဲ့ အ စွမ်းထက်နေပါပြီ ဆရာကျော်။ ဆရာ တွေအနေနဲ့ကတော့ စနစ်တကျလုပ်ဖို့ တော့ မမေ့ပါနဲ့ ဆရာကျော်”
“ယတြာဖယောင်းတိုင်နဲ့ပတ်သက် လို့ ပြည့်စုံပါပြီ ဆရာ။ နဝင်းပညာနဲ့ ပတ်သက်လို့ ဗေဒင်ဆရာခပ်များများ ဟာ နဝင်းကိုသုံးနေပြီ ဆရာ။ နဝင်း ဖောင်းပွနေပြီ ပြောရမလား ဆရာ”
“ဟုတ်ပါတယ် ဆရာကျော်၊ ကျွန် တော့်အဖို့ ဗေဒင်ဆရာတွေ စနစ်တကျ နဝင်းလုပ်ဆောင်တတ်ဖို့ ရည်ရွယ်ချက် နဲ့ရေးခဲ့တာ ဆရာကျော်။ နဝင်းကမှား ရင် ဆရာထိတယ်။နဝင်းပညာကို လော ဘတက်ပြီး လုပ်ဆောင်ပေးတဲ့ဆရာတွေ နဝင်းဆရာတစ်ယောက်အနေနဲ့ ကျင့် ကြံရမယ့် နဝင်းကျင့်စဉ် မလိုက်နာဘဲ နဝင်းလုပ်ဆောင်ပေးရင် ရမယ့်ငွေကြေး ထက် ပေးဆပ်ရမယ့်အရာကများတယ် ဆရာကျော်။
ဒါပေမယ့် ယတြာဖယောင်းတိုင် လုပ်ဆောင်ပေးတဲ့ ဆရာတွေအဖို့ ကုသိုလ်တောင်ရတယ်။ လုပ်ဆောင်ပေး တဲ့ယတြာတာက ဘုရားဂုဏ်တော်တွေ ပါလို့ဖြစ်တယ်။ လုပ်ဆောင်ပေးတဲ့ဆရာ ရဲ့ အကျင့်စရဏပေါ်မူတည်ပြီး ယတြာ ဖယောင်းတိုင်က အစွမ်းထက်တယ် ဆရာကျော် ဖယောင်းတိုင်ယတြာဟာ နဝင်းယတြာလိုပဲ အစွမ်းထက်တယ်။ ဆရာကျော်လို ကျင့်ကြံအားယုတ်မှုရှိတဲ့ သူအဖို့ကတော့ ယတြာဖယောင်းတိုင် သာလုပ်၊ အောင်မြင်မှုတွေရပါလိမ့်မယ်”
ရေးသားသူ- ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ