Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ

သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ

Astrology
သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ
သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ

၁။ အမြစ်
ရေရှည်လုပ်လို့ မရတဲ့လုပ်ငန်းတွေ မပြီးပြတ်ဘဲ ကြာနေရတဲ့ လုပ်ငန်းတွေ ပြောရဆိုရခက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံတဲ့ကိစ္စတွေ နာတာရှည်ဖြစ်နေတဲ့ ရောဂါသည်တွေအတွက် သုံးရမယ့် ဓာတ်သားဖြစ်ပါသည် ။

၂။ ပင်စည်— feeling confident.
ရေရှည် လုပ်ရမယ့်အလုပ်တွေ အမြဲတစေ လုပ်တဲ့အလုပ်တွေ သေချာစေချင်တဲ့အလုပ်တွေ ကိုယ်ရှင်းရမယ့် အလုပ်တွေအတွက် သုံးရမယ့်ဓာတ်သားဖြစ်သည် ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ
သစ်ပင် တစ်ပင်လုံး၏ အစွမ်းသတ္တိများ

၃။ အခေါက်
အထင် အမြင်လွဲနေတဲ့ကိစ္စတွေ လုပ်ချင်တဲ့ကိစ္စတွေခက်ခဲနေတဲ့ကိစ္စတွေ စိတ်မချမ်းမသာဖြစ်နေတဲ့အလုပ်တွေ ဆေးမတွေတဲ့ရောဂါတွေ ရန်ဖြစ်ထားတဲ့ အိမ်ထောင်သည်တွေအတွက် သုံးရမယ့် ဓာတ်သားဖြစ်သည် ။

၄။ အသား
ဘယ်ကိစ္စမဆိုသုံးလို့ ရတယ် ။ လျင်လျင်မြန်မြန် မဖြစ်တတ်ပါ ။ ဖြည်းဖြည်းမှန်မှန်ပဲ ဖြစ်တတ်တဲ့ ဓာတ်သားပါ ။

၅။ အကိုင်း
အိမ်မှာမနေတဲ့သူ စိတ်ဆိုးပြီး ဆင်းသွားတဲ့သူ အရောင်း အဝယ်ပါးနေတဲ့ကိစ္စ သူများအနှောင့်အယှက်ပေးတဲ့ကိစ္စ လုပ်ငန်း အခွင့်အရေး ရခါနီးဖြစ်လိုက် ဝေးသွားလိုက်နဲ့ မရေမရာဖြစ်နေ တဲ့ကိစ္စတွေအတွက် သုံးရမယ့် ဓာတ် သားဖြစ်သည် ။

၆။ အရွက်
ကျန်းမာရေးအတွက် လူ ကြီးသူမနဲ့တွေ့စရာရှိတဲ့အခါ ရန်သူနဲ့ယှဉ်ပြိုင်ပြီး တိုက်ရတဲ့အခါအရောင်းအဝယ် အပြိုင်အဆိုင်နဲ့ ရောင်းတဲ့အခါလေလံ ကန်ထရိုက်များအတွက် သုံးရမယ့် ဓာတ် သား ဖြစ်သည် ။

၇။ အဖူး
ရည်ရွယ်ထားပြီး လုပ်နေတဲ့အလုပ်အတွက် သတင်း မကြားရသေးဘူး ဆိုရင် သွားနေတာကို လာစေ ချင်ရင် အခွင့်အရေးတွေ ပိတ်နေရင် ဘယ်လောက် အကောင်း လုပ်ပေး လုပ်ပေး မကောင်း ထင်တဲ့ ကိစ္စတွေအတွက် သုံးရမယ့် ဓာတ် သားပါ ။

၈။ အပွင့်
အချစ် အိမ်ထောင်ရေးမှာ သုံးဖို့အတွက် ဓာတ်အနှောင့်အယှက် ဖြစ်နေတာအတွက် အကြံအစည်နဲ့ ခရီးသွားချင်တဲ့သူအတွက် အလုပ်နေရာပြောင်းချင်သူအတွက် လုပ်ငန်းသစ် လုပ်ချင်နေသူအတွက် အသုံးပြုရမယ့် ဓာတ်သား ဖြစ်သည် ။

၉။ အသီး
ကျန်းမာရေးချို့တဲ့နေသူတွေ အတွက်အထက်လူကြီးက ငြိုငြင်ခြင်းကိုခံနေရသူအတွက်ပညာရေးမှာ အနှောင့်အယှက်ဖြစ်နေသူအတွက်အပြိုင်အဆိုင် လုပ်လိုသူတွေအတွက် သုံးရမယ့် ဓာတ်သားပါ ။

၁၀။ အညွန့်အခက်
ကံဇာတာ ညံ့နေသူတွေအတွက် အဆင်မပြေသူတွေအတွက် တိုးတက်ဖို့ ကြိုးစားနေသူတွေအတွက်လုပ်ငန်းတွေ အေးဆေးစွာမဖြစ်ဘဲ ထစ်ငေါ့နေသူ တွေအတွက် သုံးရမယ့် ဓာတ်သားပါ ။

#မှတ်ချက်။ ။ ဓာတ်ရိုက် ဓာတ်ဆင် ပြု လုပ်သောအခါ သစ်ပင်တစ်ပင် ဓာတ်သားတစ်ခုဆိုတာ နှင့် မပြီးပါ ။ ကိုယ်သုံးမယ့် ဓာတ်ပင်ရဲ့ ဘယ်အရာနဲ့ လုပ်ရမည်ဆိုတာ အရေးပါသည် ။

ရေးသားသူ-CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...