ကုမ်ရာသီ နဲ့သူ့ကိုကောင်းကျိုးပေးမယ့်ရတနာ Gametကျောက်အကြောင်း

ကျောက်မျက်ရတနာများနှင့်
လူသားတို့ရဲ့ပါတ်သက်ဆက်နွယ်မှုဟာ
အင်မတန်မှအံ့ဩဖွယ်ကောင်းလှပါတယ်
လူတစ်ယောက်ကောင်းတာတွေးဖို့
ကောင်းတာပြောဖို့နှင့်
ကောင်းတာလုပ်ဖို့ရန်အတွက်လဲ
ကျောက်မျက်ရတနာများမှ
တွန်းအားတွေများစွာပေးနိုင်ပါတယ်
ကျောက်မျက်ရတနာများကို
အနောက်တိုင်းယဉ်ကျေးမှုအရကတော့
လအလိုက် ရာသီအလိုက်
မွေးဖွားရာဂဏန်းအလိုက်
ဆောင်ယူတဲ့အထဲမှာမှ
နှစ်တစ်နှစ်ရဲ့အစဖြစ်တဲ့
ဇန်နဝါရီလ (၂၀)ရက်နေ့မှ
ဖေဖော်ဝါရီလ(၁၉)ရက်နေ့အတွင်း
မွေးဖွားတဲ့ကုမ်ရာသီဖွာ
(Aquarius)တွေရဲ့စိတ်နေ
စိတ်ထားများနဲ့ဆောင်ယူသင့်တဲ့
ကျောက်မျက်ရတနာအကြောင်းကို
ပြောပြပေးလိုပါတယ်ခင်ဗျာ

ယခုဆောင်းပါးလေးက
ကျောက်မျက်ရတနာအကြောင်းကိုသာ
ဆွေးနွေးမှာဖြစ်တဲ့အတွက်
ကုမ်ရာသီဖွားတွေရဲ့ စိတ်နေ
သဘောထားအကြောင်းကိုတော့
အနည်းအကျဥ်းပဲပြောပြပေးလိုပါတယ်
သူတို့ကအများနဲ့မတူ ထူးခြားတဲ့
ပင်ကိုယ်စရိုက်လက္ခဏာတွေ ရှိကြပါတယ်
ပတ်ဝန်းကျင်မှာလည်း
လိုက်လျောညီထွေဖြစ်အောင် နေတတ်ပြီး
သူတစ်ပါးကိုမှီခိုအားကိုးခြင်းထက် ကိုယ့်အားကိုယ်ကိုးတတ်တဲ့
သူတွေလည်း ဖြစ်ကြပါတယ်
ထို့အပြင်အသိပညာ
ဗဟုသုတနဲ့ လဲပြည့်စုံကာ အများရဲ့ချစ်ကြည်လေးစားခြင်းကို
ခံရသူတွေလည်း ဖြစ်ကြပါတယ်
ဘဝကို လွတ်လွတ်လပ်လပ်
ဖြတ်သန်းလိုစိတ်ရှိပြီး
ချုပ်ချယ်မှုကိုတော့မနှစ်သက်ကြပေ
ထို့အပြင်တစ်ယောက်တည်း
သီးသန့်နေရတာကိုအထူးပင်
ကြိုက်နှစ်သက်ကြပါတယ်
ကုမ်ရာသီဖွားအများစုဟာ
ဗဟုသုတကြွယ်ဝပြီး
စကားပြောကောင်းတဲ့
ရာသီဖွားတွေလည်းဖြစ်ကြပါတယ်
ကုမ်ရာသီဖွားတွေအနေနဲ့
ကံကောင်းခြင်းတရားတွေ
အမြဲယှဉ်တွဲရှိနေစေဖို့ရန်အတွက်
တစ်သက်တာအဆောင်
ကျောက်မျက်ရတနာကတော့
တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့
ဥဒေါင်းကျောက် ခေါ်
Garnet ကျောက်ပဲ ဖြစ်ပါတယ်
Garnet ဆိုတဲ့စကားလုံးကို
(၁၄)ရာစုအလယ်ပိုင်း
အင်္ဂလိပ်ဘာသာစကားမှ
ဆင်းသက်လာပြီးဂေါ်မုတ်နီလို့
အဓိပ္ပါယ််််ရပါတယ်ခင်ဗျာ
ရှားပါးတဲ့ကျောက်မျက်ရတနာများက
အပြာရောင်၊ အရောင်မဲ့၊
ဒါမှမဟုတ် အလင်းရောင်ပေါ်မူတည်၍
အရောင်များပြောင်းလဲပါတယ်
Garnet ကျောက်မျက်ရဲ့အရောင်ကို
ယေဘုယျအားဖြင့် အနီရောင်မှ
အနီရင့်ရင့်အရောင်ဖြင့်နဲ့သာ
အများဆုံးတွေ့ရပါတယ်
Garnet ကျောက်ရဲ့ Mohs စကေးက
6.5 နဲ့ 7.5 ကြားရှိပြီး
ကမ္ဘာတစ်ဝှမ်းလုံးမှာတွေ့ရတတ်တဲ့
ကျောက်မျက်အမျိုးအစားဖြစ်ပါတယ်
Wyoming၊ Czech
Republic၊ Greece၊
Russia၊ Tanzania၊
Madagascar၊ Sri Lankaနဲ့
India တို့မှာတော့
တွေ့ရအများဆုံး ဖြစ်ပါတယ်
Garnet ကျောက်က ရောမမှာ
ရေပန်းစားတဲ့ကျောက်တစ်မျိုးဖြစ်ပြီး
စစ်မြေပြင်မှာ ရောက်နေတဲ့
စစ်သားများနဲ့အနာရောဂါကပ်ဘေးများမှ
ကာကွယ်ရန်အဆောင်လက်ဖွဲ့အဖြစ်
အသုံးပြုခဲ့ကြတာဖြစ်ပါတယ်
ထို့အပြင်ကာကွယ်ပေးခြင်း၊
လူချစ်လူခင်များခြင်းယုံကြည်မှု၊
ကတိပြုမှုနှင့် စန်းပွင့်ခြင်းတို့ကို
ကိုယ်စားပြုပေးပါတယ်
ဝတ်ဆင်သူထံကိုလဲငြိမ်းချမ်းမှု
ဆောင်ကြဉ်းပေးပြီး ချစ်ခြင်းမေတ္တာနဲ့
စာနာနားလည်မှုကိုလည်းဖြစ်စေပါတယ်
ကျွန်တော်ယခုလိုကုမ်ရာသီဖွား
Aquariusတို့အတွက် ပျော်ရွှင်ခြင်း၊
ကျန်းမာခြင်းနဲ့ စိတ်နှလုံး
တည်ကြည်ခြင်းကိုဆောင်ကြဥ်းပေးတဲ့
တစ်သက်တာအဆောင်Garnetခေါ်
ဥဒေါင်းကျောက်အကြောင်းကို
ပြောပြပေးမှုကိုကျေးနပ်လိမ့်မယ်လို့
ထင်မြင်ယူဆပါတယ်ခင်ဗျာ
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ