Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ (၁၃၈၇)ခုနှစ်တွင် 'အတာစား' ခံရသော '' ဗုဒ္ဓဟူးနေ့ ''(ရာဟုတွေပါပါတယ်)

(၁၃၈၇)ခုနှစ်တွင် ‘အတာစား’ ခံရသော ” ဗုဒ္ဓဟူးနေ့ ”(ရာဟုတွေပါပါတယ်)

Astrology
(၁၃၈၇)ခုနှစ်တွင် ‘အတာစား’ ခံရသော ” ဗုဒ္ဓဟူးနေ့ ”(ရာဟုတွေပါပါတယ်)
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ (၁၃၈၇)ခုနှစ်တွင် 'အတာစား' ခံရသော '' ဗုဒ္ဓဟူးနေ့ ''(ရာဟုတွေပါပါတယ်)
(၁၃၈၇)ခုနှစ်တွင် ‘အတာစား’ ခံရသော ” ဗုဒ္ဓဟူးနေ့ ”(ရာဟုတွေပါပါတယ်)

(၁၃၈၇)ခုနှစ်တွင် ‘အတာစား’ ခံရသော
နေ့နံ မှာ ” ဗုဒ္ဓဟူးနေ့ ”(ရာဟုတွေပါပါတယ်)ဖြစ်ပါတယ်
၁၃၈၆မှာ အဂ်ါတွေအတာစားပါတယ်
စစ်မက်ထူပြောတယ်
အဂ်ါနံ ဆန်ဆီဆေး စျေးတွေမကောင်းပါ
အဂ်ါသားသမီးတွေခက်ခဲတဲ့နှစ်ပါ
အဂ်ါနံနဲ့ပတ်သက်ပြီးစိတ်ညစ်ရတယ်
အတာစားယတြာလိုက်လုပ်သူတွေ
အဆင်ပြေကြပါတယ်
ဒီနှစ်ရေနဲ့ပတ်သက်တဲ့ ရောဂါ
ရေကြီးတာ ဝမ်းရောဂါ လယ်ယာပစ္ည်း
ခြေလေးချောင်း လေးဘီးတပ်ယဥ်ရွှေစျေး စသဖြင့် သတိထားရပါမယ်

“အတာ”ဟူသည်

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ (၁၃၈၇)ခုနှစ်တွင် 'အတာစား' ခံရသော '' ဗုဒ္ဓဟူးနေ့ ''(ရာဟုတွေပါပါတယ်)
(၁၃၈၇)ခုနှစ်တွင် ‘အတာစား’ ခံရသော ” ဗုဒ္ဓဟူးနေ့ ”(ရာဟုတွေပါပါတယ်)

” နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ” ကို ဆိုလိုပါသည်။
သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည်
“အတာ သင့် “သူများ ဖြစ်သည် ဟုဆိုကြပါတယ်
၎င်းကို ” အတာစား ” သည်ဟု ပြောဆို ကြသည်။
အတာစားတဲ့ သူများဟာ အတာရက်မှာ ကောင်းမှု
ကုသိုလ် များ လုပ်သင့်ပါသည် ။

မလုပ်မိလျှင်
တစ်နှစ်လုံး အလုပ်အကိုင် စီးပွားရေးကံ ညံ့တတ်ပြီး
ကုသိုလ် ယတြာလုပ်ရင် တစ်နှစ်လုံး သူများထက်ပိုပြီး
ကောင်းကျိုးရတတ်ပါတယ် လို့ စာဆို ရှိပါသည်။
( ဗေဒင် သင်္ကြန် အယူအဆ တစ်ခုဖြစ်ပါသည်။)

အတာစားသူများ ရှောင်ရန်

အတက်နေ့နှင့် နစ်ဆန်းတစ်ရက်နေ့တို့တွင်
(၁) ခြေလေးချောင်းသားစားခြင်း ၊
(၂) မေထုန် အမှုပြုခြင်း/ လိင်ဆက်ဆံခြင်း။
(၃) သူတစ်ပါးအသက်သ.တ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း တို့ကို
မပြုလုပ်ပဲ ရှောင်ကြဉ်သင့်သည်ဟုလည်း
ရှေ့ဟောင်းမှုများတွင်ဆိုထားပါသည်။

အတာစားသူ ဗုဒ္ဓဟူးသားသမီးများ
လုပ်ရမည့် ယတြာအစီအရင်
၁။ ၁၆.၄.၂၀၂၅ အတက်နေ့ / ဗုဒ္ဓဟူး​ေန့တွင်
ခြေသည်း လက်သည်း ညှပ်ပြီး ထိုနေ့
နံနက် ၉း၄၅ နာရီတွင် တရော်ကင်ပွန်းဖြင့်
ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ရပါမည်။

ပြီးလျှင် ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက်
အရှေ့ (သို့) မြောက် အရပ်သို့ မျက်နှာမူကာ
ဘုရား၊ တရား၊ သံဃာ၊ ဆရာသမား၊ မိဘ၊ ဘိုးဘွား
သိကြား၊ ဗြဟ္မာ၊ စတုလောက ပါလ သမ္မာဒေဝ၊
သာသနာတော်စောင့် နတ်ကောင်း နတ်မြတ် တို့အား
ရှိခိုး ပူဇော် ကန်တော့ ရပါမည်။

ပြီးလျှင် ငါးပါးသီလခံယူပါ။
မဟာသမယသုတ် ရွတ်ပေးပါ။
မေတ္တာသုတ်ကို ရွတ်ဆိုပေးပါ။
ပြီးလျှင် အားလုံး မေတ္တာပို့ အမျှအတမ်းပေးဝေပါ။
၂။ နှစ်ဆန်း တစ်ရက်နေ့တွင်
မိဘဆွေမျိုးများကို ​ရေသန့်လှုပေးပါ။

ဗုဒ္ဓဟူးသား ဘုန်းကြီးတစ်ပါးကို လည်း လှူဒါန်းပေးပါ ။
သက်ကြီးရွယ်အိုများကို လှူဒါန်းလည်းရပါသည်။
ဘုရားကျောင်း သန့် ရှင်းရေး လုပ်ပေးရပါမည် ။
ဘုရားတစ်ဆူဆူ သို့သွားပြီး တံ​မြက်စည်းလှည်းခြင်း
ရေသပ္ပါယ်ခြင်း တို့ကို ပြုလုပ်ပေးရပါမည်။

ပြီးလျှင် ငါးပါးသီလခံယူပါ။
မဟာသမယသုတ် ရွတ်ပေးပါ။
မေတ္တာသုတ်ကို ရွတ်ဆိုပေးပါ။
ပြီးလျှင် အားလုံး မေတ္တာပို့ အမျှအတမ်းပေးဝေပါ။
ထိုကဲ့သို့ ကောင်းမှုကုသိုလ်ပြုလုပ်ပေးခြင်းဖြင့်
ကောင်းမြတ်သော မင်္ဂလာနှင့် ပြည့်စုံပြီး
ကောင်းကျိုးများကို ရရှိစေသည်ဟု
ရှေးဟောင်းကျမ်းများတွင် အဆိုရှိကြပါသည်။

ရေးသားသူ-Sayarma July Page – 2


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...