Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….

ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….

Astrology
ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….
ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….

ပျားစွဲခြင်း.. ပျားလာအရပ်များနှင့်ပတ်သက်ပြီး အကျိုးအပြစ်များကို သိရှိပြီး ကြိုတင်သတိပြု လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် ဗဟုသုတရစေရန် ရည်ရွယ်ပြီး ဖော်ပြအပ်ပါသည် ။

(၁) ပျားသည် မိမိအိမ်ဘုရားကျောင်းစောင်တွင်လာစွဲခဲ့သော် စီးပွားအဆင်မပြေခြင်းများ ဖြစ်ပွားတတ်ပါသည်…
(၂) မိမိအိမ်အောက်တွင် ပျားလာစွဲသော် မိသားစုစီးပွားတိုးတက်လာပါလိမ့်မည် …
(၃) မိမိအိမ် လှေကားအောက်တွင် ပျားလာစွဲသော် မိသားစု ပျက်စီးတတ်ပါသည် …
(၄) မိမိအိမ်၏ အိမ်သာတွင် ပျားလာစွဲသော် မိသားစုအတွင်း ရောဂါဝေဒနာများ ကျရောက်လာတတ်ပါသည် ။
(၅) မိမိအိမ်၏ အိမ်တံခါးတွင် ပျားစွဲခဲ့သော် လာဘ်လာဘများမမျှော်လင့်ပဲ ရရှိတတ်ပါသည် ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….
ပျားနှင့်ဆိုင်သော အတိတ်နိမိတ်များအကြောင်း….

(၆) မိမိလှန်းထားသော အဝတ်အစား ပုဆိုး စသည်မှာ ပျားလာစွဲပါက မြတ်သော စည်းစိမ်ဥစ္စာများကို ရရှိတတ် ပါသည်။
(၇) မိမိအိပ်သော အိပ်ရာနေရာတွင် ပျားလာစွဲပါက မမျှော်လင့်ပဲ ချမ်းသာလာတတ်ပါသည် …
အိမ်ရှိ ပျားစွဲရာနေရာ၊ ပျားလာရာ အရပ်ကို ကြည့်ပြီး ရှေးလူကြီးသူမတွေရဲ့ အတိတ်နိမိတ်ကို သိရှိမယ်ဆိုရင်တော့ ရှောင်ရှားနိုင်မှာဖြစ်လို့ ဗဟုသုတအနေနဲ့ အခုလို ဖော်ပြပေးလိုက်ပါတယ်။
(၈) မိမိအိမ်၏ အရှေ့ဘက်မှ ပျားလာခဲ့သော် စီးပွားပျက်စီးတတ်ပါသည် ။
(၉) မိမိအိမ်၏အနောက်ဘက်မှ ပျားလာခဲ့သော် လာဘ်လာဘများ ရရှိတတ်ပါသည် ။
(၁၀) မိမိအိမ်၏ တောင်ဘက်အရပ်မှ ပျားလာခဲ့သော် အိမ်တွင်းတွင်သောကများရခြင်းများ ဖြစ်ပွားလာတတ်ပါသည် …

(၁၁) မိမိအိမ်၏မြောက်ဘက်အရပ်မှ ပျားလာခဲ့သော်..မိမိစီးပွားပျက်ပြားရတတ်ပါသည် ။
(၁၂) မိမိအိမ်၏အရှေ့မြောက်ဘက်အရပ်မှ ပျားလာပါက လူအများ၏ပူဇော်ချီးမြှောက်ခြင်းများကို ခံရတတ်ပါသည်
(၁၃) မိမိအိမ်၏ အရှေ့တောင်ဘက်အရပ်မှ ပျားလာခဲ့ပါက မိမိကြံစည်ထားသည်များ အောင်မြင်အဆင်ပြေမည် ဖြစ်ပါသည် …
(၁၄) မိမိအိမ်၏အနောက်မြောက်မှ ပျားလာခဲ့ပါက ဥစ္စာပစ္စည်းတိုးပွား လာတတ်ပါသည် …..
(၁၅) မိမိအိမ်၏ အနောက်တောင်အရပ်မှ ပျားလာခဲ့ပါက ဘေးတွေ့တတ်ပါသည် …

ရေးသားသူ- ဇာဇာ ဗေဒင် ယတြာ


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...