ငွေကြေးကိစ္စ… လွဲမှားခြင်း…

တခါတလေ မိမိတို့မှာ ငွေပေးငွေယူ ကိစ္စရပ်များ မကြာခဏကြုံရတတ်ပါတယ် …။ တခုတလေ လွဲခြင်းတွေမှာ အခက်ခဲမကြုံတွေ့ရပေမဲ့ မြောက်များလှစွာသော ငွေပေးငွေယူကိစ္စများ လုပ်ကိုင်နေတဲ့ ဘဏ်ဝန်ထမ်းတွေ ငွေလွဲလုပ်ငန်းလုပ်ကိုင်နေသူတွေ ၊ကုန်သည်ပွဲစားလုပ်ကိုင်ဆောင်ရွက်ရာတွေမှာ အမှားလေးတွေလည်း ကြုံတွေ့နေရတတ်ပါတယ်
…ဒီလို သိန်းသောင်းထောင်ချီသော်လည်းကောင်း ၊ငွေသားနဲနဲသော်လည်းကောင်း မိမိပြန်လည်မလျော်နိုင်သော ပမာဏဖြစ်ပြီး အကျဉ်းအကျပ် ဖြစ်နေရင် တော့ အောက်ပါယတြာလေးကို ယုံယုံကြည်ကြည်ပြုလုပ်ခြင်းဖြင့် အခက်အခဲများ ပြေလည်ပါစေရန်အတွက် ရည်ရွယ်ရေးသားတင်ပြအပ် ပါသည်။ ပထမဦးစွာ ရေခွက်လေးထဲ ရေသန့်သန့်လေးထည့်ပါ။

ထိုရေခွက်ထဲ ကျောက်ခဲသန့်သန့်လေး တစ်လုံးကိုထည့်ပါ။ ထိုကျောက်ခဲလေးကို မိမိမှားယွင်းစွာ လွဲလိုက်မိသူ၏မျက်နှာ (သို့မဟုတ်) နာမည်ကို ပေါ်အောင် အာရုံယူပြီး ကြည့်ပါ။ ထို့နောက် ထိုသူကို မေတ္တာအကြိမ်ကြိမ်ပို့ပါ စွဲမြဲအောင် ပို့ပါ။ ပြီးနောက် ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ဆိုတဲ့ သရဏဂုံသုံးပါးကို ၂၇ ခေါက် ရွတ်ဆိုပေးပါ…။ မနက်ည ၂ကြိမ်တိတိ ပြုလုပ်ပါ …။
အံ့ဩဖွယ်မေတ္တာစွမ်းအားနှင့် ယုံကြည်မှု စွမ်းအားကြောင့် လွဲမှားပို့လိုက် သောနေရာမှ ငွေပြန်လွဲခြင်း ။ထိုကိစ္စရပ်များကို ကြီးကဲသူက ကူညီဖြေရှင်းပေးခြင်းဆိုသော အခက်အခဲမှ မကြာချက်ချင်း လွတ်မြောက်ခြင်းကို ခံစားရမည်မှာ မလွဲ ဧကန်ပင်ဖြစ်ပါသည်…။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ