Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လိုတရပုတီးစိပ့်နည်း

လိုတရပုတီးစိပ့်နည်း

Astrology
လိုတရပုတီးစိပ့်နည်း
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လိုတရပုတီးစိပ့်နည်း
လိုတရပုတီးစိပ့်နည်း

ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရား၊ ကောဏဂုံမြတ်စွာဘုရား၊ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရားရှင်နှင့်တကွ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဟူသော ဘုရားရှင်တို့အား တပည့်တော်သည် ရှိခိုးပါ၏။

လိုလျှင်တ တလျှင်ရစေမည့်ပုတီးစိပ့်နည်းတခုကိုမျှဝေပါရစေ၊ ပထမဦးစွာပြောချင်တာက ခုရေတွင်းတူး ခုရေကြည်သောက်ဖို့တော့ မမျှော်လင့်ပါနဲ့၊ ကုသိုလ်လဲရ ဝမ်းလဲဝဆိုသလို ခုနည်းက မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပူဇော်နေရသဖြင့် ဗုဒ္ဓနုဿတိ ကမဠာန်းပွားများရာလဲရောက်သလို ဒီလိုပူဇော်ခြင်းရဲ့ အကျိုးကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးတို့ကိုလဲ ဖြစ်ထွန်းစေမှာ မလွဲဧကန်ဖြစ်တယ်၊ ဒါကြောင့် စိတ်စေသနာစစ်စစ်ဖြင့် ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လိုတရပုတီးစိပ့်နည်း
လိုတရပုတီးစိပ့်နည်း

ဘုန်းကျက်သရေတိုးစေလိုလျှင်
(သောဘဂဝါ ဣတိပိ အရဟံ) ကိုပုတီးစိပ့်ပါ။

အကြံကောင်း ဥာဏ်ကောင်းပေါ်စေလိုလျှင်
(သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ) ) ကိုစိပ့်ပါ။

စိတ်ကြံသမျှ ပြီးမြောက်လိုလျှင်
(သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော) ကိုစိပ့်ပါ။

ပြောသမျှစကားအောင်စေ၍ထင်ပေါ်ကျော်ဇောလိုလျှင်
(သောဘဂဝါ ဣတိပိ သုဂတော) ကိုစိပ့်ပါ။

လူ နတ် တိရစ္ဆာန် ချစ်စေလိုသော်
(သောဘဂဝါ ဣတိပိ အနုတ္တရောပုရိသဓမ္မသာရထိ) ကိုစိပ့်ပါ။

သူတပါးတို့၏ အလိုဆန္ဒကိုဖြည့်စွမ်း ကယ်ဆယ်လိုသော်
(သောဘဂဝါ ဣတိပိ သတ္တာဒေဝမနုဿနံ) ကိုစိပ့်ပါ။

လောကီ လောကုတ္တရာမှာ မှော်ပေါက်သကဲ့သို့ အရာရာကြံဆ၍ သိလိုလျှင်
(သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ) ကိုစိပ့်ပါ။

သူတပါးတို့ မတုဝံ မပြိုင်ဝံ ကြောက်ရွံ့စေလိုသော်
(သောဘဂဝါ ဣတိပိ ဘဂဝါ) ကိုစိပ့်ပါ။

ရေးသားသူ- CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...