မကာရရာသီဖွားနဲ့သူ့ကိုအကျိုးပေးတဲ့ ပတ္တမြားကျောက်အကြောင်း

ကျောက်မျက်ရတနာများကို
ရာသီအလိုက်ဆောင်ယူတဲ့အထဲမှာမှ
ဒီဇင်ဘာလ(၂၂)ရက်နေ့ကနေ ဇန်နဝါရီလ(၁၉)ရက်နေ့အတွင်း
မွေးဖွားတဲ့မကာရရာသီဖွား
(Capricorn)သူ့ရဲ့အဆောင်ဖြစ်တဲ့
ကျောက်မျက်ရတနာအကြောင်းကို
ပြောပြပေးလိုပါတယ်
ကျွန်တော်ယခုပြောပြပေးမည့်
မကာရရာသီဖွာတွေကဘာကိုပဲလုပ်လုပ်
တာဝန်သိစိတ်အပြည့်ရှိသူများဖြစ်ပြီး
စီမံခန့်ခွဲမှုအားကောင်းသလို
လုပ်ချင်တဲ့အလုပ်ကိုလဲမဖြစ်ဖြစ်အောင်
လုပ်ကိုင်တတ်ကြပါတယ်
မကာရရာသီဖွားအများစုက
လက်မှုပညာအလုပ်အကိုင်များတွင်
တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး
ဝါသနာထုံသူများဖြစ်ပါတယ်ခင်ဗျာ

မကာရရာသီဖွားတွေရဲ့
တစ်သက်တာကံကောင်းစေမယ့်
အဆောင်ကျောက်မျက်လေးကတော့
တန်ဖိုးရှိတဲ့ တွင်းထွက်
ကျောက်မျက်တစ်ခုဖြစ်တဲ့ပတ္တမြား
(Ruby) ကျောက်ပဲဖြစ်ပါတယ်
ပတ္တမြားကျောက်မျက်ကို
တွေ့ရှိရာဒေသများကတော့
အာဖရိကတွင်မိုဇမ်ဘစ်
တန်ဇန်းနီးယား မဒါဂတ်စကာနဲ့
အာရှတွင် မြန်မာ၊ ထိုင်း၊
ဗီယက်နမ်၊ သီရိလင်္ကာတို့တွင်
အဓိကရှာဖွေတွေ့ရှိရပါတယ်
ပတ္တမြားဟာ သမိုင်းတွင်
ရှာဖွေမှုအများဆုံးနဲ့ တန်ဖိုးအရှိဆုံး
ကျောက်မျက်များထဲက
တစ်ခုဖြစ်ပါတယ်ပတ္တမြားတွင်
အရိပ်အရောင်ကွဲလွဲမှုများရှိသော်လဲ
ခိုသွေးရောင်ပတ္တမြားကမြန်မာနိုင်ငံရဲ့
တန်ဖိုးအရှိဆုံးလို့ ယူဆကြပါတယ်
ရတနာချစ်များသတိပြုသင့်တာ
ပတ္တမြားကို ကမ္ဘာတစ်ဝှမ်းတွင်
မင်းမျိုးမင်းနွယ်များရဲ့
အဆောင်အယောင်တစ်ခုအဖြစ်
ရာစုနှစ်များစွာတန်ဆာဆင်ခဲ့ကြပါတယ်
ခေတ်သစ်ဒဏ္ဍရီအရ
ပတ္တမြားက ချစ်ခြင်းမေတ္တာအပေါ်
သရုပ်ဖော်မှုတစ်ခုလို့ဆိုသည့်အပြင်
ပတ္တမြားကိုမကာရရာသီဘွား
မဟုတ်လဲဝတ်ဆင်လို့ရတဲ့နည်း
တနင်္ဂနွေးသားသမီးမဟုတ်လဲ
ဝတ်လို့ရတဲ့နည်းရှိနေတာကိုလဲ
လေ့လာတွေ့ရှိရပါတယ်
မိမိအနေဖြင့်ပတ္တမြားလက်စွပ်
ဆွဲသီးနားကပ်ဝတ်ဆင်လိုပါက
ပတ္တမြားထည့်မဲ့ကျောက်အိုးတွင်
စွန်ချက်(၈)ချက်ဖြင့်ကုတ်ပါ
နာရီကဝီပဇာဆိုသော
ကနုတ်ပန်းထည့်ပြီးဝတ်ဆင်ပါက
ဝတ်ဆင်လို့ရကြောင်းကို
ဗဟုသုတရရှိစေချင်ပါတယ်ခင်ဗျာ
ရေးသားသူ-CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ