နိုင်ငံခြားမှာအလုပ်အဆင်ပြေစေရန်

အလုပ် အဆင်ပြေ စေချင်တယ်။ ကျွန်တော်ရဲ့ မေးလ်ကို နိုင်ငံတကာက ဆက်သွယ် မေးမြန်းလာကြတဲ့ အထဲမှာ အများဆုံးက အလုပ်ကိစ္စ ဖြစ်နေတယ်။ အလုပ် အဆင်မပြေဘူး။ အလုပ် ပြောင်းရတော့မယ်။ အလုပ်က ထွက်ရတော့မယ်။ အလုပ်နေရာ မြဲမှာလား ။ အစုံပါပဲ။
ကျွန်တော်တို့ မြန်မာပြည်မှာ အလုပ်အဆင်မပြေရင် သိပ်ပြီးပြဿနာမရှိဘူး။ ဒါပေမဲ့ နိုင်ငံခြားမှာ အလုပ် အဆင်မပြေရင်တော့ တော်တော်မလွယ်ဘူးဗျ။ ကိုယ့်အခန်း ကိုယ်ငှားနေရတယ်။ တလတလ အခန်းခ ဆိုတာကလည်း ကိုယ့်မြန်မာငွေနဲ့ တွက်ကြည့်လိုက်ရင် မနဲမနောပဲ။ တော်တော် များတာ။ လ ကုန်လို့ ကိုယ့်မှာ အခန်းခပေးစရာ မရှိလို့ကတော့ အထုပ်ပိုက် ဆင်းရတော့တာ။ အခန်းပိုင်ရှင်တွေက နှင်ချတော့တာ။ နောက်လမှ ပေါင်းပေးပါ့ မယ်ဆိုတာ ဒီမှာ မရဘူး။

သူတို့မှာ အားနာတာတို့ သနားတာတို့ သိပ်မတွေ့ရဘူး။ လကုန်ရင် ရေခ မီးခ အခန်းခ အမှိုက်ခ အားလုံး ပေါင်းပြီး ဘောင်ချာစာရွက် တစ်ရွက် လာပေးမယ်။ အဒါဆိုရင် စာရွက်မှာကျသလောက် အဆင်သင့် ရှာထားပေတော့။ နောက်တစ်နေ့မှာ ကျွန်တော်တို့ တိုက်ပိုင်ရှင်က လာကောက်တော့မယ်။ မပေးနိုင် လို့ကတော့ အစောက ကျွန်တော် ပြောသလို မောင်းချတော့တာ။ ကျွန်တော့်အခန်းမှာတောင် ကျွန်တော် ခေါ်ထားပေးတာ (၃) ယောက်ရှိတယ်။
ထားပါတော့လေ။ ဒီအကြောင်းတွေ ပြောပြရရင် ကုန်နိုင်မယ် မထင်ပါဘူး။ ကျွန်တော် ပြောပြချင်တာက အလုပ် ကိစ္စ အဆင်ပြေ စေချင်တယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် ၊ ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ မူတည်ပြီး၊ အားလုံး အဆင်ပြေဖို့ လိုပါတယ်။ ပြောရရင်တော့ ဟာမိုနီပေါ့။ ဟာမိုနီ ပျက်သွားရင် သွားပြီ။ ဒါကြောင့် ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ် အမြဲတမ်း အဆင်ပြေဖို့ အတွက်ဆိုရင်တော့ အောက်မှာ ကျွန်တော် ပြောပြထားတဲ့ ယတြာလေးကို မကြာခဏ ဆောင်ရွက်ပေးပါဗျာ။
အလုပ်အဆင်ပြေစေသောယတြာ
တနင်္ဂနွေနေ့ နံက် (၉း၄၅)တွင် အုန်းရည် (၆)ခွက် ဘုရားလှူပြီး အလုပ် အဆင်ပြေအောင် ဆုတောင်းပါ။
ဒါပါပဲ။ မခက်ပါဘူး။ လွယ်လွယ်ကူကူ ယတြာ ယူပေါ့ဗျာ…….
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ